အင်္ဂဝိဇ္ဇာပညာရပ်ကြီး၏ ဓာတ်ရိုက်ဝိဇ္ဇာအဖွင့်ပညာခန်းလာ၊ မိတ်ဓာတ်နှစ်ပါးအားဖြင့် လာရောက် စေတတ်သော ပညာခန်းကြီးဖြစ်ပါတယ်။
မိတ်ဓာတ်နှစ်ပါးအားဖြင့် လာရောက်စေတတ်ခြင်းဆိုတာကတော့ လာစေလိုသောနံ၏ မိတ်အခါတွင်၊ လာစေလိုသောနံ၏ ဓာတ်ဖြင့်ရိုက်ခြင်း ဖြစ်ပါတယ်။ အောက်မှာဇယားနဲ့ ပြထားပါတယ်။
ဆိုလိုတာကတော့ ၁-နွေနံ၊ ၁-နွေသား လာစေ ရောက်စေခြင်ရင် ၁-နွေရဲ့ မိတ်အခါဖြစ်တဲ့ ၅-တေးအခါမှာ ၁-နွေရဲ့ ဓာတ်ဖက်ဖြစ်တဲ့ ၀-နေနံနဲ့ ရိုက်ရမှာပါ။ ရိုက်ရမယ့် အကြိမ်အရေအတွက်ကတော့ (၁၀) ကြိမ်ဖြစ်ပါတယ်။ (အောက်ပါဇယားနဲ့ ယှဉ်၍ကြည့်ပါ။)
လာစေလိုသောနံ |
မိတ်အခါ |
ဓာတ်နံ |
ရိုက်ရမည့်အကြိမ် |
၁-နွေ |
၅-တေး |
ဝ-နေ |
၁၀ |
၂-င်္လာ |
၎-ဟူး(မနက်ပိုင်း) |
၅-တေး |
၁၉ |
၃-င်္ဂါ |
၆-ကြာ |
၈-ဟု |
၁၂ |
၎-ဟူး |
၂-င်္လာ |
၆-ကြာ |
၂၁ |
၅-တေး |
၁-နွေ |
၂-င်္လာ |
၁၅ |
၆-ကြာ |
၃-င်္ဂါ |
၎-ဟူး |
၁၇ |
ဝ-နေ |
၎-ဟူး(ညနေပိုင်း) |
၁-နွေ |
၆ |
၈-ဟု |
ဝ-နေ |
၃-င်္ဂါ |
၈ |
ဘယ်နေ့ ဘယ်အချိန်က ဘာအခါလည်းဆိုတာကတော့ “အင်္ဂဝိဇ္ဇာအခါဇယားများ” ဆိုတဲ့ Post မှာ အသေးစိပ်ဖော်ပြထားပါတယ်။
တစ်ခါက ကျွန်တော့်အသိ ဘိုးတော်ကြီးတစ်ယောက် အသက်(၆၀)ကျော်မှ ဒိန်းဒလိန်းနတ်ဖမ်းစား၍ အိမ်မကပ်။ ကျွန်တော်သူတို့အိမ် အလည်ရောက်တော့ ဘွားတော်ကြီးက ငိုနေပါတယ်။ ဘိုးတော်ကြီးကို ပြန်ခေါ်ပေးရန် ဘွားတော်ကြီးက အပူကပ်လာတော့ ကျွန်တော်လည်း အင်္ဂဝိဇ္ဇာပညာရပ်ကြီး၏ ဓာတ်ရိုက်ဝိဇ္ဇာအဖွင့် ပညာခန်းလာ၊ မိတ်ဓာတ်နှစ်ပါးအားဖြင့် လာရောက် စေတတ်သော ပညာခန်းကြီးကို သတိရလိုက်မိပါတယ်။
ဘိုးတော်ကြီးက ၄-ဟူးအစ- ၅-တေးအဆုံးနာမည်ပိုင်ရှင်။ ၄-ဟူးအစ- ၅-တေးအဆုံး နံတူကိုစဉ်းစားလိုက်တော့ လင်ပန်း(လင်ဖမ်း) ကို သွားတွေ့ပါတယ်။ လင်ကို ဖမ်းခြင်နေတော့ လင်ပန်း(လင်ဖမ်း) ကိုသုံးတာ အသင့်တော်ဆုံးပါပဲ။
အဲဒါနဲ့ ၄-ဟူးနံရဲ့ မိတ်အခါဖြစ်တဲ့ ၂-င်္လာအခါမှာ၊ အိမ်အဝင်ပေါက်မှာ လင်ပန်းကို အပြင်ဖက်လှည့်ပြီး၊ ၄-ဟူးသား အမြန်ပြန်လာဖို့ လေးလေးနက်နက် ရည်စူး၍ ၄-ဟူးနံရဲ့ ဓာတ်ဖက်ဖြစ်တဲ့ ၆-ကြာနံ(သီဟိုဠ်) ၂၁-ညွန့်နဲ့ လင်ပန်းကို(၂၁) ချက်ရိုက်ခိုင်းပြီး၊ သီဟိုဠ်ညွန့်တွေကို ခြံအပေါက်ဝမှာ စည်းခိုင်းထားလိုက်ပါတယ်။ (အထက်ပါ ဇယားနဲ့ ယှဉ်၍ကြည့်ပါ။)
ကျွန်တော် နောက်တစ်နေ့ သူတို့အိမ်ကိုရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ ဘိုးတော်ကြီးကို မြင်လိုက်ရတဲ့အခါ အံ့အားသင့်ပြီး လန့်သွားမိပါတယ်။ ဘိုးတော်ကြီး အိမ်ပြန်မလာတာ လနဲ့ချီနေပါပြီ။ ဘွားတော်ကြီးကတော့ ပြုံးလို့၊ ပျော်လို့။ ဘိုးတော်ကြီးကတော့ အဲဒီနေ့ကစ၍ အိမ်မြဲသွားလေ၏။
မြန်မာလူမျိုးတို့၏ ဤအင်္ဂဝိဇ္ဇာပညာရပ်ကြီးကား အလွန်အဆင့်မြင့်လှ၏။ ကောင်းသည့်ဘက်တွင် အသုံးချလျင် မြန်မာသည် အဘယ့်ကြောင့် ကမ္ဘာနှင့် ရင်ဘောင်မတန်းနိုင်ဘဲ နေမည်နည်း။
“ဥပမာ- အလုပ်လိုခြင်လျင် အလုပ်ကိုရည်စူး၍၊ ၁-နွေနံကိုလာစေလိုအောင်ရိုက်လျင် အဘယ့်ကြောင့် အလုပ်မရပဲ နေပါမည်နည်း။”
ထို့ကြောင့် ကျွန်ုပ်တို့သည် အင်္ဂဝိဇ္ဇာပညာရပ်ကြီး၏ ဖခင်ကြီးဖြစ်သော “မတစ်လုံးကျေ” အတုလဆရာတော်ဘုရားကြီး ၊ဆရာတော် ခင်ကြီးဖျော် ကောင်းရာသုဂတိ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သကြပါစို့။
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com
ဆရာ
အလုပ်လိုခြင်လျင် အလုပ်ကိုရည်စူး၍၊ ၁-နွေနံကိုလာစေလိုအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည် ကို အသေးစိတ်လေး ရှင်းပြပေးစေချင်ပါသည်။ ဗေဒင်အသုံးအနှုံးတွေနှင့် မရင်းနှီးလို့ပါရှင့်။ ကျေးဇူးတင်ပါသည်။
Thuzar သို့….
အလုပ်လိုခြင်ရင် ကိုယ်လုပ်ခြင်တဲ့နိုင်ငံရဲ့ အလံကို အိမ်ပေါက်မှာချိတ်။ ဥပမာ- စင်္ကာပူမှာ အလုပ်လုပ်ခြင်ရင် စင်္ကာပူအလံကိုချိတ်။ ပြီးရင် အလုပ် ၁-နွေနံရဲ့ မိတ်အခါဖြစ်တဲ့ ၅-တေးအခါမှာ ဓာတ်ဖက်ဖြစ်တဲ့ ဒါန်းညွန့် (၁၀)ညွန့်နဲ့ အဲဒီအလံလေးကို (၁၀)ချက်ရိုက်။ တစ်ခါရိုက်တိုင်း “စင်္ကာပူ အလုပ်အမြန်ရပါစေ” ဆိုပြီး စိတ်ထဲက လေးလေးနက်နက် ဇောသန်သန်နဲ့ ရိုက်။ (၁၀)ချက်ရိုက်။ အကြိမ်အရေ အတွက်ကို လက်ချိုးပြီးရေတွက်။ ရိုက်ပြီးရင် ဒါန်းညွန့်တွေကို အိမ်ပေါက်ဝမှာစည်းထား။ အလုပ်အမြန်ရပါလိမ့်မယ်။
၅-တေးအခါကို သိခြင်ရင် “ အင်္ဂဝိဇ္ဇာ အခါဇယားများ” ဆိုတဲ့ Post မှာ အသေးစိပ် ဖော်ပြထားပါတယ်။
ရိုက် တဲ့အခါမှာ အလုပ်လို ချင်တဲ့ လူပဲ ရိုက်ရမှာ လား။ တခြားလူရော အစား ရိုက်ပေးလို့ရ ပါသလား ဆရာ။ ပြီးတော့ အဲ့ဒါကို စင်ကာပူ မှာ လုပ်ရမှာလား။ မြန်မာပြည် မှာ လုပ်ရမှာလား ဆရာ။ ဒါန်းညွန် အစား တခြား ဘာအစား ထိုးပြီး လုပ်လို့ရပါသလဲ ဆရာ။ ပြီးတော့ အိမ်ပေါက်ဝမှာ ဘယ်အချိန်ထိ စည်းထား ရ မှာပါလဲ။ ညိုးသွား တဲ့အထိ လား။ မရမချင်း လား ဆရာ။
၅တေးအခါ ကို ဆရာပြောတဲ့ “ အင်္ဂဝိဇ္ဇာ အခါဇယားများ” မှာ ပြထားတဲ့ အတိုင်းဆိုရင် စက်တင်ဘာ ၃၀ ရက်နေ့ မှာ လုပ်မယ်ဆိုရင် တော်သလင်းလ အခါဇယားအရ နေ့အခါ ဆိုရင် မနက် ၅း၃၆ ကနေ ၇း၁၂ ကြားရယ်၊ နေ့လည် ၄း၄၈ ကနေ ၆း၂၄ ကြားရယ်၊ ညအခါ ဆိုရင် ည ၆း၂၄ ကနေ ၇း၄၈ ကြား အဲ့ဒီအချိန် ၃ ချိန် ထဲက တချိန်ချိန်မှာ လုပ်လို့ရတယ်လို့ ယူဆရင် မှန်ပါလား ဆရာ။ မသိတာတွေ မေးရင်း စာလည်း တော်တော် ရှည်သွားပြီ။ ဖြေကြားပေးတာ ကျေးဇူး အထူး တင်ပါတယ် ဆရာ။ ဆရာ ကျန်းကျန်းမာမာ နဲ့ (၇) ရက်သားသမီး အကျိုးဆထက်တိုး သယ်ပိုးနိုင်ပါစေ။
Thuzar သို့…
ကိုယ်တိုင်လုပ်တာ အကောင်းဆုံးပါပဲ။ ဒါန်းမရရင် အခြား စနေနံ အညွန့်တွေကိုသုံးနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ကောင်းတဲ့ အပင်ဖြစ်ရပါမယ်။ ဒါန်းညွန့်တွေကို (၁၀)ရက်စည်းထား။ (၁၀)ရက်ပြည့်ရင်စွန့်။ နောက်ထပ် ထပ်လုပ်နိုင်ပါတယ်။ အခါဇယားက အချိန်တွေက မြန်မာစံတော်ချိန်တွေဖြစ်လို့ မြန်မာပြည်မှာ လုပ်တာက ပိုအဆင်ပြေပါတယ်။ အချိန်ယူတာတွေမှန်ပါတယ်။ ကိုယ်တိုင်မရတဲ့အဆုံး ကိုယ်စားလုပ်ပေးလိုက်ပါ။
အခုလို ဖြေကြားပေး တာ ကျေးဇူးအထူးတင်ပါတယ် ဆရာ။
နေ့အလိုက်အခါရွေးနည်း (တနင်္လာနေ့ တနင်္လာအခါဆိုရင်)ဘယ်နှစ်နာရီဘယ်အချိန်ရွေးရမလဲဖြေကြားပေးပါ
PINKYသို့…
ကိုယ်သိခြင်တဲ့လ ဇယားကိုကြည့်ပြီး၊ (တနင်္လာနေ့ တနင်္လာအခါဆိုရင်) အကြမ်းအားဖြင့် (၆း၀၀)နာရီမှ (၇း၃၀) အတွင်းဖြစ်ပါတယ်။
ဆရာအဆင်ပြေမဲ့အချိန် ဆရာတော်ရဲ့ကျမ်းရင်းလင်္ကာတွေကိုပြောပေးစေချင်ပါသည် တနေ့ချင်းဖြစ်စေ လအလိုက်ဖြစ်စေအခန်းဆက်(သို့)သင်ခန်းစာပုံစံပြောပေးစေချင်ပါသည်
PINKY သို့…
ကျွန်တော့်ထက်တော်တဲ့ဆရာတွေ ဖွင့်ဆိုထားတာ ကုန်သလောက်တောင်ဖြစ်နေပါပြီ။ စာအုပ်ဆိုင်တွေမှာရပါတယ်။ ကျွန်တော်လည်းခရီးထွက်စရာရှိသေးလို့ပါ။
ဆရာရှင့်သမီးကအစိုးရအလုပ်ဝင် ခွင့်ဖြေရမှာပါ
ယတြာလေးလုပ်ချင် လို့ပါရှင် အမှားပါရင် ခွင့်လွှတ်
ပါရှင့် ဖြေကြားပေးစေလိုပါတယ်