လက္ခဏာပညာ လေ့လာရန် Leave a comment
Release of Myanmar Seafarers from Somalia Pirates Leave a comment
Please read this post by striking here.
Background
Somolia pirates attacked MV-Samho Jewelay, a chemical tanker, in the Indian Ocean on 15.1.2011 and (11) Myanmar seafarers were arrested. The Weekly Eleven Journal said that the last situation of the crew has not been known.
After reading that, it became a strong query to me and I tried to know their situations by KP astrology and share you all.
သားသားလေးလား၊ မီးမီးလေးလား Leave a comment
၂၀၁၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ Leave a comment
တောင်းပန်အပ်ပါသည် 1 comment
လေးစားရပါသော စာရှုသူများ ခင်ဗျား…
ခရီးလွန်နေပါ၍ Post အသစ်များ မတင်နိုင်သေးပါသောကြောင့် နားလည်ခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ Post အဟောင်းများကို ထပ်ခါတလဲလဲ ဖတ်ရှုနေသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကောင်းခြင်းခု သည်ချိန်ခါ Leave a comment
ကိစ္စရပ် တစ်ခုကို လုပ်ဆောင်သည့်အခါ အောင်မြင်သူလည်းရှိမည်။ မအောင်မြင်သူလည်းရှိမည်။ အောင်မြင်သည့် အခါလည်းရှိမည်။ မအောင်မြင်သည့်အခါလည်း ရှိမည်။ အဘယ်ကြောင့်ပါနည်း။
အောင်မြင်သည့် သူများသည် အချိန်ကောင်း အခါမှန်နှင့် တိုက်ဆိုင်၍ အောင်မြင်သွားကြ၏။ မအောင် မြင်သည့် သူများသည် အချိန် ကောင်း အခါမှန်နှင့် မတိုက်ဆိုင်၍ ကျရှုံးသွားကြ၏။ ထို့ကြောင့် အချိန်အခါတစ်ခု ကိုတော့ စောင့်ကြရ၏။ ဘုရားအလောင်းတော် နတ်သားသည် လည်း ကြည့်ခြင်းကြီး (၅) ပါးဖြင့် ဘုရားဖြစ်မည့် အချိန်ကိုစောင့်ခဲ့ရ၏။ ထို့ကြောင့် မိမိဖက်က ကံ၊ ဥာဏ်၊ ၀ီရိယကို အစွမ်းကုန် ဖြည့်တင်းထားပြီး၊ အချိန် ကောင်း အခါမှန်ပေါ်လာသည့် အချိန် တွင် အသင့်ဖြစ်စေရန် ပြင်ဆင်ထားကြရ၏။
ဘုရားလောင်း အရင့်အမာကြီးပင်လျှင် အချိန်အခါ တစ်ခုကိုစောင့်ခဲ့ရပေရာ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲသူများ သတိချပ်သင့်ပေသည်။ အချိန်အခါတစ်ခုကို မသိ၍ (သို့) မစောင့်နိုင်၍ (သို့) မတိုက်ဆိုင်၍ ကျရှုံးသွားသူနှင့်၊အချိန် အခါ တစ်ခုကိုသိ၍ (သို့) စောင့်နိုင်၍ (သို့) တိုက်ဆိုင်၍ အောင်မြင်သွားသူနှစ်ဦးတွင် မည်သူပို၍ အကျိုးရှိပါ သနည်း။
အချိန်အခါ တစ်ခုကို ကောင်းကင်ပေါ်ရှိရွေ့ရှားသွားလာနေသော ဂြိုဟ်၊ နက္ခတ်၊ တာရာ တို့ကလွှမ်းမိုးချုပ်ကိုင်နေကြ၏။ မဟာဘုတ် ထဲရှိ ရွေ့ရှားသွားလာမှုမရှိ သော ဂြိုဟ်များက လွှမ်းမိုးချုပ်ကိုင်နိုင် လိမ့်မည်မဟုတ်ပေ။ ဥပမာ- လက်ရှိ ကောင်းကင်တွင် အင်္ဂါဂြိုဟ်သည် မေထုန် ရာသီတွင် ဖောက်ပြန်နေပြီး၊ မိမိ၏ မူလဇာတာအရ အင်္ဂါဂြိုဟ်သည် ကောဇာသွားခြင်းဖြင့် ကရကဋ် ရာသီသို့ ရောက်မှ စာမေးပွဲ အောင်မြင်မည် ဆိုကြပါစို့။ ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာ၊ န၀င်းစီးခြင်းဖြင့် မေထုန်ရာသီရှိ အင်္ဂါ ဂြိုဟ်ကြီးအား ကရကဋ် ရာသီသို့ ရောက်အောင် သင် စွမ်းဆောင်နိုင်ပါမည်လော။
ကောင်းကင်ပေါ်ရှိ ဂြိုဟ်၊ နက္ခတ်၊ တာရာ တို့က သင်၏မူလ ဇာတာပေါ်တွင်သာ အဓိက လွှမ်းမိုးချုပ် ကိုင်နေပေရာ သင်သည် လည်း မိမိ၏ မွေးချိန်အရ တွက်ချက်ထားသော မူလဇာတာ တစ်စောင်တော့ ရှိထားရန် လိုအပ်လေသည်။ မူလဇာတာ တစ်စောင်ဖွဲ့ရန် အတွက် မွေးနေ့၊ မွေးချိန်၊ မွေးဖွားရာဒေသ တို့သာလိုအပ်ပေရာ သိပ်ခက်ခဲသည့် ကိစ္စရပ် တစ်ခုတော့ မဟုတ်ပေ။ ပညာရှင်များထံ ချဉ်းကပ်၍ အကူအညီ တောင်းရုံနှင့် ရနိုင်ပါသည်။ On Line ပေါ်တွင် မိမိကိုယ်တိုင် ဖွဲ့လိုလျှင်လည်း (ဤနေရာကိုနှိပ်၍) ဖွဲ့နိုင်ပါသည်။
သင့်တွင် မွေးဇာတာတစ်စောင်ရှိပြီ ဆိုလျှင်တော့ သင်၏ ဘ၀ခရီးလမ်းကို လျှောက်လှမ်းရန်အတွက် လမ်းပြမြေပုံ(Road Map) တစ်ခု ရရှိပြီ ဖြစ်ပေတော့သည်။ သင်၏မွေးဇာတာရှိ ရာသီစက်ကို အောက်ပါပုံနှင့် တိုက်ဆိုင်ကြည့် လိုက်ပါ။
ဇာတာများတွင် လဂ်ကို “လ” ဟုဖော်ပြပြီး၊ Computer ဇာတာများတွင် လဂ်ကို “A” (သို့)“As” ဟုဖော်ပြကြသည်။ သင်၏ဇာတာ ရာသီစက်တွင် “လ” (သို့) “A” (သို့)“As” သည် မိဿရာသီတွင် ရှိလျှင် သင်သည် မိဿလဂ် ပိုင်ရှင်ဖြစ်သည်။ လဂ်သခင် (၀ါ) ရာသီအိမ်ပိုင်ရှင် ဂြိုဟ်မှာ ၃-င်္ဂါဖြစ်သည်။ “လ” (သို့) “A” (သို့)“As” သည် တူရာသီတွင် ရှိလျှင် သင်သည် တူလဂ် ပိုင်ရှင်ဖြစ်သည်။ လဂ်သခင် (၀ါ) ရာသီအိမ် ပိုင်ရှင်ဂြိုဟ်မှာ ၆-ကြာ ဖြစ်သည်။ ဤမျှလောက်ဆိုလျှင် ကြည့်တတ်လောက်ပေမည်။ ရာသီအိမ်ပိုင်ရှင်ဂြိုဟ် များကို မိဿရာသီမှ စ၍ နာရီလက်တံ ပြောင်းပြန်အတိုင်း “စ၊ သာ၊ ရွှေ၊ ကူ၊ အင်း၊ ၀၊ သူ၊ ဆန်၊ ဖြူ၊ တစ်၊ တင်း၊ ပေး” ဟုဆိုသည့် လင်္ကာကို သင်ကြားဖူးပါလိမ့်မည်။ အထက်ပါ ရာသီအိမ်ရှင် ဇယားကိုကြည့်လျှင် ၁-နွေ နှင့် ၂-င်္လာ မှလွဲ၍ ကျန်သော ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၆-ကြာ၊ ၀-နေ တို့သည် နှစ်ရာသီစီ ပိုင်ဆိုင်သည်ကို တွေ့ကြရပေမည်။
အရှေ့တိုင်း နက္ခတ်ပညာတွင် ၁-နွေ၊ ၂-င်္လာ၊ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၆-ကြာ၊ ၀-နေ၊ ၈-ဟု၊ ၉-ကိတ် ဟူ၍ ဂြိုဟ် (၉) လုံးဖြင့်သာ တွက်ချက် ဟောပြော ကြ၏။ ၄င်း ဂြိုဟ် (၉) လုံးတွင် နှစ်ရာသီစီ ပိုင်ဆိုင်သည့် ပဉ္စတားဂြိုဟ်များဖြစ်ကြသော ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၆-ကြာ၊ ၀-နေ ဂြိုဟ်တို့သည် ဖောက်ပြန်၍ နောက်ပြန်သွား လာလေ့ ရှိကြ၏၊(၀ါ) ၀ကြကျင့်ကြ၏။ (မှတ်ချက်။ ။အမှန်တကယ်နောက်ပြန် သွားခြင်းတော့ မဟုတ်ပါ)။ နှစ် အသီးသီး အတွက် ၄င်းဂြိုဟ်တို့ ၀ကြကျင့်သည့် ရက်များကို American ဂြိုဟ်သွား ပြက္ခဒိန်မှ ထုတ်နှုတ်၍ အောက်ပါအတိုင်း ဇယားဖြင့် ဖော်ပြ လိုက် ပါသည်။
2010 ခုနှစ်အတွင်း ဂြိုဟ်များ ၀ကြသွားသည့် ရက်များ
| ဂြိုဟ် | ၀ကြသွားသည့် ရက်များ |
| ၃-င်္ဂါ | (၁-၁-၂၀၁၀) မှ (၉-၃-၂၀၁၀) ထိ၊ |
| ၄-ဟူး | (၁-၁-၂၀၁၀) မှ (၁၄-၁-၂၀၁၀) ထိ၊ (၁၈-၄-၂၀၁၀) မှ (၁၀-၅-၂၀၁၀) ထိ၊
(၂၀-၈-၂၀၁၀) မှ (၁၁-၉-၂၀၁၀) ထိ၊ (၁၀-၁၂-၂၀၁၀) မှ (၂၉-၁၂-၂၀၁၀) ထိ၊ |
| ၅-တေး | (၂၃-၇-၂၀၁၀) မှ (၁၈-၁၁-၂၀၁၀) ထိ၊ |
| ၆-ကြာ | (၈-၁၀-၂၀၁၀) မှ (၁၉-၁၁-၂၀၁၀) ထိ၊ |
| ၀-နေ | (၁၃-၁-၂၀၁၀) မှ (၃၀-၅-၂၀၁၀) ထိ၊ |
2011 ခုနှစ်အတွင်း ဂြိုဟ်များ ၀ကြသွားသည့် ရက်များ
| ဂြိုဟ် | ၀ကြသွားသည့် ရက်များ |
| ၃-င်္ဂါ | မရှိပါ။ |
| ၄-ဟူး | (၃၀-၃-၂၀၁၁) မှ (၂၂-၄-၂၀၁၁) ထိ၊
(၃-၈-၂၀၁၁) မှ (၂၅-၈-၂၀၁၁) ထိ၊ (၂၄-၁၁-၂၀၁၁) မှ (၁၃-၁၂-၂၀၁၁) ထိ၊ |
| ၅-တေး | (၃၀-၈-၂၀၁၁) မှ (၂၄-၁၂-၂၀၁၁) ထိ၊ |
| ၆-ကြာ | မရှိပါ။ |
| ၀-နေ | (၂၆-၁-၂၀၁၁) မှ (၁၂-၆-၂၀၁၁) ထိ၊ |
(မှတ်ချက်။ ။နှစ်စဉ်ထွက်ရှိသော ဝေဒပြက္ခဒိန် များတွင်လည်း ကြည့်ရှုနိုင်ပါသည်။)
အခါပေး စည်းမျဉ်းပေါင်း မြောက်များစွာ ရှိ၏။ စာဖတ်သူတို့၏ အကျိုးအတွက် လက်တွေ့ အသုံးချ နိုင်မည့် နည်းလမ်းများကို တင်ပြ လိုက်ရပါ သည်။
“အခါပေးစဉ်းမျဉ်းများ”
(၁)။ လဂ်သခင်ဂြိုဟ် ၀ကြသွားသည့် ရက်များတွင် မည်သည့်ကိစ္စကိုမှ စတင် အကောင်အထည် မဖော်ရ။
ဇာတာဖွဲ့ပြီးသွား၍ ဥပမာ-သင်သည် မိဿလဂ် ပိုင်ရှင်ဖြစ်လျှင် လဂ်သခင်ဂြိုဟ်သည် ၃-င်္ဂါ ဖြစ်၏။ ထို့ကြောင့် အထက်ပါဇယားများ ကို ကြည့်၍ လဂ်သခင်၃-င်္ဂါ ဂြိုဟ် ၀ကြသွားသည့် ရက်များတွင် အချစ်ရေးမှစ၍ ဒုံးပျံလွှတ်မည့် ကိစ္စအဆုံး မည်သည့်ကိစ္စကိုမှ စတင် အကောင် အထည် မဖော်သင့်ပေ။ ဆုံးရှုံးမှုများ၊ ခရီးဆုံး တိုင်မရောက် ခြင်းများနှင့်သာ ကြုံတွေ့ ရပေလိမ့်မည်။ အထက်ပါ ဥပဒေသ ကို ကျွန်ုပ်သည်လက်တွေ့ စမ်း သပ်ခဲ့၏။ နီးစပ်ရာပုဂ္ဂိုလ်များအား လေ့လာကြည့် ခဲ့၏။ မိမိ၏ ကံ၊ ဥာဏ်၊ ၀ီရိယတို့ ဖောက်ပြန်၍ နောက်ပြန်ဆုတ်နေသော ကာလ ဖြစ်လေရာ ဆုံးရှုံးမှုများ၊ ခရီးဆုံးတိုင်မရောက် ခြင်းများနှင့် သာကြုံတွေ့ ခဲ့ရပေသည်။ ထို့ကြောင့် ၃-င်္ဂါ ဂြိုဟ် ၀ကြမသွားသည့် ရက်များ တွင် လုပ်ကိုင်လျှင် အောင်မြင်မည်လားဟု မေးနိုင်စရာရှိပါသည်။ အောင်မြင်ခြင်မှ အောင်မြင်ပါလိမ့်မည်။ အခါပေး စည်းမျဉ်းတို့သည် မြောက်များစွာရှိ လေရာ သန့်ရှင်းသော အချိန်သည် အလွန်ပင် နည်းလှ၏၊ ရှားပါးလှ၏၊ တိုတောင်း၏။ သို့သော် မိမိ၏ ကံ၊ ဥာဏ်၊ ၀ီရိယတို့ အတည့်သွားနေသော ကာလဖြစ်လေရာ အောင်မြင်ဖို့ ရာခိုင်နှုံး အလွန်များပါသည်။
ထို့ကြောင့် မိမိနှင့် အကျိုးပေးမည့် ကိစ္စရပ်များကိုသာ ဦးစားပေးရွေးချယ် လုပ်ကိုင်ကြပါရန် နှင့် သင်၏အကျိုး အတွက် အထက်ပါဥပဒေသ ကိုပါ လက်တွေ့အသုံးချနိုင်ရန် တင်ပြလိုက်ရ ပေသည်။
(ဆက်လက်ဖော်ပြပါမည်။)
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: sayauzarni.kp@gmail.com
ရာထူးတိုးတာဝန်နှင့် KP ပညာ Leave a comment
April လမွေးဖွားသူများအတွက် Leave a comment
April လကို အင်္ဂါဂြိုဟ်က လွှမ်းမိုးသည်။
စရိုက်လက္ခဏာများ။
သင်သည် တက်ကြွဖျတ်လတ်သည်။ စိတ်အားထက် သန်သည်။ လွှမ်းမိုးချုပ်ကိုင်လိုသည်။ စိတ် တိုလွယ်သည်။ တွန်းလှန်တိုက်ခိုက်တတ်သူ တစ်ဦးလည်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ တွင် လည်း စည်းရုံးနိုင်သည့် အရည်အချင်း ရှိသည်။ သင်သည် သူတစ်ပါးအပေါ် မမှီခိုလိုပဲ သင် ၏အ လုပ်ကို သင်ကိုယ်တိုင် လုပ်ကိုင်လေ့ရှိသည်။ သင်သည် သင်၏အလုပ်အား နှောင့်ယှက်လာ မည့် မည်သည့်အနှောင့် အယှက်မျိုးကိုမှ မနှစ်သက်သော်လည်း၊ အနှောင့် အယှက်ကြုံလာခဲ့ လျှင် ကား အခြားသူများအား မိမိ၏နေရာကို ပေးတတ်လေ့ရှိသည်။ သင်သည် ခေါင်းအေးအေးထား၍ အလုပ်လုပ်ခဲ့လျှင် ထိပ်ဆုံးနေရာများအထိ ရောက်ရှိနိုင်ပြီး၊ ဘ၀တွင်အောင်မြင်မှုကြီးများကို ရရှိ တတ်သည်။ သို့သော်လည်း သင်၏ စိတ်ကြီးဝင်မှု၊ ခေါင်းမာမှုတို့ကြောင့် ရန်သူများ မကြာခဏ ပေါ်ပေါက်လာတတ်ပြီး၊ သင်၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကို ပျက်စီးစေလိမ့်မည်။
သင်၏အားကောင်းသည့် စိတ်စွမ်းအားများနှင့် ဆုံးဖြတ်ချက်များက သင်၏အရည်အသွေးကို ပြည့်စုံစေပြီး၊ အစီအစဉ်သစ်များ အမြဲရှိနေတတ်သည်။ သို့သော် သင်သည် အလျှင်စလို ဆုံးဖြတ် ချက်ချတတ်သည်။ အလျှင်စလို ပြုမူတတ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အစွန်းရောက် တတ်ပြီး၊ သင်၏ပွင့်လင်းမှုနှင့် တည့်တိုးပြောတတ်မှုတို့ကြောင့် ရန်သူများ မကြာခဏပေါ်ပေါက် လာတတ်သည်။ သင်သည် ဘ၀တွင်ချမ်းသာနိုင်ပြီး၊ ငွေကြေးအမြောက်အများလည်း ရရှိတတ် သည်။ သင်သည် စိတ်တွင်းမှ အလိုလိုကြိုတင်သိနေတတ်သော ပါရမီရှိသူတစ်ဦးဖြစ်ပြီး၊ အနာ ဂတ်တွင် မည်ကဲ့သို့ဖြစ်ပျက်မည်ကို တင်ကြိုသိနေတတ်သည်။ သင်သည် စိုးရိမ်ပူပန်တတ်သူ တစ်ဦးဖြစ်ပြီး၊ အနှောင့်အယှက်ဟူသမျှကို တွန်းလှန်တိုက်ခိုက်တတ်သောကြောင့် ဘ၀ တွင် အန္တရာယ်များ၊ ပြောင်းလဲမှုများကို ကြုံတွေ့ရတတ်သည်။
ကံကောင်းစေသောနေ့များ။
သင့်အတွက် ကံကောင်းစေသောနေ့များမှာ- တနင်္လာ၊ အင်္ဂါ နှင့် သောကြာနေ့များ ဖြစ်သည်။ ၄င်း နေ့များတွင် အရေးကြီးသော ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်သင့်သည်။
ကံကောင်းစေသောအရောင်များ။
သင်သည် နှင်းဆီရောင်၊ ကြက်သွေးရောင် (သို့) ပန်းရောင် အ၀တ်အစားများကို ၀တ်ဆင်လျှင် ကံကောင်း စေလိမ့်မည်။
ကံကောင်းစေသောကျောက်မျက်ရတနာများ။
ပုလဲ၊ သန္တာ၊ ဂေါ်မုတ်နီ တို့သည် ကံကောင်းစေသောကျောက်မျက်ရတနာ များဖြစ်ကြသည်။
မှတ်ချက်။ ။ အထက်တွင်ဖော်ပြထားသော ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ နှင့် မိမိ၏ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို တိုက်ဆိုင် စစ်ဆေးပြီး၊ တူရာကိုသာ သုံးစွဲကြပါ ရန်နှင့်၊ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။
အလွန်ချမ်းသာစေသောဓနယုဂ်များ 1 comment
သင်၏ မွေးချိန်အရ ဖွဲ့ထားသော မူလဇာတာကို ကြည့်လိုက်ပါ။ လဂ်ရှိရာ ရာသီတွင် “A” (သို့မဟုတ်) “As” (သို့မဟုတ်) မြန်မာအက္ခရာ “လ” ဟုရေးထားပေလိမ့်မည်။ သင်၏ဇာတာနှင့် တိုက်ဆိုင်ြကည့်ကြပါစို့။
(၁)။ မိဿလဂ်
တနင်္ဂနွေဂြိုဟ်(၁)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် စနေ(၀)၊ တနင်္လာ(၂)၊ ကြာသပတေးဂြိုဟ်(၅) တို့လဂ်မှ (၁၁) တန့်ဘာဝ တွင် ရပ်တည်ခြင်း။
(၂)။ ပြိဿလဂ်
ဗုဒ္ဓဟူးဂြိုဟ်(၄)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် အင်္ဂါ(၃)၊ တနင်္လာ(၂)၊ ကြာသပတေးဂြိုဟ်(၅) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၃)။ မေထုန်လဂ်
သောကြာဂြိုဟ်(၆)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် အင်္ဂါဂြိုဟ်(၃) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၄)။ ကရကဋ်လဂ်
အင်္ဂါဂြိုဟ်(၃)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် သောကြာဂြိုဟ်(၆)တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၅)။ သိဟ်လဂ်
ကြာသပတေးဂြိုဟ်(၅) သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် ဗုဒ္ဓဟူးဂြိုဟ်(၄)တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၆)။ ကန်လဂ်
စနေဂြိုဟ်(၀)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် တနင်္ဂနွေဂြိုဟ်(၁)၊ တနင်္လာဂြိုဟ်(၂) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၇)။ တူလဂ်
စနေဂြိုဟ်(၀)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် တနင်္ဂနွေဂြိုဟ်(၁)၊ တနင်္လာဂြိုဟ်(၂) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၈)။ ဗြိစ္ဆာလဂ်
ကြာသပတေးဂြိုဟ်(၅) သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် ဗုဒ္ဓဟူးဂြိုဟ်(၄)တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၉)။ ဓနုလဂ်
အင်္ဂါဂြိုဟ်(၃)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် သောကြာဂြိုဟ်(၆)တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၁၀)။ မကာရလဂ်
သောကြာဂြိုဟ်(၆)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် အင်္ဂါဂြိုဟ်(၃)တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၁၁)။ ကုမ်လဂ်
ဗုဒ္ဓဟူးဂြိုဟ်(၄)သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် အင်္ဂါ(၃)၊ တနင်္လာ(၂)၊ ကြာသပတေးဂြိုဟ်(၅) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
(၁၂)။ မိန်လဂ်
တနင်္လာဂြိုဟ်(၂) သည် လဂ်မှ (၅)တန့်ဘာဝနှင၊့် အင်္ဂါ(၃)၊ စနေ(၀)၊ ကြာသပတေးဂြိုဟ်(၅) တို့လဂ်မှ (၁၁) တန့်ဘာဝတွင် ရပ်တည်ခြင်း။
March လမွေးဖွားသူများအတွက် Leave a comment
March လကို ကြာသပတေးဂြိုဟ်က လွှမ်းမိုးသည်။
စရိုက်လက္ခဏာများ။
သင်သည် ယဉ်ကျေးသည်၊ စိတ်ရင်းကောင်းသည်၊ သဘောထားကြီးသည်၊ ဖြစ်ပျက်မည့် အကြောင်း အရာတို့ကို စိတ်ထဲမှ အလိုလို သိနေတတ်သည်။သင်သည် ရည်မှန်းချက်ကြီး မား၍၊ မိမိလေ့လာနေ သော ဘာသာရပ်ကို ကောင်းစွာနားလည်လိုစိတ်ရှိသည်။ သင်သည် သင်၏မိတ်ဆွေများ၊ သူငယ်ချင်းများ အပေါ်တွင် သစ္စာရှိတတ်ပြီး၊ ယေဘုယျအားဖြင့် သင် သည် မိမိတာဝန်ယူရသော နေရာတိုင်းတွင် အောင်မြင်မှု များ ရရှိတတ်သည်။ သင်သည် ဥပဒေနှင့် အမိန့်များကို တစ်သဝေမတိမ်း လိုက်နာတတ်သည်။
သင်သည် ပူပင်မှုနည်းတတ်သူ တစ်ဦးဖြစ်ပြီး၊ ဟန်ဆောင်ထားသော မိတ်ဆွေများ၊ သူငယ်ချင်းများနှင့် ၀န်းရံနေတတ် သည်။ သင့်တွင် ပင်ကိုယ်စရိုက် နှစ်မျိုးနှစ်ခွ ရှိနေတတ်သည်။ သင်သည် မကြားဖူးသေးသောအ ရာများနှင်၊့ နက်နဲသော အရာများအား ရှာဖွေရခြင်းများကို နှစ်သက်တတ်သည်။ သင်သည် ရက်ရောတတ်သူ တစ်ဦးဖြစ်သော်လည်း၊ အနာဂတ် ငွေရေးကြေးရေး အခြေအနေကို အမြဲစိုးရိမ်နေတတ်သည်။ ပန်းချီ၊ပန်းပုပညာ ရှင်များ၊ ဂီတပညာရှင်များ၊ စာပေပညာရှင် အများစုတို့ကို ဤလတွင်မွေးဖွားသည်။
ကံကောင်းစေသောနေ့များ။
သင့်အတွက် ကံကောင်းစေသောနေ့များမှာ- အင်္ဂါ၊ ကြာသပတေး နှင့် သောကြာနေ့များ ဖြစ်သည်။ ၄င်းနေ့များတွင် အရေးကြီးသော ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်သင့်သည်။
ကံကောင်းစေသောအရောင်များ။
သင်သည် အ၀ါရောင်၊အစိမ်းရောင် (သို့) ခရမ်းရောင် အ၀တ်အစားများကို ၀တ်ဆင်လျှင် ကံကောင်း စေလိမ့်မည်။
ကံကောင်းစေသောကျောက်မျက်ရတနာများ။
ဥဿဖယား၊ နီလာ၊မြတို့သည် ကံကောင်းစေသောကျောက်မျက်ရတနာ များဖြစ်ကြသည်။
မှတ်ချက်။ ။ အထက်တွင်ဖော်ပြထားသော ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ နှင့် မိမိ၏ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို တိုက်ဆိုင် စစ်ဆေးပြီး၊ တူရာကိုသာ သုံးစွဲကြပါရန်နှင့်၊ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။







