အခါဇာတာတစ်ခုအား တဂျကာ(Tajaka) စနစ် ဖြင့် ဝေဖန်သုံးသပ်ထားခြင်းဖြစ်ပါတယ်။ တဂျကာ (Tajaka) စနစ်ဆိုတာကတော့ အိန္ဒိယပြည် တောင်ပိုင်းမှာသုံးတဲ့ စနစ်တစ်ခုဖြစ်ပြီးတော့ နာမည်ကျော်ကြား လှပါတယ်။ တဂျကာ(Tajaka) စနစ်ရဲ့ ကောင်းမွန်ပုံတွေကို မိတ်ဆက်ပေးခြင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပြခြင်း ဖြစ်ပါတယ်။
ရှေးဦးစွာ သင်ဆရာအရင်းဖြစ်တဲ့ ကျေးဇူးရှင် “ဆရာကြီး ဦးမြင့်စိန် (ဝေဒပညာဌာနမှုး၊ ငြိမ်း)” အားလည်းကောင်း၊ တဂျကာ(Tajaka) စနစ်အား မြန်မာ့ဗေဒင်လောကကို မိတ်ဆက်ပေးသော “ဆရာကြီး ဒေါက်တာ ဒဂုန်” နှင့် “ဆရာကြီး ဒေါက်တာကံညွန့်” တို့အားလည်းကောင်း၊ ဤနေရာမှနေ၍ ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏။
တကယ်တော့ ရှိသမျှကျမ်းအားလုံးနဲ့ လိုက်ညှိနေရင် အချိန်ကောင်းတစ်ခုရဖို့ဆိုတာ မလွယ်ကူလှ ပါဘူး။ ဒါ့ကြောင့် ကောင်းမွန်တဲ့ စနစ် တစ်ခုလောက်ကိုကိုင်ပြီး ပြတ်ပြတ်သားသား အခါရွေးတာက ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက၊ KP စနစ်နဲ့ အခါပေးတဲ့ Software တစ်ခုကိုသုံးပြီး၊ ရန်ကုန် မြို့အတွက် ထီထိုးဖို့အခါရွေးကြည့်လိုက်တာ တစ်ချိန်မှ လွတ်လွတ်ကျွတ်ကျွတ် ကောင်းတာ မတွေ့ရပါဘူး ခင်ဗျ။ ဒါဆိုရင် ရန်ကုန်ကလူတွေ ထီမပေါက်တော့ ဘူးလား။ ဒါလည်းတွေးစရာ ဖြစ်လာပါတယ်။ KP စနစ်နဲ့ အခါပေးတာ မကောင်းတာမဟုတ်ပါဘူး။ စည်းမျဉ်းတွေကိုသိပ်ပြီး လျှောက်စဉ်းစားနေရင်၊ ဘာမှမလုပ်ပဲ ထိုင်နေဖို့ပဲ ရှိပါတော့တယ်။
နက္ခတ်ဗေဒင်ပညာမှာ ဘာဝ(၁၂)ပါးရှိတဲ့အနက် (၆)တန့်၊ (၈)တန့်၊ (၁၂)တန့် ဆိုတဲ့ဘာဝ(၃)ခုဟာ ဒုဌာနလို့ခေါ်တဲ့ မကောင်းတဲ့ဘာဝများဖြစ်ပါတယ်။ ဒါ့ကြောင့် မူလဇာတာဖြစ်စေ၊ အခါဇာတာဖြစ်စေ (၁၀၀)% မကောင်းနိုင်ပါဘူး။ ဒါ့ကြောင့် RISK တစ်ခုယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။
အဲဒီတော့ အောက်ပါအခါဇာတာတစ်ခုကို တဂျကာ(Tajaka) စနစ် ဖြင့် ဝေဖန်သုံးသပ်ကြည့်ကြပါစို့။
ဂြိုဟ် |
၁ |
၂ |
၃ |
၎® |
၅ |
၆ |
ဝ |
၈ |
၉ |
အံသာ |
၂ |
၂၅ |
၁၄ |
၁၈ |
၁၃ |
၂၀ |
၂၉ |
၈ |
၈ |
လိတ္တာ |
၁၉ |
၃၃ |
၁၁ |
၀၀ |
၄၇ |
၃၆ |
၁၀ |
၂၂ |
၂၂ |
ဒီအခါဇာတာကတော့ ကျွန်တော့်အသိ သင်္ဘောသားတစ်ယောက် သင်္ဘောထွက်ခါနီး ဆေးစစ်လိုက်တဲ့ အခါ၊ သည်းခြေမှာကျောက်တွေ့လို့ (၁၈.၇.၂၀၁၂) ရက်၊ ဗုဒ္ဓဟူးနေ့၊ ည-(၉း၀၀) နာရီ ၊ ရန်ကုန်မြို့မှာ Operation လုပ်လိုက်ရတဲ့ အခါဇာတာတစ်ခုပါ။
အခါလဂ်ဟာ ကုမ်လဂ်၊ ထိရလဂ်ဖြစ်ပြီး လဂ်ကိုပါပဂြိုဟ်တွေ အမြင်အယှဉ်မရှိလို့ လဂ်အားရှိပါတယ်။ ဘာဝစက်မှာ လဂ်သခင် ၀-နေဂြိုဟ်ဟာ ၈-တန့် ဒုဌာန ဘာဝမှာ ရပ်နေပြီး၊ Operation ရဲ့ကာရက ၃-င်္ဂါ ဂြိုဟ်နဲ့ ပူးယှဉ်နေပါတယ်။ ၈-တန့် ဘာဝဟာ Operation ဘာဝလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဇာတာရှင်ဟာ ခွဲစိပ် ကုသ မှုကြောင့် နာကြင်မှုကို ခံစားရမှာပါ။ (ဒီနေရာမှာ လဂ်သခင်ဂြိုဟ် ၀-နေဟာ အခြားကောင်းတဲ့ ဘာဝ တစ်ခုခုမှာ ရပ်သင့်ပါတယ်)။ ဒါပေမယ့် ကံကောင်းတာက ၈-တန့် ဘာဝကိုရော၊ ၈-တန့်ဘာဝမှာ ရပ်နေတဲ့ လဂ်သခင် ၀-နေဂြိုဟ်ကိုရော၊ ဝဂုတ္တမနဝင်းစီးထားတဲ့ ၂-တန့်၊ ၁၁တန့်သခင် အတိသောမဂြိုဟ် ၅-တေးက Trine Aspect (တြိကောဏအမြင်) နဲ့ လှမ်းမြင် ထားပါတယ်။
တဂျကာ(Tajaka) စနစ် အလိုအရ– လဂ်သခင် ၀-နေဂြိုဟ်ထက် အသွား မြန်တဲ့ ၁၁တန့်သခင် ၅-တေးဂြိုဟ်က ၀-နေဂြိုဟ်ထက် အံသာ၊ လိတ္တာ ပိုနည်းပြီး၊ ၀-နေဂြိုဟ်ရဲ့ နောက်မှာရောက်နေလို့ Ithasala Yoga (ဣဌသလယုဂ်) ရပါတယ်။ ကံကောင်းတဲ့ယုဂ်တစ်ခု ဖြစ်ပါတယ်။ Trine Aspect နဲ့လည်း လှမ်းမြင် ထား တဲ့အတွက် လွယ်ကူစွာဖြင့် Operation အောင်မြင်မယ်ဆိုတာ ဖော်ပြနေ ပါတယ်။ ၅-တေးက ၂-တန့်(ဓန)ဘာဝ နဲ့၊ ၁၁-တန့်(လာဘ) ဘာဝသခင် ဖြစ်လို့ Operation လုပ်တဲ့အခါ ငွေရေးကြေးရေး ပူစရာမလိုဘူး ဆိုတာ ဖော်ပြနေ ပါတယ်။
၎-တန့်(မိခင်)ဘာဝနဲ့၊ ၉-တန့်(ဖခင်/ဆရာသမား)ဘာဝ သခင်ဖြစ်တဲ့ ၆-ကြာဂြိုဟ်က ကသစ်အားနဲ့ ရပ်ပြီး၊ လဂ်သခင် ၀-နေဂြိုဟ်နဲ့ ဣဌသလယုဂ် ရကာ၊ လဂ်သခင် ၀-နေဂြိုဟ်ကို Trine Aspect နဲ့ လှမ်းမြင် ထားပါတယ်။ ဒါ့ကြောင့် သူ Operation လုပ်တဲ့နေ့မှာ အမေရော၊ အဖေပါ လိုက်ပါစောင့်ရှောက်ခဲ့ပါတယ်။ ဆရာကောင်း သမားကောင်းနဲ့လည်း ကုသခွင့်ရခဲ့ပါတယ်။ မိခင်ရဲ့ ကာရက ၂-င်္လာဂြိုဟ်က လဂ်သခင် ၀-နေ ဂြိုဟ်နဲ့ Square Aspect (ကိန်းအမြင်) မြင်နေတာကြောင့် မိခင်က ပိုခံစားရပါတယ်။
Operation နဲ့ ပါတ်သက်တဲ့ ၈-တန့် (ဒုဌာန ဘာဝ) သခင် ၄-ဟူးဂြိုဟ်ဟာ ဝကြကျင့်နေပြီး၊ ၆-တန့် ဒုဌာန ဘာဝ မှာရပ်နေပါတယ်။ ၄-ဟူးဂြိုဟ်ဟာ အားကောင်းတဲ့ ၅-တေးနဝင်းကို စီးထားပါတယ်။ ဒုဌာနဘာဝ သခင်၊ ဒုဌာနဘာဝမှာရပ်တော့ ဆိုးတာတွေပျောက်သွားပါတယ်။ ၄-ဟူးဂြိုဟ်ဟာ လဂ်သခင် ၀-နေဂြိုဟ်နဲ့ ဣဌသလယုဂ် ရကာ၊ လဂ်သခင် ၀-နေဂြိုဟ်ကို Sextile Aspect နဲ့ လှမ်းမြင် ထားလို့ Operation အောင်မြင်မယ် ဆိုတာ ဖော်ပြနေပါတယ်။
၁၀-တန့်ဘာဝ(အလုပ်) သခင် ၃-င်္ဂါဂြိုဟ်က ၈-တန့်ဘာဝမှာရပ်ပြီး၊ ၁၂-တန့်သခင် ၀-နေဂြိုဟ်နဲ့ ပူးယှဉ်နေလို့ ဇာတာရှင်ဟာ အလုပ်နဲ့ လွဲချော်ခဲ့ရပါ တယ်။ ဒါပေမယ့် အားကောင်းတဲ့ ၁၁-တန့်သခင် ၅-တေးဂြိုဟ်က အပြည့်နီးပါး မြင်တာရယ်၊ လဂ်သခင် ၀-နေနဲ့ ပူးယှဉ်ကာ ဣဌသလယုဂ် ရထားတာရယ်ကြောင့် အလုပ်ကတော့ သေချာပေါက်ပြန်ရမှာဖြစ်ပါတယ်။ (October လတွင် သင်္ဘောပြန်တင်ပေးမည်ဟု ကုမ္ပဏီမှ ပြောပါသည်။)၃-င်္ဂါဂြိုဟ်က ၃-တန့် (မွေးချင်းအငယ်) ဘာဝ သခင်ဖြစ်လို့ ဆးရုံမှာစောင့်ရှောက်ဖို့ ညီငယ်၊ ညီမငငယ်တွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ ၁၁-တန့်သခင် ၅-တေးဂြိုဟ်က အပြည့် နီးပါး မြင်တာရယ်၊ လဂ်သခင် ၀-နေနဲ့ ပူးယှဉ်ကာ ဣဌသလယုဂ် ရထားတာရယ်ကြောင့် ညီငယ်၊ ညီမငယ်တွေနဲ့ အဆင်ပြန်ပြေ သွားမှာဖြစ်ပါတယ်။ ကျွန်တော် ပြောခြင်တဲ့ မူလဇာတာဖြစ်စေ၊ အခါဇာတာဖြစ်စေ (၁၀၀)% မကောင်းနိုင်ပါဘူးဆိုတာက Operation တော့အောင်မြင်တယ်။ ညီငယ်၊ ညီမငယ်တွေ နဲ့ တော့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ အကောင်းအဆိုး ဒွန်တွဲနေတဲ့ သဘောပါ။
၎င်းနေ့တွင် ၅-တေးထူလ၊ ၄-ဟူးအ န္တရ ၊ ၀-နေ ပြတန္တရဒသာ စားနေ၏။ KP ပညာအလိုအရ ပြောရရင် တော့ အားကောင်းတဲ့ ၅-တေးနဲ့ဆိုင်တဲ့ “Jupiter Star Day” ဖြစ်ပါတယ်။
“အင်္ဂဝိဇ္ဇာပညာရပ်ကြီးနှင့် သုံးသပ်ကြပါဦးစို့။”
Operation လုပ်ချိန်သည် ၄-ဟူးနေ့၊ ည (၉း၀၀)နာရီတွင်ဖြစ်၍၊ ၀-နေအခါဖြစ်၏။ ၅-တေး ဆပွတ်တွင် ရှိ၍၊ မိတ်ဂြိုဟ်ဖြစ်သော ၁-နွေဂြိုဟ် စီးထား၏။ ၅-တေးသား၏ အာယုဂြိုဟ်/အမြစ်ဂြိုဟ်ကလည်း နဝင်းတွင် ရပ်တည်နေ၍၊ အင်္ဂဝိဇ္ဇာပညာအရလည်း အခါကောင်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com