GSM SIM CARD ဘယ်တော့ရမလဲနှင့် KP ပညာ

SIM CARD

                   ကျွန်တော် GSM SIM CARD တစ်ကဒ် လိုချင်တော့  GSM CARD တွေမရောင်းတော့။ မဲဖောက်နေသော ကာလနှင့်ကြုံကြိုက်၍ စာရင်းတော့ပေး ထားလိုက်၏။ ဘယ်အချိန်ရမလဲဆိုတာတော့ KPပညာဖြင့်တွက်ကြည့်လိုက်မိ၏။

Astro Data

Date: 24.7.2013 (Wed)                                    Time: 00:40:45 (M.S.T)

Random Number: 86                                       Place: Yangon

Query: GSM SIM CARD ဘယ်တော့ရမလဲ?

အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျင် အောက်ပါဇာတာကိုရရှိမည်-

GSM SIM CARD

Rule

        ၃-တန့်ဘာဝသည် ဆက်သွယ်ရေးဘာဝဖြစ်၏။ ထို့ကြောင့် ၃-တန့် Sub-lord သည် ၃-တန့်၊ ၉-တန့် (မိမိနှင့်ဆက်ဆံမည့် တစ်ဖက်သူ၏ ၃-တန့်/ ၇-တန့် မှရေတွက်သော် ၃-တန့်)၊ ၁၁-တန့်(ဆန္ဒပြည့်ဘာဝ) တို့၏ ဇာတ်ဆောင်ဖြစ်လျင် SIM CARD ရမည်။

Moon Reflects the Mind 

                ၂-င်္လာဂြိုဟ်သည် စိတ်၏ ကာရကဂြိုဟ်ဖြစ်၏။ ထို့ကြောင့် ဆရာကြီး KSKက ဟူးရားမေးခွန်းများတွင် စိတ်နှင့်ဆိုင်သော ၂-င်္လာဂြိုဟ်သည် သက်ဆိုင်ရာမေးခွန်းနှင့် ဆက်စပ်မှသာ ရှေ့ကိုဆက်ပြီးဟောခိုင်း၏။

                    အထက်ပါဇာတာတွင် ၂-င်္လာဂြိုဟ်သည် ၆-တန့်ရပ်၊ ၁၂-တန့်ပိုင်ရှင်ဖြစ်ပြီး၊ မိမိပိုင် ၂-င်္လာနက္ခတ်ကို စီးထား၏။ ၃-တန့်သခင် ၆-ကြာ Sub တွင် ကျရောက်နေ၏။ ထို့ကြောင့် ၂-င်္လာဂြိုဟ်သည် SIM CARD ကို အမှန်တကယ်လိုချင်နေကြောင်း ဖော်ပြနေပြီဖြစ်၍ ရှေ့ဆက်ဟောရပေမည်။

Analysis                                        

Primary Cusp (3rd Cusp):  အထက်ပါဇာတာတွင် ၃-တန့် Sub-lord သည် ကိတ်ဂြိုဟ်ဖြစ်၏။ ကိတ်ဂြိုဟ်သည် ၉-တန့်ဘာဝတွင် ရပ်တည်နေ၏။ (High Light ဖြင့်ပြထားပါသည်။) ထို့ကြောင့် SIM CARD ရမည်မှာသေချာနေပြီဖြစ်၏။

Secondary Cusp (9th Cusp & 11th Cusp): အထက်ပါဇာတာတွင် ၉-တန့်နှင့် ၁၁-တန့် Cuspal Sub-lord များသည် ၆-ကြာဂြိုဟ်ဖြစ်၏။ ၆-ကြာဂြိုဟ်သည် ၉-တန့်ရပ် ကိတ်နက္ခတ်ကိုစီးထား၏။ (High Light ဖြင့်ပြထားပါသည်။) ထို့ကြောင့် Secondary Cusp များကပါ ထောက်ပံ့နေပြီဖြစ်၍  SIM CARD ရမည် မှာသေချာနေပြီဖြစ်၏။

          မည်သည့်ကာလတွင်ရမည်နည်းဆိုလျင် ၃-တန့်၊ ၉-တန့်၊ ၁၁-တန့် ဇာတ်ဆောင်တို့၏ ဒသာကာလတွင် ရပေမည်။

Significators (ဇာတ်ဆောင်ဂြိုဟ်များ)

(၁) ၃-တန့် ဇာတ်ဆောင်ဂြိုဟ်များ ။        ။ ၃-တန့်ဘာဝတွင် ၀-နေ နှင့် ၈-ဟုဂြိုဟ်တို့ရပ်၏။ ၁-နွေဂြိုဟ်သည် ၀-နေနက္ခတ်ကိုစီး၏။ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၀-နေ၊ ၈-ဟု ဂြိုဟ်တို့သည် ၈-ဟုနက္ခတ်ကိုစီး၏။ ထို့ကြောင့်  ၃-တန့် ဇာတ်ဆောင်ဂြိုဟ်များမှာ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၀-နေ၊ ၈-ဟု ဂြိုဟ်တို့ဖြစ်ကြ၏။

(၂) ၉-တန့် ဇာတ်ဆောင်ဂြိုဟ်များ ။       ။ ၉-တန့်ဘာဝတွင် ကိတ်ဂြိုဟ်ရပ်၏။ ၆-ကြာဂြိုဟ်သည် ကိတ်နက္ခတ်ကိုစီး၏။ ထို့ကြောင့်  ၉-တန့် ဇာတ်ဆောင်ဂြိုဟ်များ မှာ ၆-ကြာနှင့် ကိတ် ဂြိုဟ်တို့ဖြစ်ကြ၏။

(၃) ၁၁-တန့် ဇာတ်ဆောင်ဂြိုဟ်များ ။     ။ ၁၁-တန့်ဘာဝတွင် ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး  ဂြိုဟ်တို့ရပ်၏။ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး နက္ခတ်များကို စီးသည့်ဂြိုဟ်မရှိ။ ထို့ကြောင့် ၁၁-တန့် ဇာတ်ဆောင်ဂြိုဟ်များမှာ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး ဂြိုဟ်တို့ဖြစ်ကြ၏။

          ထို့ကြောင့် ၃-တန့်၊ ၉-တန့်၊ ၁၁ -တန့် ဇာတ်ဆောင်ဂြိုဟ်များမှာ ၃-င်္ဂါ၊ ၄-ဟူး၊ ၅-တေး၊ ၆-ကြာ၊ ၀-နေ၊ ၈-ဟု နှင့် ကိတ်ဂြိုဟ်  တို့ဖြစ်ကြ၏။

၎င်းတို့ထဲမှ အားကြီးသော ဇာတ်ဆောင်ဂြိဟ်များကို ရွေးထုတ်ရန် စိုးမိုးဂြိုဟ်များနှင့် တိုက်ဆိုင်စစ်ဆေး ရပေမည်။

Ruling Planets (စိုးမိုးဂြိုဟ်များ)

        တွက်ချိန်တွင်ရှိသော စိုးမိုးဂြိုဟ်များမှာ အောက်ပါအတိုင်းဖြစ်လေ၏ –

(၁) လဂ်သခင်ဂြိုဟ် – ၃-င်္ဂါ/ ကိတ် (၃-င်္ဂါအိမ်တွင်ရပ်၏။)

(၂) လဂ်စီးနက္ခတ် – ၆-ကြာ/ ၈-ဟု ( ၆-ကြာအိမ်တွင်ရပ်၏။)

(၃) စန်းသခင် – ၀-နေ

(၄) စန်းစီးနက္ခတ် – ၂-င်္လာ

(၅) နေ့သခင် – ၃-င်္ဂါ (နေမထွက်သေး၍ ၃-င်္ဂါပဲယူရ၏။)

ထို့ကြောင့် စိုးမိုးဂြိုဟ်များမှာ- ၂-င်္လာ၊ ၃-င်္ဂါ၊ ၆-ကြာ၊ ၀-နေ၊ ၈-ဟု နှင့် ကိတ်ဂြိုဟ်တို့ဖြစ်ကြ၏။

          ဇာတ်ဆောင်ဂြိဟ်များနှင့် စိုးမိုးဂြိုဟ်များကို တိုက်ဆိုင်စစ်ဆေးသော် အားကြီးသော ဇာတ်ဆောင်ဂြိုဟ် များမှာ-  ၃-င်္ဂါ၊ ၆-ကြာ၊ ၀-နေ၊ ၈-ဟု နှင့် ကိတ်ဂြိုဟ်တို့ဖြစ်လာကြ၏။

Dasa (ဒသာဂြိုဟ်များ)

        လက်ရှိတွင် ၂-င်္လာထူလ၊ ၆-ကြာဘုတ္တိ၊ ၃-င်္ဂါအန္တရ ဒသာသည် (24.7.2013) မှ (18.8.2013) အထိ စား၏။

၂-င်္လာထူလဒသာ

          ၂-င်္လာသည် အားကြီးသော ဇာတ်ဆောင်ဂြိဟ် များထဲတွင် တိုက်ရိုက်မပါဝင်ချေ။ နောက်လာမည့် ထူလဒသာ၃-င်္ဂါသည် (၈.၃.၂၀၁၅)မှ စားမည်ဖြစ်ရာ ဤမျှလောက်ကြာစရာ အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၁-တန့်သန္ဓိ Sub-lord သည် ဂြိုဟ်မြန် ၁-နွေဂြိုဟ်ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိ ထူလ၂-င်္လာဒသာသည် အားကြီးသော ဇာတ်ဆောင်ဂြိဟ်ဖြစ်သည့် ၃-င်္ဂါ၏ ၈-တန့်အထူးမြင်နှင့် မြင်ခြင်းခံထားရသည်ဖြစ်ရာ ၂-င်္လာထူလဒသာကိုယူ၏။

၆-ကြာဘုတ္တိဒသာ

အားကြီးသော ဇာတ်ဆောင်ဂြိဟ်ဖြစ်၍ ယူ၏။

၃-င်္ဂါအန္တရ ဒသာ

အားကြီးသော ဇာတ်ဆောင်ဂြိဟ်ဖြစ်၍ ယူ၏။

Conclusion

        ထို့ကြောင့် (24.7.2013) မှ (18.8.2013) အတွင်း GSM SIM CARD ပိုင်ဆိုင်ပေမည်။

Actual Outcome

        (3.8.2013)တွင်  ၁၅၀၀ကျပ်တန် GSM SIM CARD အား (၁၈၀,၀၀၀)ကျပ်ဖြင့် အမည်ပေါက် ဝယ်ယူခဲ့ပြီးဖြစ်၏။

             အမည်မပေါက် ၁၅၀၀ကျပ်တန် SIM CARD များအား (၁၂၀,၀၀၀)ကျပ်ဖြင့် ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။

                    ကဲ….ဆောင်းပါးလည်းရှည်သွားပြီ။ ပြောချင်တာတွေလည်း ပြောပြီးပြီဆိုတော့ သစ္စာ(၄)ပါးကိုက်အောင် သွားကြဦးစို့။ 

Sim Card လိုခြင်တာက…..သမုဒယသစ္စာ။

Sim Card မဲမပေါက်တာက……ဒုက္ခသစ္စာ။

Sim Card ရဖို့ မဲသွားနှိုက်တာက….မဂ္ဂသစ္စာ။

Sim Card မဲပေါက်ပြီးသူများ နောင်တစ်ဖန်ထပ်၍ မဲမနှိုက်ရတာက…နိရောဓသစ္စာ။

                  ဤတွင် သစ္စာလေးချက် အနက်ကိုက်သဖြင့် အားလုံးကိုယ်စီကိုယ်စီ ကျင့်ကြံအားထုတ်ကြ၍ Sim Card များမဲပေါက်၊ အဲ….မဂ်တရား ဖိုလ်တရားများ ရရှိနိုင်ကြပါစေသတည်း….။

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

2 Comments

  1. ကျွန်တော်လဲမြေရောင်းချင်တယ်ရောင်းမထွက်ဘူးဖြစ်နေတယ်

    1. ​မြေကွက်​​ရောင်းထွက်​ဖို့ စီရင်​ထားတဲ့ အင်း​တွေရှိရင်​ စွန့်​လိုက်​ပါ။ မကြာခင်​​ရောင်းထွက်ပါလိမ့်​မယ်​။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s