May လမွေးဖွားသူများအတွက်

           May လကို သောကြာဂြိုဟ်က  လွှမ်းမိုးသည်။

စရိုက်လက္ခဏာများ။

           သင်သည် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ သည်းခံနိုင်မှုစွမ်းရည်နှင့်အလွန်  ပြည့်ဝပြီး၊ အလွန် ဖော်ရွေတတ်သည်။ သင်သည် အသင်းအဖွဲ့များ၊ ခရီးသွား လာခြင်းများ၊ ရုပ်ရှင်ရုံများ၊ ကဇာတ်ရုံများကို ချစ်ခင် နှစ်သက်သည်။ သင့်တွင် ကျွမ်းကျင်လှပစွာ ဖန်တီးနိုင်သော အနုပညာ အရည်အချင်းရှိပြီး၊ မိမိိ၏ အိမ်နှင့် အဝတ် အစားများကို ကောင်းစွာ တန်ဆာဆင်တတ်သည်။ သင်ပိုင်ဆိုင်တာထက် ပို၍ ချမ်းသာသည်ဟု အခြားသူများက သင့်အားထင်မြင်တတ်သည်။ အချစ်ရေးတွင် သင်သည် သဘော ထားကြီးတတ်ပြီး၊ စွန့်လွှတ်အနစ်နာ ခံတတ်သည်။ သင်သည် ခံစားမှုပြင်းထန်သူ တစ်ဦးလည်း ဖြစ်သည်။

ကံကောင်းစေသောနေ့များ။

        သင့်အတွက် ကံကောင်းစေသောနေ့များမှာ- တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် သောကြာနေ့များ ဖြစ်သည်။ ၄င်းနေ့များတွင် အရေးကြီးသော ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်သင့်သည်။

ကံကောင်းစေသောအရောင်များ။

        သင်သည် နှင်းဆီရောင်၊ အပြာရောင် (သို့) ပန်းရောင် အ၀တ်အစားများကို ၀တ်ဆင်လျှင် ကံကောင်း စေလိမ့်မည်။

ကံကောင်းစေသောကျောက်မျက်ရတနာများ။

ပုလဲ၊ စိန် နှင့်မြ တို့သည် ကံကောင်းစေသောကျောက်မျက်ရတနာ များဖြစ်ကြသည်။

မှတ်ချက်။     ။ အထက်တွင်ဖော်ပြထားသော ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ နှင့် မိမိ၏ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို တိုက်ဆိုင် စစ်ဆေးပြီး၊ တူရာကိုသာ သုံးစွဲကြပါရန်နှင့်၊ မွေးဂဏန်း အရ ကံကောင်းစေသော နေ့၊ အရောင်၊ ကျောက်မျက် ရတနာများ ကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

f@cebook: sayauzarni  kp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s