သမ္မတအိုဘားမား အနိုင်ရမလားနှင့် KP ပညာ

         2012, November လတွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ရာ လက်ရှိသမ္မတ အိုဘားမား နှင့် မစ်ရွန်းနေ တို့ယှဉ်ပြိုင်အရွေးခံမည်ဟု သိရပါသည်။ ထို့ကြောင့် လက်ရှိသမ္မတအိုဘားမား အနိုင်ရမလားကို  KP ပညာဖြင့် သုံးသပ်ကြည့်မိပါသည်-

Astro Data

Date:  25.7.2012(Wed)

Time:  09:33:23 (M.S.T)                UT= +6:30 AM

Place:  Yangon, Myanmar

Lat:    16ံ N 47’ 00”          Long: 096ံ E 12’ 00”

Random Number: 138

အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျင် အောက်ပါ ဟူးရားဇာတာကို ရရှိပါသည်-

ဥပဒေသ

        သမ္မတ အလုပ်ဖြစ်၍ ၁၀-တန့်ဘာဝကို သုံးသပ်သည်။ ၁၀-တန့်သန္ဓိသည် ကရကဋ်ရာသီ ၁၉ံ ၁၁’ ၄၃” စက္ကန့်တွင်ကျရောက်ပြီး၊ ရာသီသခင်မှာ ၂-င်္လာ၊ နက္ခတ် သခင်မှာ ၄-ဟူး၊ ဘုတ္တိနက္ခတ်သခင်မှာ ၉-ကိတ်ဂြိုဟ်တို့ ဖြစ်ကြသည်။

         နက္ခတ်သခင် ၄-ဟူးက နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မည်ကိုဖော်ပြပြီး၊ ဘုတ္တိနက္ခတ်သခင် ၉-ကိတ်ဂြိုဟ်က အခက်အခဲများ ကြုံမည်ကိုဖော်ပြနေသည်။ ကိတ်ဂြိုဟ်သည် ၁-နွေပိုင်နက္ခတ်ကို စီးထား၏။  ၁-နွေသည် ၁၁-တန့် ပိုင်ရှင်လည်းဖြစ်၍၊ အိုဘားမား သည် လက်ရှိ သမ္မတ သက်တမ်းကုန်သည်အထိ တာဝန် ထမ်းဆောင်မည်ကို ဖော်ပြနေသည့် အတွက် အိုဘားမား သည် လက်ရှိ သမ္မတ သက်တမ်းကုန်သည်အထိ လုပ်ကြံခံရကိန်းမရှိပါ။
           
  ဆက်လက်၍ လာမည့်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမား အနိုင်ရမလားကို  KP ပညာဖြင့် သုံးသပ်ကြည့် ကြပါစို့။

Astro Data

Date:  11.8.2012(Sat)

Time:  22:01:20 (M.S.T)                UT= +6:30 AM

Place:  Yangon, Myanmar

Lat:    16ံ N 47’ 00”          Long: 096ံ E 12’ 00”

Random Number: 173

Question: လက်ရှိသမ္မတ အိုဘားမား ရွေးကောက်ပွဲ အနိုင်ရမလား?

အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျင် အောက်ပါ ဟူးရားဇာတာကို ရရှိပါသည်-

ဥပဒေသ

အပြိုင်အဆိုင်အနိုင်ရခြင်း ကိစ္စဖြစ်၍ ၆-တန့်ဘာဝကို သုံးသပ်သည်။

                 ၆-တန့်သန္ဓိသည် ပြိဿရာသီ ၁၂ံ ၃၂’ ၅၇” စက္ကန့်တွင်ကျရောက်ပြီး၊ ရာသီသခင်မှာ ၆-ကြာ၊ နက္ခတ်သခင်မှာ ၂-င်္လာ၊ ဘုတ္တိနက္ခတ်သခင်မှာ ၈-ဟုဂြိုဟ်တို့ ဖြစ်ကြသည်။ ၈-ဟုဂြိုဟ်သည် ၁၁-တန့် (ဆန္ဒပြည့်)ဘာဝတွင်ရပ်တည်ပြီး၊ ၁၀-တန့် (ဂုဏ်ပြုခံရသည့်ဘာဝ) တွင်ရပ်နေသော စနေဂြိုဟ်ပိုင် နက္ခတ်ကို စီးထားသည်။

Conclusion

        လက်ရှိသမ္မတ အိုဘားမား ရွေးကောက်ပွဲတွင် အနိုင်ရ၍၊ ဒုတိယအကြိမ် သမ္မတဖြစ်လာမည်။      

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

       

6 Comments

  1. ဆရာ့ဆိုဒ် ရှိနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ သိတယ်။ ဆောင်းပါးလေးတွေ ၀င်ဖတ်နေပါတယ်။ ပြီးတော့ ကျွန်တော့် ဆိုဒ်မှာလည်း လင့်ခ် လုပ်ပေး ထားပါတယ် ဆရာ။

    1. ဆရာ…
      ဆရာ့လို နာမည်ကြီး ဆရာတစ်ယောက်က အားပေးထားလို့ များစွာ အားတက်မိပါတယ်။ ဆရာ့ကို အားကျပြီး လိုက်လုပ်ကြည့်တာပါ။ Link ချိတ်ပေးလို့လည်း ကျေဇူးအများကြီး တင်ပါတယ်။ ဆရာ့ရဲ့ ကုသိုလ်၊ အကုသိုလ် ဆောင်းပါးမှာ နှောင့်ယှက်သူတွေများနေလို့ ဆိုဒ်ပိတ်၊ Facebook ပိတ်မယ်လို့ ရေးထားတာတွေ့ရပါတယ်။ မပိတ်ပါနဲ့ဆရာ။ ဆရာ့လို ပညာရှင်မျိုး နှစ်(၁၀၀)မှာ တစ်ယောက်ပေါ်ဖို့ မလွယ်ပါ။ ကျွန်တော်နာမည် မကြီးခြင်ပါဘူးဆရာ။ စိတ်ထဲပေါ်တာလေးတွေ လျှောက်ရေးနေတာပါ။ မှားတာရှိရင်လည်း ထောက်ပြပေးပါ။
      လေးစားစွာဖြင့်…

  2. ဆရာဦး ဇာနည် .. မင်္ဂလာပါ ခင်ဗျား။
    အခုလို စေတနာပါပါ- ပညာမျှဝေတဲ့ ဗေဒင် ညီအကို ဆိုက်တစ်ခုကို တွေ့ရတာ အင်မတန် ၀မ်းသာ အားရမိပါတယ်။ တစ်ကျောင်းတည်း ဆင်း ဖြစ်တဲ့ အတွက် ညီအကိုလို လည်း သဘောထားပေးပါ ခင်ဗျား။
    လေးစားစွာဖြင့်
    နျူမာန် (မိုးတား)

    1. ဆရာနျူမာန် (မိုးတား) ခင်ဗျား…
      ကျွန်တော်ကလည်း ဆရာ့ Siteကို မကြာမကြာဝင်ကြည့်ရင်း ပညာယူလျက်ပါခင်ဗျား။ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။

  3.ှဒီဆောင်းပါးကို ဖတ်ပြီးကတည်းက ရွေးကောက်ပွဲရလဒ်ကို ပိုစိတ်ဝင်စားနေမိတာ…..
    အခု ဗေဒင်ပညာနှင့် ဆရာ့ပညာကို ပိုပြီးလေးစားသွားပြီဆရာရေ့ …..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s