စရ၊ထိရ၊ဒွေးဒဟ နှင့်ကျွန်တော်

တစ်ခါကဖြစ်သည်။ ကျွန်ုပ်ကော့သောင်းမြို့သို့အလည်အပတ်ရောက် ရှိနေစဉ်ကာလ…..။

ကျွန်ုပ်တည်းခိုနေထိုင်ရာနေအိမ်သို့ အသက်(၄၀)ကျော်ခန့်အမျိုးသမီး တစ်ဦးကပျာကယာ ၀င်လာပြီး….

“ဆရာ…ကျွန်မယောက်ျားကျောင်းအုပ်ရာထူး ရ,မရ သိချင်လို့ပါ ဆရာ။ ကျွန်မယောက်ျား အပါအ၀င် ဆရာဆရာမ (၅)ယောက်က အခုလွတ်နေတဲ့ ကျောင်းအုပ်နေရာကိုဝိုင်းပြီးလျှောက်ထားကြတယ်ဆရာ။အဲဒါ… ရ,မရ သိချင်လို့ပါ…”

အမျိုးသမီးကစိတ်လှုပ်ရှားစွာဖြင့်ကျွန်ုပ်၏ရှေ့တွင်လွတ်နေသော ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်ရင်း နဖူး ညိုညိုထက်မှချွေးစများကို သုတ်နေရှာပါသည်။ ကျွန်ုပ်လည်း သွားလေရာယူသွားလေ့ရှိသော   လက်စွဲတော် Fx -880P ကိုထုတ်လိုက်ပြီး လာရောက်မေးမြန်းတဲ့အချိန်ရဲ့ အခါလဂ် ကိုတွက်ကြည့် လိုက်ကာ စိတ်လှုပ် ရှားစွာနဲ့ ပဲ ကွန်ပျူတာ Screen ကိုကြည့်နေမိပါတယ်။

(၂) စက္ကန့်ခန့်အကြာမှာ “တီ” ဟူသော အသံလေး နှင့်အတူ အခါလဂ် သည် စရလဂ်(မကာရ) ဖြစ်ကြောင်းScreen မှပြလာပါတယ်။ ကျွန်ုပ်လည်း တို တောင်းစွာ ဖြင့်ပင်…”မရဘူး” ဟုတစ်ခွန်းသာပြန်ပြောပြီး ကျွန်ုပ်၏ရှေ့တွင်ချထားသော တစ်ထောင်တန်ငွေစက္ကူများကို ၄င်းထံသို့တွန်းပို့ လိုက်ပါတယ်။

အမျိုးသမီး၏မျက်နှာကလည်း ပြိုတော့မည့်မိုးနှယ်ညှိုးကျသွားပါသည်။ ခဏကြာငြိမ်သက်ပြီးနောက်…

“ဆရာရယ်…ရအောင်လုပ်ပေးပါ” ဟုတောင်းဆိုလာပါသည်။

“မရဘူးအစ်မကြီး…စကြာဝဌာရဲ့အား တွေကအစ်မကြီးယောက်ျားရာထူးတက်ဖို့မပြဘူး၊ခွင့်မပြုဘူး။ ဒီစကြာဝဌာရဲ့အားတွေကို ကျော်လွန်ဖို့က ကျွန်တော် က ဘုရား၊ ရဟန္တာလည်းမဟုတ်တော့ မကျော်နိုင်ဘူး၊ တခြားလုပ်ပေးနိုင်မယ့် ဆရာတွေဆီကိုသွားကြည့်ပါဦး…”

ဟုပြောလိုက်ရာ အမျိုးသမီးလည်းခေါင်းငိုက်စိုက်ချရင်းပြန်သွားပါတယ်။ နောက်(၃)ရက်အကြာမှာ ၄င်းအမျိုး သမီးပြန်ရောက်လာပြီး သုန်မှုန်သော မျက် နှာဖြင့်…

“ဆရာ…ကျွန်မယောက်ျားကျောင်းအုပ်ရာထူး မရဘူးဆရာ၊ဆရာလည်း ဓာတ်ရိုက်ဓာတ်ဆင်မစွံဘူး”  ဟုပြောကာ ကျွန်ုပ်အားတိုက်ခိုက်လာပါတော့တယ်။ ကျွန်ုပ်လည်းဂရုဏာသက်စွာဖြင့်၎င်းအမျိုးသမီးအားကြည့်ပြီး စိတ်ရှည်လက်ရှည်ရှင်းပြလိုက်ပါတယ်။

“လူတစ်ယောက်ဗေဒင်လာမေးတဲ့အခါမှာ ကံ ကိုအရင်တွက်ရတယ်၊ ကံကအဓိကပဲ၊ကံမရှိပဲနဲ့ ဘာမှ လုပ် ပေးလို့မရဘူး။ ဒီကံကိုသိဖို့အတွက် ကျွန်တော် တို့ကဗေဒင်ပညာနဲ့ စကြာဝဌာရဲ့အား ကိုလှမ်းကြည့်ရတယ်။ လူတစ်ယောက်လာရောက်မေးမြန်းတဲ့အချိန်မှာ အရှေ့ဘက်မိုးကုတ်စက်ဝိုင်း ကြီး လှုပ် ရှား နေသလား၊ ငြိမ်သက် နေသလား ဆိုတာလှမ်းကြည့်လိုက်တယ်။ ဒီလိုရာထူးတိုးဖို့ကိစ္စမျိုးမှာအရှေ့ဘက်မိုးကုတ်စက်ဝိုင်းကြီး ငြိမ် သက်နေမယ်၊မြဲမြံနေမယ်ဆိုရင် (ထိရလဂ်) မေးသူလိုတဲ့ရာထူးရမယ်။ ရွေ့လျှားနေမယ်၊ လှုပ်ရှားနေမယ် ဆိုရင်(စရလဂ်) မေးသူလိုတဲ့ရာထူးမရဘူးလို့ ဘတ္တောပါလဆရာမြတ် က ပရာသဏ ဥာဏ ဟူးရား ဗေဒင်ကျမ်း မှာအတိအကျဆိုထားပါတယ်၊ ကျွန်တော်က ဒီအဆိုကို သုတေသနအများကြီးလုပ်ခဲ့ဖူးပါတယ်။ အခုအစ်မကြီး ယောက်ျား ရာထူးမတိုးတာ လက်တွေ့ ပဲမဟုတ် လား”

ဟုရှင်းပြလိုက်ရင်း အမျိုးသမီးအားအကဲခတ်ကြည့်လိုက်ရာ စိတ်ဝင်စားသည့်ပုံ မျက်နှာမှာပေါ်လွင်နေ ပါတယ်။

“ဆရာပြောတဲ့ ဟူးရားဗေဒင် ဆိုတာ ဘာလဲဆရာ”

“လူတစ်ယောက်ရဲ့မွေးတဲ့မွေးချိန်ပေါ် မူတည်ပြီးတွက်တာကို မူလဇာတာ လို့ခေါ်တယ်။ ဟူးရားဗေဒင် ဆိုတာကတော့လာရောက်မေး မြန်းတဲ့အချိန်ပေါ်မူ တည်ပြီးကာလဇာတာတွက်ကာဟောပြောခြင်းပဲဖြစ်ပါတယ်”

“ဘယ်ဟာကပိုကောင်းလဲဆရာ”

“တစ်မျိုးစီကောင်းကြပါတယ်၊ဒီလိုမေးခွန်းမျိုးဆိုရင်တော့ဟူးရားကပိုကောင်းတယ်။ အစ်မကြီးမြင်တဲ့ အတိုင်းပဲ၊(၅)စက္ကန့်လောက်တွက်တာ နဲ့အဖြေ တန်းသိရတယ်။မူလဇာတာဆိုရင်တော့ သီရိပတိဇာတာဖွဲ့ဦး၊ ဒသာတွက်ဦး၊ဆုံးဖြတ်ချက်ချဦးနဲ့ သိပ်ပင်ပန်းတယ်။ဟူးရားဆိုရင်မေးသူရဲ့ မွေးသက္ကရာဇ် သိစရာ လည်း မလိုဘူး၊သိပ်လွယ်တယ်၊ဒါပေမယ့်အဖြေတွေက အံ့သြစရာကောင်းလောက်အောင်ကို တိကျတယ်”

အမျိုးသမီး၏ ပေါက်ကွဲလာသောဒေါသများက ဘယ်ဆီရောက်ကုန်သည်မသိ၊ ၄င်းကိုယ်တိုင်ဗေဒင် ရေစီးကြောင်းထဲ မျောဝင်သွားပြီဖြစ်၏။

“ဆရာပြောတဲ့၊ဟို…စရလဂ်  ဆိုတာဘာကိုပြောတာလဲဆရာ”

“ဒီလိုအစ်မကြီးရဲ့၊ ကျွန်တော်တို့က ရာသီစက်ဝန်းကြီးကို (၁၂)ပိုင်း အညီအမျှ ပိုင်းပြီး မိဿရာသီ၊ ပြိဿရာသီ စသည်ဖြင့်ခေါ်ဝေါ်ကြတယ်။ ဒီမှာကြည့် အစ်မကြီး”

ကျွန်ုပ်ကပြောပြောဆိုဆို အောက်ပါအတိုင်းရေးချပြလိုက်ပါတယ်…

စရလှုပ်ရှား၊ပြောင်းလဲ၊မတည်မြဲ၊ရွှေ့လျှားခြင်းသဘော။

ထိရ ငြိမ်သက်၊ မပြောင်းလဲ၊တည်မြဲခိုင်ခန့်ခြင်းသဘော။

ဒွေးဒဟ နှစ်ခွ (ရှေ့ ၁၅ဒီဂရီ ထိရသဘော၊ နောက် ၁၅ဒီဂရီ စရသဘော)

“လာမေးတဲ့အချိန် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှာ မကာရ ရာသီပေါ်ထွက်နေမယ်ဆိုရင် မကာရလဂ် (စရလဂ်)၊ ကုမ် ရာသီပေါ်ထွက်နေမယ်ဆိုရင် ကုမ် လဂ် (ထိရလဂ်) စသည်ဖြင့်ပေါ့လေ ကြည့်သွားရတယ်။ ဇာတာတွေမှာတော့ လဂ်ကို”လ” လို့ရေးထားတာတွေ့လိမ့်မယ်….ကွန်ပျူတာဇာတာတွေမှာတော့ ”A” လို့ ရေး ထားတာတွေ့ရမယ်။ ”Ascendent” ရဲ့အတိုကောက်ပေါ့”

“လဂ် ကိုဘယ်လိုတွက်ရမလဲဆရာ”

“ကွန်ပျူတာနဲ့ဖြစ်စေ၊လဂ်ကောက်ကိန်းစာအုပ်နဲ့ဖြစ်စေ၊တခြားလဂ်တွက်နည်းစာအုပ်တွေ အများကြီး ရှိ တယ်ဗျာ…ရှာဖတ်ကြည့်တော့”

(ကွန်ပျူတာနဲ့ဇာတာဖွဲ့ခြင်ရင်တော့ ဒီနေရာကို နှိပ်ပါ)

အမျိုးသမီး၏ မျက်နှာတွင်ကြေနပ်သည့်ဟန်များ ပေါ်လွင်နေပါသည်။သို့သော်ခဏအကြာတွင်တစ်စုံ တစ်ခုကို သတိရသွားသည့်ဟန်ဖြင့်…

“ဒါပေမယ့်နော်ဆရာ…ဆရာကဓာတ်ရိုက်ဓာတ်ဆင်မစွံဘူး”

“ဒါကတော့ အစ်မကြီးရယ်…သိပ္ပံပညာထွန်းကားတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့လက်တွေ့ကျကျ စဉ်းစား ရအောင်။ဥပမာ… ကျောင်းအုပ်ရာထူး တစ်နေ ရာကို ဆရာ၊ဆရာမ (၅)ယောက်က ၀ိုင်းပြီးလျှောက်ကြမယ်။ အစ်မကြီးကဓာတ်ရိုက်ဓာတ်ဆင် အရမ်းကျွမ်းတဲ့ဆရာမကြီး၊ အဲဒီ(၅)ယောက်စလုံးက ဘယ်ဆရာဆီ မှမ သွား ဘူး…အစ်မကြီးတစ်ယောက်တည်းဆီ ပဲလာမယ်။ အစ်မကြီး ဒီ(၅)ယောက်စလုံးကို အဲဒီနေရာရအောင်လုပ်ပေး နိုင်လား….”

“ဘယ်ရမလဲ ဆရာ…ဘယ်လုပ်ပေးနိုင်မလဲ။ တစ်ယောက်ပဲရမှာပေါ့”

“ဒါဆိုရင် ရတဲ့တစ်ယောက်ကအစ်မကြီးကို စွံတယ်ပြောမှာပေါ့။ မရတဲ့လေးယောက်က အစ်မကြီးကို မစွံဘူးပြောမှာပေါ့။(၄)မဲ (၁)မဲနဲ့ ၀ါဒဖြန့် လိုက်ရင် အစ်မကြီးနာမည် ပျက်ပြီပေါ့…။ကံကိုအစ်မကြီးမစစ်တော့ဘူး လား၊ အစတည်းကိုက မရမယ့်လူကို မရဘူးလို့ပြောလိုက်တော့ရှင်းသွားတာပေါ့…။ကံကိုမစစ်ပဲ အကုန် လုံးကို ရစေ ဆိုရင်အစ်မကြီးကွဲသွားမှာပေါ့…

ခက်တယ်အစ်မကြီး…ကျွန်တော်တို့ မြန်မာလူမျိုးတွေကအညာခံချင်ကြတယ်။ ဗေဒင်ပညာပေါ်မှာ ရိုးရိုး သားသားရပ်တည်ရင် အထင်မကြီးချင်ကြဘူး…။ ညာစား ရင်အထင်ကြီးကြတယ်။ ဘယ်လောက်ကုန်ကုန်…။ ဥပမာ…ကိုယ်ကကံကိုတွက်တတ်နေပြီ။ ရမယ့်လူကိုမရဘူးလို့ပြောလိုက်…ဒါဆိုရင်ဟိုဘက်ကလူက…..

“ဆရာရယ်…ရအောင်လုပ်ပေးပါ”ဆိုရင်…

“ကောင်းပြီ…ခင်ဗျား ဒီဘောပင်လေးကိုယူသွား၊ဒီဘောပင်လေးက အလကားဘောပင်လေးမဟုတ်ဘူး။ သိဒ္ဓိ(၉၉) ကြိမ်တင်ထားတာ။ လူကြီးနဲ့တွေ့ရင် ဒီဘောပင်လေးကိုယူသွား…ခင်ဗျားရစေရမယ်။ ဘောပင်ဖိုး တစ်သောင်းကျတယ်“ဆိုရင်တော့ရှောရှောရှူရှူ ပေးတတ်ကြ တယ်ဗျ…၊လူတွေကအလိမ် ခံလိုက်ရမှ ကျေ နပ်တာ”

ဟုရှင်းပြလိုက်ရာ အားနာသည့်ဟန်များ၊ဗေဒင်ဗဟုသုတများကိုတစ်ဝကြီးနားထောင်လိုက်ရ၍ ကျေနပ်သည့် ဟန်များ မျက်နှာတွင် အထင်းသားပေါ်လွင် နေပါသည်။ ကျွန်ုပ်ကလည်း ပြောချင်သည့်စကားများကိုတစ်ဝကြီး ပြောလိုက်ရ၍ ရင်ထဲတွင်ပေါ့ပါးသွားပါသည်။

“ဒါဖြင့်ရင်ဆရာ…၊လူတစ်ယောက်က သူ့ရဲ့အိမ်ရောင်းထွက် မထွက်မေးလို့ ထိရလဂ်ဆိုရင် မြဲမြံနေတဲ့ အတွက်ကြောင့် မထွက်ဘူးပေါ့်နော်ဆရာ…၊စရလဂ် ဆိုရင် လှုပ်ရှားတဲ့သဘောကြောင့် ထွက်မှာပေါ့နော်ဆရာ”

“ဒါကတော့အစ်မကြီးရေ…ထဲဝယ်ဥာဏ်ရှိ မဆုံးတည်းပါဘဲဗျာ” ဟုပြောရင်း ဘတ္တောပါလဆရာမြတ် မြင့်မြတ်သောဘုံဘ၀မှပီတိများဖြစ်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သနေမိပါတော့သည်။

(ကော့သောင်းမြို့မှ မိတ်ဆွေများသို့အမှတ်တရ…..)

ဆရာဦးဇာနည်(K.P)

B.E.(CIVIL)

E-mail:sayauzarni.kp@gmail.com

ဒီဆောင်းပါး ကတော့ ၂၀၀၅ ခုနှစ်၊ဒီဇင်ဘာလထုတ် လျို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း မှာပါ တဲ့ ကျွန်တော့်ရဲ့ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။ဒီဆောင်းပါးကိုဖတ်လို့ သဘော ပေါက်တယ်၊ မိမိရဲ့ကံကြမ္မာကို ကိုယ်ကိုယ်တိုင်တွက်  ချင်လို့ အခါလဂ်ကို သိချင်တယ်ဆိုရင်တောဒီနေရာကိုနှိပ်ပါ။

“အထက်ကတင်ပြထားသလိုပဲ ထဲဝယ်ဥာဏ်ရှိမဆုံးတမ်း သုံးနိုင်ကြပါစေ…..”

(ဘတ္တောပါလဆရာမြတ် ၏ ပရာသဏဥာဏဟူးရားဗေဒင်ကျမ်း လာ စရ၊ထိရ၊ ဒွေးဒဟ အယူအဆများနှင့် ကျွန်ုပ်၏ ကိုယ်တွေ့အယူအဆများ ကိုဆက်လက် တင်ပြပါ မည်။)

6 Comments

  1. Hello Ko Zarni,
    glad to visit your electional astrology site.post more articles,
    regards

  2. ဆရာ ဇာနည်
    ဆက်ရေးပါအုံးဖတ်လို့ကောင်းတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s