February လမွေးဖွားသူများအတွက်

February လကို စနေဂြိုဟ်က လွှမ်းမိုးသည်။

စရိုက်လက္ခဏာများ။

သင်သည် ဂုဏ်သိက္ခာကို တန်ဖိုးထားသည်။ အလွန်ထိခိုက် ခံစားလွယ်၍၊ အလွယ်တကူ စိတ်ထိခိုက်တတ် သည်။ လူ့အဖွဲ့အစည်းနှင့်ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရ သော်လည်း၊ ဘ၀တွင် အထီးကျန်သလိုမျိုး ခံစား ရတတ်သည်။ သင့်တွင် သူတစ်ပါးတို့၏ စိတ်ကို အလိုလို သိသော အားကောင်း သည့် စွမ်းအားများရှိနေ တတ်သည်။ သူတစ်ပါးတို့၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်သည့် အရည်အသွေး ရှိပြီး၊၄င်းတို့၏ ပူပင်သောကများကို လျှော့နည်းစေလိမ့်မည်။ သူတစ်ပါးတို့အား အကြံဥာဏ် ကောင်းများ ပေးနိုင်သည့် အရည်အသွေးများလည်းရှိပြီး၊ ၄င်းတို့၏ ယုံကြည်စိတ်ချရသော နေရာသို့ ရောက်ရတတ်သည်။

သင့်တွင်သင်၏ အရည်အသွေးများကို ပြသရန် အခွင့်အလမ်းတစ်ချို့ လိုအပ်နေပြီး၊ ပြသခွင့်ကြုံသော အခါတွင် သင်၏ဖုံးကွယ်ထားသော စွမ်းအားများ၊အရည်အသွေး များက အခြားသူများအား အံ့အားသင့်သွားစေ လိမ့်မည်။ သင်သည်သင်၏ စွမ်းအားများ၊အရည်အသွေးများကို အခြားသူများ၏ ကောင်းကျိုးအတွက် အသုံးချ လိမ့် မည် ဖြစ်ပြီး၊ သင်၏ကောင်းသောလုပ်ဆောင်မှုကြောင့် လူ့အဖွဲ့အစည်းအတွက် နာမည်ကျန်ရစ်နေခဲ့တတ် သည်။

သင်သည်လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်များ၊ နက်နဲသောပညာရပ်များအား လေ့လာသည့်ဘက် တွင် အချိန်၊ စွမ်းအားများကို မြှုပ်နှံထားတတ်ကြပြီး၊ မိသားစုဝင် များကိုလည်း အလွန်ချစ်ခင်မြတ်နိုးတတ်ကြ သည်။

ကံကောင်းစေသောနေ့များ။

သင့်အတွက် ကံကောင်းစေသောနေ့များမှာ- ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် စနေနေ့များ ဖြစ်သည်။ ၄င်းနေ့များတွင် အရေးကြီးသော ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်သင့် သည်။

ကံကောင်းစေသောအရောင်များ။

သင်သည် မီးခိုးရောင် (သို့) ခရမ်းရောင် အ၀တ်အစားများကို ၀တ်ဆင်လျှင် ကံကောင်း စေလိမ့်မည်။

ကံကောင်းစေသောကျောက်မျက်ရတနာများ။

စိန်၊ ဥဿဖယား၊ ကြောင်မျက်လုံးတို့သည် ကံကောင်းစေသောကျေက်မျက်ရတနာများဖြစ်သည်။

မှတ်ချက်။     ။ အထက်တွင်ဖော်ပြထားသော ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ နှင့် မိမိ၏ မွေးဂဏန်း အရ ကံကောင်းစေ သော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို တိုက်ဆိုင် စစ်ဆေးပြီး၊ တူရာကိုသာ သုံးစွဲကြပါရန်နှင့်၊ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

2 Comments

  1. အများကြီး တိုက်ဆိုင်ပါတယ်။ အကျင့် စရိုက် ဖြစ်ပျက်နေတာတွေ အကုန်ပေါ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s