အဝေးရောက်နေသူများ အလုပ်ရရန်

ကျွန်တော် ဒီ Post ကိုရေးဖို့ (၁၀) ရက်လောက် စောင့်လိုက်ရပါတယ်။ ကျွန်တော့်အသိ အစ်မကြီးရဲ့သားက Singapore မှာအလုပ်လုပ်နေရင်း လက်ရှိအလုပ်မှာလုပ်ရတာ လစာနည်းပြီး အဆင်မပြေလို့ဆိုပြီး Bond ပြည့်ရင် အလုပ်ထွက်မည့်အကြောင်း ပိုင်ရှင်အားပြောကြား ကာ အလုပ်သစ်ရှာနေသည်မှာ (၃)လလောက် ရှိပါပြီ။ နောက်အလုပ်ကမသေချာသေးတော့ အိမ်ကိုလည်းငွေမပို့နိုင်ပါ။ လက်ရှိ Bond ကလည်းပြည့်တော့မှာပါ။ ယတြာ ဖိုးတွေကလည်း ကုန်တာမနည်းပါ။

                            (၂၁.၇.၂၀၁၂) စနေနေ့ကျမှ ကျွန်တော်နဲ့ စကားစပ်မိတော့ သူ့ကိုအောက်ပါယတြာကို ပေးလိုက် ပါတယ်-

                            “အလုပ်နံပေါ်တဲ့ မနက်ဖြန် (၂၂.၇.၂၀၁၂) တနင်္ဂနွေနေ့ မနက် (၉း၀၀)နာရီ တိတိမှာ၊ ကော်ပန်းကန်ပြားထဲမှာ အာလူးတစ်လုံးတင်၊ အာလူးပေါ်မှာ သာသနာ့အလံတစ်ခုစိုက်၊ အလံမှာ သားရဲ့ဓာတ်ပုံကိုကပ်ပြီး  ဘုရားစင်ပေါ်တင်ကာ၊ အမေက သားရဲ့အင်္ကျီလေးကို ညာဘက်ပခုံးမှာတင်ပြီး ဘုရားကိုကပ်ကာ အလုပ် အမြန်ရဖို့ ဆုတောင်း မေတ္တာပို့သခိုင်းလိုက်ပါတယ်။” (ကိုယ်တိုင်လည်းလုပ်လို့ရပါတယ်။)

                          (၂၃.၇.၂၀၁၂) တနင်္လာနေ့မှာ လစာ (၁၃၀၀)S$ တန် အလုပ်တစ်ခုရပေမယ့် ဆေးနံ့ မခံနိုင်လို့ ငြင်းလိုက်ကြောင်း ဖုန်းဆက်လာပါတယ်။ (၂၆.၇.၂၀၁၂) ကြာသပတေးနေ့မှာ လစာ (၂၀၀၀) S$ တန် အလုပ်တစ်ခု Interview လုပ်ထားတယ်လို့ ဖုန်းဆက်လာပါတယ်။ (၃၁.၇.၂၀၁၂) နေ့မှာတော့ လက်ရှိလုပ်နေတဲ့ အလုပ်ကပိုင်ရှင်နဲ့ Supervisor တို့ သူနေတဲ့ဆီကို လိုက်လာပြီး ဆက်လုပ်ရန်လာခေါ်ပါတယ်။ လက်ရှိလစာ (၁၄၀၀)S$ မှ (၁၈၀၀)S$ အထိ လစာတိုးပေးပြီး၊ Bond အသစ်လည်းချုပ်မည်ဟု ပြောသည့်အတွက် သူလည်း သဘောတူလိုက်ကြောင်း ဖုန်းဆက်လာပါတယ်။

                           “အဝေးရောက်မြန်မာများ အထက်ပါယတြာဖြင့် လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြပြီး ဘဝအမောများ ပြေပါစေသတည်း ….”

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

Face book: sayauzarni kp

13 Comments

  1. Thank you again Sayar. I m in singapore now. My current job’s sa;ary is very low.
    So I want more salary from my job. May i ask u that i can do that and what time should i do .
    If my salary is increase, i can pay more to my family. If you don’t mind, please help me Sayar .
    With Rgds,
    Su.

    1. Su Myat Mon သို့…
      (၂၃.၉.၂၀၁၂)အတွင်း အလုပ်မထွက်ပါနှင့်။ လက်ရှိအလုပ်ကို မှေးလုပ်ပါ။ ဒီကြားထဲ အလုပ်ထွက်ရင် နောက်အလုပ်တစ်ခု မရပဲ မျောက်သစ်ကိုင်းလွတ်ဖြစ်မည်။ (၂၀.၁၁.၂၀၁၂) ဝန်းကျင်တွင် ဝင်ငွေပိုရမည့် အလုပ်တစ်ခုရကိန်းရှိသည်။ ထို့ကြောင့် (၂၃.၉.၂၀၁၂) ကျော်လျင် (၂၀.၁၁.၂၀၁၂) ဝန်းကျင်တွင်ရနိုင်သည့် အလုပ်ကို ချိန်၍ လှုပ်ရှားပါ။
      Best regards,

  2. ဆရာ သမီိးက အလုပ်ထွက်တာမဟုတ်ဝူး.အလုပ်ကပြုတ်သွားတာ.အလုပ်မြန်မြန်ရအောင် ဘာလုပ်ရမလဲဆရာ.company ကပိတ်လိုက်ရတာ.ဒီရက်ပိုင်းအတွင်း အလုပ်ရမှဖြစ်မှာ.ကူညီပါဦး ဆရာ.
    NO 72

    1. Su Myat Mon သို့…
      “၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အလုပ်လျောက်ရန်” Post မှာပါတဲ့အချိန်မှာ အဆင်ပြေရင် အလုပ်သွားလျှောက်၊ အဆင်မပြေရင် အဲဒီအချိန်အတိအကျမှာ ဘုရားတွင် ဆုတောင်း။ ယတြာကတော့ Email ထဲမှာဆက်ဖတ်ပါ။

  3. ဆရာ…
    အောက်တိုဘာလထဲမှာ ဆိုရင်ရော ဘယ်နေ့တွေက အလုပ်လျှောက်သင့်ပါသလဲ။ ပြီးတော့ ကိုယ်တိုင်လုပ်မယ်ဆိုရင်ရော ကိုယ့်ဓါတ်ပုံ ကိုယ်ကပ်ပြီး၊ ကိုယ့်အင်္ကျီကို ကိုယ့်ပုခုံးပေါ် ကိုယ်ပြန်တင်ရမှာလား။
    ကျွန်မက စင်္ကာပူမှာ အလုပ်ရှာနေတာ ၇လတောင်ရှိပြီ။ မရသေးလို့။
    မွေးနေ့က ၁၅.၅.၁၉၈၂ (စနေသမီး) ပါဆရာ။
    ဆန္ဒနတ်ခတ်က ၁၅ပါဆရာ။

  4. ဆ၇ာ သမီး လဲအလုပ်ရှာနေတုံးပဲ. ဒီနိုဝင်ဘာထဲမှာ အလုပ်ရချင်တယ်. ရမှဖြစ်မှာ . ပိုက်ဆံ အခက်အခဲရှိတယ်ဆ၇ာ.၈၇
    ကူညီပါဦးဆရာ

  5. sorry sayar . I didn’t receive your email. Pls kindly send me email again sayar . thank you so much

  6. သမီးအလုပ်​တစ်​ခု​လောက်​လုပ်​ချင်​ပါတယ်​ဒါမဲ့အိမ်​ကခွင့်​ပြုမှာ
    မဟုတ်​တဲ့အတွက်​သမီးအိမ်​နဲ့စကား​ပြောရလည်းအဆင်​​ပြေချင်​တယ်
    အလုပ်​​ကောင်းတစ်​ခုကိုလည်းရချင်​ပါတယ်​သမီးဘာ​တွေလုပ်​ဖို့လိုအပ်​ပါသလဲ

    1. အိမ်ကလူတွေနဲ့ စကားပြောရင် မြောက်အရပ်ကို လှည့်ပြောပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s