Daily Archives: 3 Nov 2012

👼အောင်ဆုလည်းပွား ဂြိုဟ်ယောက်ျား

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် ဆီအုန်းစက်ရုံဆောက်နေစဉ်ကာလ…။

တစ်ညတွင်တော့ စီးမံကိန်းခန်းမဆောင်အတွင်း စီမံကိန်းမန်နေဂျာ ဦးအောင်ဂျမ်း၊ စိုက်ပျိုးရေးတာဝန်ခံ ဦးစောနောင်၊ စိုက်ပျိုးရေးအဖွဲ့ခေါင်းဆောင် ဦးစိန်ဝင်း၊ ဦးဝင်းမြင့်၊ ကျွန်တော်ဦးဇာနည်နှင့် ဦးစိန်ဝင်း၏အစ်ကိုကြီး (အမည်မသိ)တို့ အစည်းအဝေး လုပ်အပြီး ဦးစိန်ဝင်းမှ မကြာမီမွေးဖွားတော့မည့် ၄င်း၏မြေးဦးလေးအား “ယောက်ျားလေးလား၊ မိန်းကလေးလား” ဟုမေးမြန်းလာပါတော့သည်။

မြို့နှင့် အလှမ်းဝေးသော နေရာဖြစ်ရကား Ultrasound မရှိ။ ဗေဒင်ဆရာကိုသာ အားကိုးရလေတော့၏။

ကျွန်ုပ်လည်း ထိုင်နေတဲ့လူများရဲ့ နာမည်တွေကိုစဉ်းစားလိုက်တော့…

ဦးအောင်ဂျမ်း – ၁-နွေနာမည်ရှင် (အောင်)

ဦးစောနောင် – ၃-င်္ဂါ နာမည်ရှင် (ဆု)

ဦးစိန်ဝင်း – ၃-င်္ဂါ နာမည်ရှင် (ဆု)

ဦးဝင်းမြင့် – ၄-ဟူးနာမည်ရှင် (လည်း)

ဦးဇာနည် – ၃-င်္ဂါ နာမည်ရှင် (ဆု) ဟုသွားတွေ့၏။

လက်ဆန်းဗေဒင်တွင် ကျား/မ ကို အောက်ပါအတိုင်းခွဲထားလေ၏-

🟩အောင်(၁)၊ ဆု(၃)၊ လည်း(၄)၊ ပွား(၅) – ဂြိုဟ်ယောက်ျား။

🟨ခြေ(၂)၊ သွား(၆)၊ ထိန်း(၀)၊ ရ(၈) – ဂြိုဟ်မိန်းမ။

ဦးစိန်ဝင်း၏အစ်ကိုကြီးကိုတော့ အမည်မသိ။ ကိစ္စမရှိ။ ထိုင်နေသူခြောက်ယောက်တွင် ငါးယောက်က ကျားနာမည် များဖြစ်နေ ၍ ယောက်ျားလေးမွေးမည်ဟု ဟောခဲ့၏။ နောက်နှစ်ရက်အကြာ တနင်္လာနေ့တွင် ခမောက်ကြီးဆေးရုံ၌ မြေးဦးယောက်ျားလေးအား ဖွားမြင်ခဲ့လေ ၏။ နောင်အခါ ဦးစိန်ဝင်း၏အစ်ကိုကြီး နာမည်မှာ ဦးကျော်အေး(တနင်္လာ) ဖြစ်ကြောင်းသိရသောအခါတွင် ၄င်းနိမိတ်အရ ကလေးမှာ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်ဟု သုံးသပ်မိလေ၏။

ယ္ခင်ကသာ ထိုပုဂ္ဂိုလ်ကြီး၏အမည်ကိုသိခဲ့လျင် တနင်္လာနေ့မွေးမည်ဟု ပြောနိုင် မပြောနိုင် သုံးသပ်နေမိယင်း…..🤔

“သင်တို့၏ ဘဝအမောများပြေပါစေသတည်း….”

ဆရာဇာနည်

Email: sayauzarni@gmail.com