မြေကွက်ဈေးတင်ရောင်းရင်ရမလားနှင့် KP ပညာ

Land for sale

“ ကိုဇာနည်…၂၀၁၁ခုနှစ်တုန်းက ကျွန်တော့်အစ်ကိုမြေကွက်ရောင်းမလို့တွက်တော့  ၂၀၁၃ခုနှစ်ကုန်မှရောင်းလို့ ပြောထားတာ၊ အခု သိန်း(၁၂,၀၀၀) လာပေးလို့.. အဲဒါ ဈေးနည်းနည်းတင်ပြီး ရောင်းရင်ရမလားလို့ တွက်ပေးပါဦး…သူကြိုက်တဲ့နံပါတ်က (၁၁၇) တဲ့…”

          ညီလေးကဲ့သို့ ခင်မင်ရင်းနှီးသော ကျော်ကြီးမှ (၃၁.၇.၂၀၁၃) နေ့တွင်ဖုန်းဆက်လာတော့ ကျွန်တော်လည်းချက်ချင်း ချတွက်မိ၏။ ကာယကံရှင်ကိုယ်တိုင်ပေးတဲ့ နံပါတ်ဖြစ်တော့ ဇာတာကို လှည့်စရာမလိုတော့၊ တန်းတွက်၍ရ၏။

Kyaw Gyi

Astro Data

Date: 31.07.2013 (Wed)                                            Time: 16:06:06 (M.S.T)

Given Number: 117                                                   Place: Yangon, Myanmar

Question: မြေကွက်ဈေးတင်ရောင်းရင်ရမလား?

အထက်ပါ Astro data များကို KP ဟူးရားဇာတာဖွဲ့လျင် အောက်ပါဇာတာကိုရရှိမည်-

Mr.A

ဥပဒေသ

        KP ပညာတွင် ဘာပဲရောင်းရောင်း ၁၀-တန့်သန္ဓိ Sub-lord ဖြင့် ဆုံးဖြတ်ရသည်။ အဘယ်ကြောင့်နည်း။ ၄-တန့်ဘာဝသည် မြေနှင့်ဆိုင်၏။ သင်နှင့်ဆက်ဆံမည့် သူသည် ၇-တန့်ဖြစ်၏။ သင်ရောင်းလျင်သူပိုင်မည်။ သူ၏ပိုင်ဆိုင်ခြင်းဖြစ်၍ ၇-တန့်မှရေတွက်လျင် ၄-တန့်ဖြစ်သော ၁၀-တန့်ဘာဝကို ဆုံးဖြတ်ရခြင်းဖြစ်၏။

Analysis

        အထက်ပါဇာတာတွင် ၁၀-တန့်သန္ဓိ Sub-lord သည်  ၆-ကြာဂြိုဟ်ဖြစ်၏။ (High Light) ဖြင့်ပြထားပါသည်)။  ၆-ကြာဂြိုဟ်သည် ၁၁-တန့်(ဆန္ဒပြည့်ဘာဝ) တွင်ရပ်၍၊ ၁၁-တန့်ဘာဝတွင်ရပ်သော မိမိပိုင် ၆-ကြာနက္ခတ်ကိုစီးထား၏။

Conclusion

        ကျွန်တော်လည်း အောက်ပါအတိုင်း တိုတိုတုတ်တုတ်ပင် မြန်မာစာဖြင့် Message ပြန်ပို့လိုက်လေ၏ –

“ ဆန္ဒပြည့်ဝမည်။ ဈေးတင်ရောင်း၍ရမည်။ မြတ်မည်”…ဟူ၍..။

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

          တစ်နေ့သ ကျွန်ုပ်ထံသို့ အောက်ပါထောက်ခံစာ စာတိုက်မှရောက်ရှိလာလေ၏။

“မြေကွက်အမြန်ရောင်းထွက်ပြီ”

          ကျွန်တော့်မြေကွက်ရောင်းမထွက်လို့ (၃၀.၆.၂၀၁၃)နေ့တွင် ဆရာဦးဇာနည်ထံမှာ ယတြာအစီအရင် သွားရောက်တောင်းခံခဲ့ပါတယ်။ ဆရာပေးတဲ့အစီအရင်အတိုင်းလုပ်လိုက်တာ (၁၄.၇.၂၀၁၃) နေ့တွင် မြေကွက်အား သိန်း(၂၀၀၀) ဖြင့် ရောင်းချခဲ့ရပါတယ်။ ကျွန်တော့်ဆရာကတော့… Online ပေါ်က ဆရာဦးဇာနည် (AKHARPAYBAYDIN) ပဲ ဖြစ်ပါတယ်…

ဦးဖိုးတုတ်

အမှတ်(မရှိ)၊ လမ်း (မရှိ)၊ ကီလီဗောတံတား၊

လမ်းမတော်မြို့နယ်။

2 Comments

  1. ဆရာပြန်လာပြီပေါ့…အရမ်းဝမ်းသာပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s