Leadership of President U Thein Sein

                 နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံ့ဒီမိုကရေစီအရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းနေသည်များကို တွေ့ရ သောအခါ ဝမ်းသာပီတိ ဖြစ်မိပြီး သမ္မတကြီး၏ ဦးဆောင်နေမှုများကို ဗေဒင်ရှုထောင့်မှ ရိုးရှင်းစွာ သုံးသပ်ကြည့်မိ ပါသည်။

Astro Data:

Date:  11, Apr,2012 (Wed)

Time:  14:32:26(LT)           UT= +7:00 AM

Place:  Susoh, Indonesia

Lat:    3ံ N 41’ 53”            Long: 096ံ E 46’ 07”

Random Number:     69

Astro data များကို KP Horary ဇာတာဖွဲ့သောအခါ၊  အောက်ပါ ဟူးရား ဇာတာကို ရရှိပါသည်။

ဥပဒေသ

          နိုင်ငံ့အကြီးအကဲ ဖြစ်၍ ၉-တန့်ဘာဝကို သုံးသပ်ပါသည်။  ၉-တန့်ဘာဝ နက္ခတ်သခင်ဂြိုဟ်သည် စနေဂြိုဟ်ဖြစ်၍၊ ဘုတ္တိနက္ခတ် သခင် ဂြိုဟ်သည် သောကြာဂြိုဟ်ဖြစ်သည်။ စနေဂြိုဟ်သည် ဝီရိယဂြိုဟ်ဖြစ်၍ အခြေခံလူတန်းစားများကို ကိုယ်စားပြုသည်။ ထို့ကြောင့် သမ္မတကြီးသည် ဝီရိယကြီးစွာဖြင့် အလုပ်လုပ်၍၊ အခြေခံလူတန်းစားများအား သနားကြင်နာမှုရှိသည်။ ဆင်းရဲမှုလျော့ချရေး(စနေဂြိုဟ်)၊ ပြည်သူလူထုများ၏  သက်သာချောင်ချိရေး (သောကြာဂြိုဟ်)၊  တိုင်းရင်းသား ချစ်ကြည်ညီညွတ်ရေး (သောကြာဂြိုဟ်) များကို ဦးစားပေး ဆောင်ရွက်ပေလိမ့်မည်။ ထို့ကြောင့်လည်း ကားဈေး၊ ဖုန်းဈေးများလျော့ချခဲ့၏။

          သောကြာဂြိုဟ်သည် ၄တန့်၊ ၁၁တန့် သခင်ဂြိုဟ်ဖြစ်၍၊ ၁၁ တန့် ဘာဝ၊ ပြိဿရာသီတွင် ကသစ်အား ဖြင့် ရပ်နေသည်။ ပြိဿရာသီသည် အများအကျိုးကို သည်ပိုးသည့် ရာသီဖြစ်သည့်အလျောက် အများအကျိုးကို သည်ပိုးသည်။ သောကြာဂြိုဟ် အားကြီးစွာ ရပ်တည် ၍ မေတ္တာဓာတ်ခံရှိသူ ဖြစ်သည်။ သောကြာဂြိုဟ်သည် တနင်္လာဂြိုဟ်(ဒီမိုကရေစီဂြိုဟ်) ပိုင်နက္ခတ်ကို စီးထားပြီး၊ တနင်္လာသည် ၅တန့်တွင်ရပ်သည့်၊ ၁  တန့်ဘာဝ ပိုင်ရှင်ဖြစ်သည်။

          ထို့ကြောင့် သမ္မတကြီးသည် မြန်မာပြည်သူများ လိုလားတောင့်တလျှက်ရှိသော ဒီမိုကရေစီကို ပြည်သူတို့၏ လက်ထဲသို့ထည့်ပေးပေလိမ့်မည်။ ပြည်သူများ ကလည်း ဒီမိုကရေစီနှင့်အကျင့်နှင့် လျော်ညီစွာ ကြိုးစားကြမည်။  မြန်မာပြည် ဒီမိုကရေစီ သေချာပေါက်ရမည်။ No Doubt.

        သို့ဖြစ်လျင် ဘယ်တော့ရမည်နည်း။ ယခုမရဟု မဆိုလိုပါ။ ဗေဒင်ပညာဖြင့် သုံးသပ်ကြည့်ကြပါစို့။

စိုးမိုးဂြိုဟ်များ

        လဂ်သခင်ဂြိုဟ် – ၂-င်္လာဂြိုဟ်

လဂ်စီးနက္ခတ်  –  ၄-ဟူးဂြိုဟ်

စန်းသခင်ဂြိုဟ် –  ၅-တေးဂြိုဟ်

စန်းစီးနက္ခတ်   –  ၉-ကိတ်ဂြိုဟ်

နေ့သခင်ဂြိုဟ်  –  ၄-ဟူးဂြိုဟ်

ဒသာသခင်ဂြိုဟ်များ

        လက်ရှိ ကိတ်ဂြိုဟ်ထူလဒသာစားနေ၏။ ကိတ်သည် သောကြာဂြိုဟ်နှင့် နီးကပ်စွာပူးယှဉ်၍ သောကြာဂြိုဟ်၏ အလုပ်ကို ဦးစားပေးလုပ်မည်။ သောကြာဂြိုဟ်သည် ၄တန့်၊ ၁၁တန့် သခင်ဂြိုဟ်ဖြစ်၍၊ ၁၁ တန့် ဘာဝ၊ ပြိဿရာသီတွင် ကသစ်အား ဖြင့် ရပ်နေသည်။ တနင်္လာဂြိုဟ်(ဒီမိုကရေစီဂြိုဟ်) ပိုင်နက္ခတ်ကို စီးထားပြီး၊ တနင်္လာ သည် ၅တန့်တွင်ရပ်သည့်၊ ၁  တန့်ဘာဝ ပိုင်ရှင်ဖြစ်သည်။ ကိတ်ဂြိုဟ်သည် စိုးမိုးဂြိုဟ်တွင် ပါဝင်သည်။

          ထို့ကြောင့် ၉-ကိတ်ဂြိုဟ်ထူလ၊ ၂-င်္လာဘုတ္တိဒသာဖြစ်သော (7.7.2014) မှ (5.2.2015) အတွင်း   (July, 2014) တွင် ကိတ်ဂြိုဟ်သည် မိမိပိုင် အာဿဝဏီ နက္ခတ်ကို စီးနင်းမည်ဖြစ်ရာ နောင် (၂- နှစ်) ခန့်အကြာတွင်၊  မြန်မာပြည်၏  ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။

        “ထို့ကြောင့် သမ္မတကြီး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သကြပါစို့။…”

        {ကျွန်ုပ်သည် ဤဆောင်းပါးကို ဗေဒင်ရှုထောင့်မှ ရိုးသားစွာ သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။ အကယ်၍ လုပ်ကြံဖန်တီးရေးသားခဲ့ပါက မဂ်၊ဖိုလ်၊ နိဗ္ဗာန်နှင့် ဝေးပါစေသတည်း။ ရိုးသားစွာ သုံးသပ်ထားခြင်း ဖြစ်ပါက ကျွန်ုပ်လိုလားတောင့်တလျှက်ရှိသော သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်သို့ လျှင်မြန်စွာ မျက်မှောက်ပြုရပါစေသတည်း။}

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@yahoo.com

Facebook: sayauzarni  kp

5 Comments

  1. သမတကရိုးသားတာ​ထောက်​ခံပါတယ်​​စေတနာထားတာလည်း
    မှန်​ပါတယ်​ဒါ​ပေမဲ့သူလုပ်​ချင်​သလိုမဖြစ်​ဖူးဖြစ်​​နေတယ်
    ဆရာအ​ဟော​တွေမှန်​ပါ​​စေ 7/2014 ကို​မျှော်​​နေမယ်​ ယုံပါတယ်
    ဆရာ စံဇာဏီဘိုကလည်းအခုတ​လောအပြတ်​​ဟော​နေတယ်
    မြန်​မာပြည်​ကံ​ကောင်းပါ​စေ

    1. မင်္ဂလာရှိလိုက်​တာဗျာ… အခုအချိန်​က ၄-ဟူး​နေ့၊ ၄-ဟူးအခါဆို​တော့
      မြတ်​စွာဘုရားပွင့်တော်​မူတဲ့ ​နေ့၊ အခါပဲ…။

  2. သမ္မတ ကြီးတာဝန်​ဆက်​ယူမယူ

    သိလိုပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s