ကမ္ဘောဇဘဏ်သတင်း အကြောင်းကိုတော့ ဆရာဗိုလ် မှလည်း ပြည့်ပြည့်စုံစုံသုံးသပ် တင်ပြပြီးဖြစ်ပါသည်။ ကျွန်တော်ကလည်း K.P ပညာဖြင့် ထပ်မံ၍ သုံးသပ်ကြည့်မိပါသည်။
Astro Data
Date: 7.10.2012(Sun) Time: 00:25:24 (M.S.T)
Random No: 30 Place: Yangon
Query: ကမ္ဘောဇဘဏ်သတင်းမှန်မလား?
အထက်ပါ Astro Data များကို K.P ဟူးရားဇာတာဖွဲ့လျင် အောက်ပါအတိုင်း ရရှိမည်-
ဥပဒေသ
K.P ဥပဒေသအရ ကြားသောသတင်းမှန် မမှန်ကို ၃-တန့် Sub-lord ဖြင့် ဆုံးဖြတ်ရသည်။ အကယ်၍ ၃-တန့် Sub-lordသည်-
(၁)။ ၅-တေးဖြစ်ပါက- သတင်းမှန်ဖြစ်သည်။
(၂)။ ၃-င်္ဂါဖြစ်ပါက – သက်သက်ချောက်တွန်းသောသတင်းဖြစ်သည်။
(၃)။ ၀-နေဖြစ်ပါက – သတင်းမှားဖြစ်သည်။
ယခုဇာတာတွင် ၃-တန့် Sub-lordသည် ၈-ဟုဖြစ်သည် ။(High Light ဖြင့်ပြထားပါသည်)။ ၈-ဟုဂြိုဟ်သည် အိမ်ပိုင်မရှိသည့်အတွက် –
(က)။ ပူးသောဂြိုဟ်၏အလုပ်ကို ပထမ။
(ခ)။ မြင်သောဂြိုဟ်၏ အလုပ်ကိုဒုတိယ။
(ဂ)။ စီးနက္ခတ်ဂြိုဟ်၏ အလုပ်ကို တတိယ။
(ဃ)။ ရာသီအိမ်ရှင်ဂြိုဟ်၏ အလုပ်ကို စတုတ္ထ ကိုယ်စားပြုဆောင်ရွက်ပေမည်။
အထက်ပါဇာတာတွင် ၈-ဟုဂြိုဟ်သည် (214ံ13’ 46”) တွင်ကျရောက်၍ ၃-င်္ဂါဂြိုဟ် (215ံ47’ 32”)နှင့် နီးကပ်စွာပူးယှဉ်နေပါသည်။ ထို့ပြင် ၈-ဟုဂြိုဟ်သည် ၃-င်္ဂါဂြိုဟ်ပိုင် ဗြိစ္ဆာရာသီတွင် ရပ်နေ၍ ၃-င်္ဂါဂြိုဟ်၏ အလုပ်ကိုလုပ်ပေမည်။ ထို့ကြောင့် အထက်ပါ ဥပဒေ (၂)၊ (က)၊ (ဃ) တို့အရ ကြားသောသတင်းသည် သက်သက်ချောက်တွန်းသောသတင်းဖြစ်သည်။
ဥပဒေသ (ခ)အရ ၅-တေးနှင့် အမြင်အံသာအတွင်းမရှိ၍ ၈-ဟုဂြိုဟ်နှင့် မြင်သောဂြိုဟ်မရှိ။ ၈-ဟုဂြိုဟ်သည် ၀-နေနက္ခတ်၊ ၀-နေဘုတ္တိနက္ခတ်တို့ကို စီးနင်းထားရာ ဥပဒေသ (၃) နှင့် (ဂ) အရ သတင်းမှားဖြစ်သည်။
Conclusion
ကမ္ဘောဇဘဏ်သတင်းသည် သက်သက်ချောက်တွန်းသောသတင်းဖြစ်ပြီး၊ သတင်းမှားဖြစ်သည်။
(ကမ္ဘောဇဘဏ်နှင့်ကျွန်တော် ပါတ်သက်မှုမရှိပါ။ ဗေဒင်အမြင်ရှုထောင့်မှ ရိုးစင်းစွာသုံးသပ်ထားခြင်း ဖြစ်ပါသည်။)
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com