တစ်မိနစ် ဗေဒင်ဆရာဖြစ် သင်တန်းဖြစ်ပါတယ်။ အချိန်တိုအတွင်း မြန်မာပြည်မှာ နာမည် ကျော်ကြား တဲ့ ဗေဒင် ဆရာကြီး၊ ဆရာမကြီး တွေဖြစ်ချင်ရင် ဒီသင်တန်းကို အမြန်ဆုံးတက်ပါ။
- သင့်ရဲ့နာမည်ကိုတော့ ဆရာနိုး(No) လို့ပြောင်းမှည့်ပါ။
- ဘာဖြစ်လို့လဲဆိုတော့ ဘာမေးမေး (No) လို့ပဲဖြေပါ။
- ဥပမာ- ရာထူးတိုးမလား ဆိုရင် မတိုးဘူး၊ ရာထူးတိုးခြင်ရင် ဒီယတြာလုပ်။
- ရာထူးမတိုးရင် အဟောမှန်လို့၊ ရာထူးတိုးရင် ယတြာကောင်းလို့။
ကဲ…ဘယ်လောက်ကောင်းလဲ။ အဲ…မေ့သွားလို့၊ လူနာ သေမလားလို့ မေးရင် မသေဘူး။ သေချင်ရင် ဒီယတြာလုပ် ဆိုရင်တော့ ကိုယ့်လူတို့ရေ….ပြေးပေါက်သာ ရှာထားပေတော့။
မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ။
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com
အတော်ဆုံးဗေင်ဆရာ ၁၀၀ ရာခိုင်နှုန်းမှန်ရမည်
သင်လူရိုက်ခံရကိန်းရှိသည်။ မမှန်ပါကဗေဒင်ဆရာကိုယ်တိုင်ရိုက်မည်။
ခြေနှစ်ချောင်းဝင်ကိန်းရှိသည်။ မ၀င်ပါကဗေဒင်ဆရာကိုယ်တိုင်အိမ်ပေါ်တက်လာမည်။
ဟားဟား ဗေဒင်ဆရာဖြစ်ပြီကွ
ယတြာကိုဝေဖန်ရမယ်ဆိုရင် အသက် ၂၄ နှစ်မှာကံညံ့ လို့ ယတြာချေလိုက်ရင် မူလဖွားဇာတာမှာရှိတဲ့ 
ဂြိုဟ်တွေပြောင်းကုန်မှာလား ဝေးသေး မပြောင်းပါဘူးမူလဇာတာကဂြိုဟ်တွေ မူလဖွားဇာတာကဂြိုဟ်တွေ
မပြောင်းပဲနဲ့ ဘယ်လိုဆိုးတဲ့ ကံကပြောင်းလာမှာလဲဗျာ မယုံရင် ၂၆.၁.၁၉၈၆ နေ့ လယ် ၁၂း၀၅ မိနစ်
မှာမွေးတဲ့ အောင်ပိုင်လေးကို ကံဆိုးအောင်ဓာတ်ရိုက်ပေးကြပါ နော်နော် အဲ လမ်းဘေးမှာဗေဒင်ဟော
နေရတဲ့ ဗေဒင်ဆရာတွေကိုဟောခန်းနဲ့ ဟောလို့ ရအောင်အောင်ပိုင်ကယတြာချေပေးမှာ ခင်ကြီးဖျော်
တောင်တွင်းကြီးကဗေဒင်ဆရာကြီးခင်ကြီးဖျော်တောင်နာမည်ခိုက်ပီးယတြာကောင်းလို့ အသက်သုံးဆယ်ကျော်နဲ့ ဂိသွားတယ်လေ ဟားဟား
လူကိုခွေးဖြစ်အောင်ဓာတ်ရိုက်ပေးပါ ခွေးကိုလူဖြစ်အောင်ယတြာချေပေးပါ Land cruiser ကားကို
shan star ဂျစ်လို့ ခေါ်လည်း Land cruiser က land cruiser ပဲ shan satr ဂျစ်ကို
land cruiser လို့ ခေါ်လည်း shan star က shan star ပါပဲ ဟားဟား နိုင်ငံခြားကသူဌေး
ကြီးတွေမြန်မာနိုင်ငံကလက်ဆန်းဗေဒင်ဆရာကြီးတွေနဲ့ နာမည်မမှည့် လဲချမ်းသာနေကြပါလား ဟိဟိ
အေဗရာမိုဗစ်တို့ ဘီဂိတ်တို့  ၀ါရင်းဘူဖက်တို့  လက်ချမီးမီတယ်တို့  ဒီကလက်ဆန်းဗေဒင်ဆရာတွေကတော့ ဟောခန်းလူမ၀င်လို့ မှိုင်နေကြပါလား
ကံကောင်းချင်ရင်ကောင်းတာလုပ်ကံဆိုးချင်ရင် မကောင်းတာလုပ် ရှင်းအုံးမယ် ကံကောင်းချင်ရင် အုန်းသီး
ကိုရေမှာမျှောပီးယတြာမချေနဲ့ အုန်းသီးကိုတုတ်နဲ့ မရိုက်နဲ့ ကင်းမြီးကောက်ထောင်ပြီး အုန်းရည်မသောက်
နဲ့ အဲ့ ဒီလိုယတြာခပ်ပေါပေါတွေချေရင်အရူးပဲဖြစ်မယ် ကံကောင်းချင်ရင်စိတ်ကောင်းထား ဘုရားကျောင်းကံ
သန့် ရှင်းရေးလုပ်လမ်းခင်း အလှူအတန်းလုပ်သီလစောင့် ဒါမှက့ကောင်းမှာ မိမိညံ့ နေတဲ့ ကံကို ကောင်း
တာတွေလုပ်ပီးကောင်းတဲ့ ကံတွေဖြည့် ပါ မဆီမဆိုင်ပေါက်ကရယတြတွေမလုပ်ကြပါနဲ့ 
အဲ ကံကောင်းချင်ရင်အုန်းသီကိုခြေနဲ့ ကန်ကျောက်ပါတဲ့ 
အဲ ဒါဆိုကံဆိုးချင်ရင်အုန်းသီးကိုဒါးနဲ့ ခုတ်ရမှာပေါ့ 
အဲ နှစ်ခုလုံးဟာ ကံအသစ်ကိုမဖန်းတီးနိုင်ပါဘူး
သူတော်ကောင်းကိုစော်ကားရင်ကံဆိုး
သူတော်ကောင်းကိုကိုးကွယ်ရင်က့ကောင်း
ဒါကမှ ကံဆိုးကံကောင်း ကံအသစ်ဖန်တီးနိုင်ပါတယ် ချင်ချင်းအကြိုးပေးမပေးကတော့ မပြောနိုင်ပါ
လက်တွေ့ ယတြာ စမ်းကြည့် ကြပါ
အဖေကိုကိုယ်ထိလက်ေ၇ာက်စော်ကားကြည့် ပါ ကံဆိုးစေတဲ့ ယတြာပါ ကံဆိုးလာမှာသေချာပါတယ်
အမေကို ကိုယ်ထိလက်ေ၇ာက်စော်ကားကြည့် ပါ ကံဆိုးစေတဲ့ ယတြာပါ
အလှူအတန်းလုပ်ပါသီလစောင့် ပါ ကကံကောင်းစေမှာပါ
စိတ်ကောင်းထားပါ ကံကောင်းစေတဲ့ ယတြာပါ
ကံကောင်းကံဆိုးကိုသေသေချာချာမိမိရဲ့ မူလအတိတ်ကံမှာ ဖြည့် ဆည်းကြပါ
ကံကိုမလုပ်ပေးနိုင်တဲ့ ပေါက်ကရယတြာတွေမလုပ်ကြပါနဲ့ 
မိမိရဲ့ ကံကို ဖြည့် နိုင် ကံကိုမြင့် အောင်တိတိကျကျယုတ်တိရှိရှိသဘာဝကြကြယတြာတွေလုပ်ကြပါ
အရူးယတြာတွေလုပ်ပီးကံကောင်းအောင်မျော်မနေကြပါနဲ့  အော်မှော်ဘီကဟိုဆရာကြီးသက်ရှိထင်
ရှားရှိတုန်းကလို ကံကောင်းအောင် ငရဲလမ်းတို့ ပြိတ်တာလမ်းတို့  နတ်လမ်းဝိတ်ဇာလမ်းတွေ
လျောက်မနေကြနဲ့ အုံး
ကိုယ့် ကံကို ကိုယ် ဖြည့် ကိုမြင့် အောင်လုပ်ပြီးနောက်ဘ၀ကိုခရီးဆက်နိုင်ကြပါစေ
ဒီဘ၀မှာတောင်ကံမကောင်းပဲ နောက်ဘ၀မှာနတ်ပြည်ရောက်မယ်လို့ ထင်မနေကြပါနဲ့ 
အတိတ်ကံကောင်းတဲ့ သူဟာ ဗေဒင်ဆရာဆီမှာဗေဒင်မေးစရာ ယတြာချေစရာမလိုပါ
လက်ညောင်းတယ်ဆရာရေ ကိုကသိတယ်မသိတဲ့ လူတွေ အတွက်ရေးရတာလက်ညောင်းတယ်
လူတွေကိုယ်တိုင်ကိုကအညာခံချင်နေကြတယ်။ ယတြာမပေးတဲ့ ဆရာဆိုရင်ညံ့ တယ်
ထင်နေကြတာ ကောင်းပါတယ် ဗေဒင်ဆရာတွေရေ ပေါက်ကရယတြာတွေချေခိုင်းမဲ့ အစား
သာသနာပြုကြပါ ဂုဏ်တော်တွေ သရဏံဂုဏ်တွေ အလှူအတန်းတွေသီလစောင့် ခိုင်းတာတွေကို
ယတြာလုပ်ခိုင်းကြပါ ခင်ကြီးဖျော်ရဲ့ ယတြာတွေထက်ပိုကောင်းပါတယ် အခုဘ၀လည်းကောင်း
နောက်ဘ၀လည်းကောင်း သံသရာအတွက်လည်းကောင်း ကောင်းမှကောင်း
ဆရာရေ အောင်ပိုင့် ကို power ranger ဖြစ်အောင်ယတြာချေပေးပါလား
ဖြစ်ကိန်းမရှိပါဘူး။ ဖြစ်ချင်ရင် ဒီယတြာလုပ်။ မဖြစ်ရင် အဟောမှန်လို့၊ ဖြစ်ရင် ယတြာကောင်းလို့။
ဆရာ့  blog က ပိုပိုစုံလာပီ မိုက်တယ် အရမ်းလူတွေများလာရင် အောင်ပိုင့် ကိုကန်မထုတ် Kick
နဲ့ အုံးနော် ပေါက်ကရတွေတက်ရေးတယ်ဆိုပီ