ညီလေး ကိုအောင်ပိုင်သို့ အိတ်ဖွင့်ပေးစာ

4a07728d-8fc1-432f-831f-9ee833f6ed81_dear-candidate

ညီလေး…..အစ်ကိုလည်း မအားလို့ အခုမှ စာပြန်ဖြစ်တယ်။ ညီလေးစာထဲမှာ ပါသလို အစ်ကိုက ဒသာ စနစ်တို့၊ ကောဇာစနစ်တို့၊ သုံးတန်းပေါ်နိစ်တို့၊ မဟာဘုတ် တို့ကိုကျော်ပြီး လူတွေကို KP စနစ်နဲ့ မိတ်ဆက်ပေး တာ မဟုတ်ပါဘူး။ အစ်ကိုက ဆရာကြီးလည်း မဟုတ်ပါဘူး။ ညီလေးသိတဲ့ အတိုင်းပဲ၊ KP စနစ် မြန်မာပြည်မှာ ပေါ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဆရာကြီးတွေက စာအုပ်တွေ ဘာသာပြန်၊ သင်တန်းတွေပေးနဲ့ မိတ်ဆက်ပေးခဲ့ တာပါ။ ဒါပေမယ့် ဒီပညာဟာ ဒသာစနစ်တို့၊ ကောဇာစနစ်တို့၊ သုံးတန်းပေါ်နိစ် စနစ်တို့၊ မဟာဘုတ် စနစ်တို့လို လူတွေကြားထဲ ကို စိမ့်ပြီး ၀င်မလာဘူး။

အထက်တန်းလွှာက လူတော်တော် များများတောင် KP ဆိုတာ ဘာမှန်းမသိ ကြဘူး။ KP ဆိုတာ ဘာလဲလို့ မေးကြတယ်။ KP ဆိုတာကတော့ India က ဆရာကြီး K.S KRISHNAMURTI က တီထွင်ခဲ့တဲ့ Krishnamurti  Padhdhati ရဲ့ အတိုကောက် စာလုံးပဲဖြစ်တယ်။ Krishnamurti ရဲ့ Padhdhati (လမ်းစဉ်)ပေါ့။ ဆရာကြီး ဟာ အနောက်တိုင်း ဗေဒင် (Western Astrology) နဲ့၊ အရှေ့တိုင်း ဟိန္ဒူ နက္ခတ်ဗေဒင် တို့ရဲ့ အားနည်းချက် တွေကိုတွေ့ရှိပြီး၊ အဲဒီ့ ပညာ(၂)ခုရဲ့ အားသာချက် တွေကိုယူခဲ့တယ်။ 1939-ခုနှစ်မှာတော့ နက္ခတ်(၂၇)လုံးကို (၉)ပိုင်းစီ ပိုင်းပြီး အသေးစိတ် ဖို့အတွက် Idea ရခဲ့တယ်။ ဒါ့ကြောင့် (၂၇ x ၉ = ၂၄၃) ဆိုပြီး နက္ခတ်ခွဲ (၂၄၃) လုံးရလာတယ်။ နက္ခတ်ခွဲ တူပေမယ့် ရာသီအစပ် တွေကွဲနေတဲ့ အတွက်  နက္ခတ်ခွဲ (၆) လုံးထပ်တိုးလာတယ်။ ဒါ့ကြောင့် နက္ခတ်ခွဲ အားလုံးပေါင်း (၂၄၉) လုံးရလာတယ်။ ဆရာကြီး K.S KRISHNAMURTI ဟာ သူ့ရဲ့ Research ကို 1951-ခုနှစ် အထိပြုလုပ်ခဲ့ပြီး၊ အဲဒီ့နှစ်မှာပဲ Astrological Research Institute ကို တည်ထောင်ခဲ့တယ်။

ဒါ့ကြောင့် ညီလေးတို့ ကို (၂၄၉) ထဲက ဂဏန်းတစ်ခု ရွေးခိုင်းတယ် ဆိုတာက ဂဏန်းရွေးခိုင်းတာ မဟုတ်ပါဘူး၊ နက္ခတ်ခွဲ တစ်ခုကို ညီလေးတို့ရဲ့ ကံအရ ရွေးခိုင်းတာပါ။အဲဒီရွေးလိုက်တဲ့ နက္ခတ်ခွဲ ကို (၁) တန့်ဘာဝ သန္ဓိအဖြစ် ထားပြီး ဘာဝ (၁၂) ပါးဖွဲ့ကာ ဟောပြောတဲ့ နက္ခတ်ပညာရပ်ကြီး ဖြစ်ပါတယ်။ အဲဒီ ဘာဝ(၁၂) ပါးထဲကမှ အိမ်ထောင်ရေးနဲ့ ပတ်သတ်ရင် (၇)တန့် ဘာဝ သန္ဓိကို ကြည့်ရမယ်၊ အလုပ်နဲ့ ပတ်သတ် ရင် (၁၀)တန့် ဘာဝ သန္ဓိကို ကြည့်ရမယ်၊  စသည်ဖြင့် ဆိုင်ရာဘာဝ တွေကို ကြည့်ပြီး ဆုံးဖြတ်သွား ရတယ်။

KP စနစ်က လူတွေကြားထဲ ကို ဘာဖြစ်လို့စိမ့်ပြီး ၀င်မလာဘူးလဲလို့ အစ်ကို့ဥာဏ်မီ သလောက် တွေးကြည့်ရင် ဒီပညာတတ်တဲ့ သူတွေက ဥာဏ်ပူဇော်ခတွေ၊ သင်တန်းကြေးတွေကို မတရားတောင်းကြတယ်။ အခုညီလေးတို့ကို အစ်ကိုဟောသလောက်တောင်စုံချင်မှစုံမယ်၊ တစ်ချို့ဆိုရင် မေးခွန်းတစ်ခွန်းကို သောင်းနဲ့ချီပြီး တောင်းတယ်။ တစ်သောင်းနဲ့ပဲ တွက်ဦး၊ ညီလေးကို အစ်ကိုဟောပေးတာ လေးသောင်းဖိုး လောက် ရှိတယ်။ ဒါတောင် လျှော့တွက်ထားတာ။ ဒါတွေကို အစ်ကိုက လူတွေကို အလကားပေးနေတော့ အထင်မကြီး သလိုလိုနဲ့၊ အထက်စီးကဆက်ဆံ တဲ့မမတွေ နဲ့လည်းကြုံရသေးတယ်။ လူငယ်တွေ ဆိုတော့ လည်း အစ်ကိုကခွင့်လွှတ် ပါတယ်။

ခုလို ဥာဏ်ပူဇော်ခတွေ၊ သင်တန်းကြေးတွေ ဈေးကြီးပြီး လူတွေနဲ့ ဒီပညာနဲ့ ဝေးဝေးသွားတာ မြင်ရတော့ စိတ်မကောင်းဘူး။ လူတွေဒုက္ခရောက် တာမြင်တော့လည်း ဒီပညာတွေ ရှိရဲ့သားနဲ့ ဒုက္ဒရောက်ရတာစိတ်မ ကောင်းဘူး။ ဒီပညာတွေ ရှိပါလား၊ ဒုက္ခမရောက်အောင် ဒီလိုအသုံးချရတာပါလား ဆိုတာသိစေချင်လို့ ဒီ Blog ကိုတင်လိုက်တာပါ။ ဒီမေးခွန်းတွေကို ဖြေရတာ အစ်ကို့အတွက်က ငှက်ပျောသီး အခွံနွာသလောက်တောင် မခက်ပါဘူး။မေးခွန်းတစ်ခွန်းကို (၅) မိနစ်လောက်ပဲ ကြာမယ်။ ဒါကိုသောင်းနဲ့ချီပြီး ယူတာတွေ့ တော့အရမ်း အံ့သြတယ်။ စာရိုက်ရတာတော့ အရမ်းပင်ပန်းတယ်။ တစ်လုံးချင်းရိုက်နေရတော့ အဖြေတစ်ခုကို နာရီဝက်လောက် ကြာတယ်။

ဒို့မြန်မာ လူမျိုးတွေကလည်း အကျင့်တစ်ခုရှိတယ်။ ဗေဒင်ဆရာဆိုတာ မွေးသက္ကရာဇ် ပြောလိုက်ရင် တန်းသိနေရမယ်။ ဘာမေးမလဲလို့ မေးတဲ့ ဆရာဆိုရင် အထင်မကြီးကြဘူး။ နာမည်ကြီး အင်္ဂ၀ိဇ္ဇာဆရာ တစ်ယောက်ရဲ့ စာအုပ်ထဲမှာ ဟောထားတာ တစ်ခုတွေ့လိုက်တယ်။ လူမင်္ဂလာပါ၊ အလုပ်မင်္ဂလာပါ၊ အားလုံးမင်္ဂလာပါတဲ့။ အဲဒါမျိုးတွေ ကြတော့ လူတွေကအထင် ကြီးကြတယ်။ ဗေဒင်မေးသူတွေ ဘက်ကပြင်သင့် တဲ့အပိုင်းပေါ့။ ဆရာကြီး Krishnamurti တောင် မေးတဲ့မေးခွန်းကိုပဲ ဖြေသွားတယ်။သူကစပြီး မဟောဘူး။

နောက်တစ်ခုကတော့ (၁၂) ရာသီ ဟောကိန်းတွေပဲ။အစ်ကို India, Columbo, Spain တို့ကိုရောက်တော၊ သူတို့ဆီမှာလည်း အဲဒီ စာအုပ် Size လေးတွေ အတိုင်းပဲ၊ လေးငါးမျိုးလောက် ထွက်တယ်။ အစ်ကိုတောင် အဲဒီ စာအုပ်လေးတွေ ကိုကြည့်ပြီး ပြုံးမိသေးတယ်။ ဘာသာပြန်စားရင် ကောင်းမလားလို့ပေါ့။ Singapore ရောက်တော့လည်း တရုတ်တန်းကို ညဘက်ရောက်ဖြစ်တယ်။ အဲဒီမှာ လက္ခဏာကို ကြည့်ပြီး ကျန်းမာရေး တစ်မျိုးပဲဟောတာ၊ လူတွေကို ၀ိုင်းနေတာပဲ။ အစ်ကိုတို့ ဆီမှာ ဒီထက်မြင့်တဲ့ ပညာတွေ အများကြီးရှိတယ်။ အစ်ကိုတောင် ကိုယ့်ကိုကိုယ် ကမ္ဘာလှည့် ဆရာကြီးလို့ နာမည်တပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာပါ။

ညီလေးမေးထား တဲ့နောက်တစ်ခုက ဘယ်လို Decision ချသွားသလဲလို့ မေးထားတယ်။  ဂြိုဟ်ပရိယာယ်၊ ရာသီပရိယာယ်၊ ဘာဝပရိယာယ် တွေကို ညက်အောင်လုပ်ထားရင် Decision ချလို့ရပါတယ်။ မေးလာတဲ့ မေးခွန်းပေါ် မူတည်ပြီး ပါးပါးနပ်နပ် ဖြေသွားရုံပါဘဲ။ အစ်ကို Construction တစ်ခုက တိုက်တစ်လုံးကို Concrete လောင်းဖို့ အခါပေးခဲ့ဖူးတယ်။ 2004, July တုန်းကပေါ့။ ဇာတာပေးပြီးတာနဲ့ အစ်ကိုလည်း “ခင်ဗျားတို့ Concrete လောင်းတဲ့နေ့ကြရင် Mixer(ကွန်ကရစ်ဖျော်စက်) ပျက်လိမ့်မယ်” ဆိုပြီး တစ်ခါထဲ ပြောလိုက်တယ်။လောင်းလို့ (၁)နာရီ လောက်လည်းကြာရော Mixer ပျက်သွားတယ်။ Site ထဲမှာက Concrete လောင်းရင် Mixer နဲ့ Vibrator(တုန်ခါစက်) ဆိုပြီး အနည်းဆုံး (၂)မျိုးရှိတယ်။ ဘာလို့ Mixer ပျက်မလဲလို့ ပြောရရင် ကရကဋ် ရာသီမှာ အင်္ဂါဂြိုဟ် နိစ်မူနေလို့ပဲ။ ကရကဋ် ရာသီက ဂဏန်း(ပုဇွန်လုံး) ရုပ်လေ။ ဂဏန်းက ဘေးတိုက်သွားတယ်။ Mixer ကလည်းဘေးတိုက် သွားလို့ပဲ။ အိမ်ထွက်ဖို့ကို ဦးစားပေးရတော့ စက်ကို ဦးစားပေးလို့ မရတော့ဘူး။

ကဲ…ညီလေးရေ၊ စာလည်းရှည်သွားပြီ။ ဒီစာကတော့ မပြီးသေးပါဘူး။ဒီအောက်မှာပဲ ဆက်ရေးပါဦးမယ်။

With best regards,

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

Email: sayauzarni.kp@gmail.com

4 Comments

  1. ဆရာရေ အောင်ပိုင် လည်းရေးချင် ပါတယ်ဒါပေမဲ့  မြန်မာစာရိုက်ရတာ ကအသေလက်ညောင်းတာပဲ
    အောင်ပိုင် ကစာလုံးနှစ်ဆင့် ရှောင်ရိုက်လို့ တော်သေး ဆရာလို့ တာ စာလုံးနှစ်ဆင့် တွေ ရိုက်ပြနေရင်
    သေရချေရဲ့ 

  2. မြန်မာနိုင်ငံကလူတွေကဗေဒင်မေးရင်လျှာကျောရှည်ကြတယ်ဆရာ အိမ်ထောင်ကျကိန်းရှိတယ် ပြောရုံနဲ့ မပီးသေးဘူး ချောလား ပိုက်ဆံရှိလား အသိုင်းအ၀ိုင်းကဘယ်လိုလဲ ဖြစ်နိုင်ရင် အိမ်ထောင်ဘက်ရဲ့ 
    ဆံပင်ဘယ်နှစ်ချောင်းပါလဲတောင်မေးချင်တာ ဆရာ့ လို မျိုး အောင်ပိုင် လည်းကြုံဖူးပါတယ် သီးခံ ပေါ့ ဆရာ ရယ် အလကားဟောပေးလို့ မှန်ရင် တောင် အထင်သေးစကားပြောချင်သေးတာ အလကားဆိဘယ်သူ မှအထင်မကြီးဘူး ဟောခန်းကြီးကြီးဖွင့် ရုပ်ထုတွေပန်းပုရုပ်တွေပြ အဲ့ ဒီလိုမှအထင်ကြီးတာ အဲ့ ဒါမျိုးကြတော့ မှားရင်တောင် ဘာမှပြန်မပြောဝင့် ကြဘူး အဟန့် ကောင်းကောင်း နဲ့ ချောက်တာပေါ့ 

  3. ဆရာရေ ဆရာ့ website မှာမေးတဲ့ လူတွေထဲမှာအောင်ပိုင်မေးတာအများဆုံးပါ ဒါပေမဲ့ အောင်ပိုင်
    မေးတဲ့ မေးခွန်းတွေအာလုံးဟာ အပြောင်အပျက်မေးတာ kp စနစ်ကိုစမ်းတာမျိုးတွေမဟုတ်ပါ
    အောင်ပိုင်ကိုတိုင်ကဗေဒင်မေးတာ ဗေဒင်အဟောခံရတာ တွေဝါသနာပါသူ မို့ ပါ သူငယ်ချင်းတွေကိုလဲ
    ဗေဒင်နည်းနည်းပါးပါးဟောဘူးပါတယ် အဲ့ ဒီအခါမျိုးတွေမှာ ဟောပြီးမှန်တယ်မှားတယ်ကျေနပ်တယ်
    မကျေနပ်ဖူးမပြောတာလောက်စိတ်ညစ်ရတာမရှိပါဘူး အောင်ပိုင့် ကို ဆရာဟောပေးတာတွေကို ကျေလည်း ကျေနပ်ပါတယ် ကျေးဇူးလည်းတင်ပါတယ် မှန်လည်းမှန်ပါတယ် ဆရာ့  website ကို
    ပစ်တော့ မထားပါနဲ့ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s