အိမ်ထောင်ကျပြီး ကလေး(သားသမီး)ရရန် ခက်ခဲသူများအတွက် ယတြာကောင်းတစ်ခုပါ။
သင့်တွင် ဆေးပညာအလိုအရ ကလေးရရှိရန်အခွင့်အလမ်းရှိလျင် ဗုဒ္ဓဟူးနေ့ နံနက် (၁၀)နာရီခွဲမှ (၁၂)နာရီအတွင်း ကျိုက်ထီးရိုးစေတီ (သို့) ကျိုက်ကလို့ ကျိုက်ကလဲ့စေတီ (သို့) ၂-င်္လာနံအစ ၄-ဟူးနံ အဆုံး စေတီတော် တစ်ဆူဆူတွင် ခေါင်းလောင်းလှုပြီး (သို့) ခေါင်းလောင်းထိုးပြီး မိမိပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုကို စေတီတော်စောင့်နတ်များ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ၊ ၄င်းဒေသတစ်ဝိုက်ရှိ သိုက်နန်းရှင်များအား စိတ်ဇောသန်သန် အမျှပေးဝေ၍ ကလေးရရန်ဆုတောင်းပါ။ ၄င်းတို့ထံမှ မိမိနှင့် ကံစပ်သော ကလေးလည်းတောင်းပါ။ ကလေးဟုသုံးနှုန်းပါ။ သားသမီးဟုမသုံးနှုန်းပါနှင့်။ ဤအချက်သည် အရေးကြီးပါသည်။ တစ်ပတ်နှင့် အားမရသုများ အပတ်စဉ် ပြုလုပ်နိုင်ပါသည်။
အိမ်ထောင်ကျပြီး (၅)နှစ်တိုင် သားသမီး မရသော အိမ်ထောင်သည် နှစ်ဦးအား ၄င်းနည်းကိုပြောပြခဲ့ရာ နှစ်ဦးလုံးအောင်မြင်ပြီး ချောမောလှပသော ကလေးများရရှိခဲ့ပါသည်။ သူတို့ကတော့ နီးနီးနားနား မင်္ဂလာဒုံရှိ ကျိုက်ကလို့ ကျိုက်ကလဲ့ စေတီတော်သို့ သွားခဲ့ပါသည်။ အင်္ဂဝိဇ္ဇာပညာလာ “ဓာတ်တူနံတူ ဆေးကိုယူ” ပညာခန်းဖြစ်ပါသည်။
သားသမီးရရှိ၍ သင်တို့၏ အလိုဆန္ဒများ ပြည့်ဝပါစေသတည်း။
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com
f@cebook: sayauzarni kp