၂၀၁၃ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ကဆီးရီးယားအစိုးရမှဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်သည် ဟူသောစွပ်စွဲချက်ဖြင့် အမေရိကန်မှဆီးရီးယားအားစစ်ရေးအရအရေးယူရန် စိုင်းပြင်းနေလေ၏။
ထို့ကြောင့်အမေရိကန်ကဆီးရီးယားအားတကယ်တိုက်မတိုက်ကိုဆပဉ္စီးကားဟူးရားဗေဒင်ကျမ်းလာ ဥပဒေသများနှင့် သုံးသပ်ကြည့်မိပါသည်။
ဆပဉ္စီးကားဟူးရားဗေဒင်ကျမ်းဟာပရာသနကျမ်းတွေထဲကနာမည်ကျော်ကျမ်းတစ်ခုဖြစ်ပြီးအရှေ့တိုင်းမှာရောအနောက်တိုင်းမှာပါ နာမည်ကျော်ကြားလှပါတယ်။ ဂါထာပေါင်း(၅၆)ပုဒ်နဲ့ တန်ဆာဆင်ထားပြီး ဝရာဟမိဟိရဆရာမြတ်ရဲ့သား ပရိသုယဇကစီရင်ရေးသားခဲ့တာဖြစ်ပါတယ်။လက်တွေ့လေ့လာကြည့်ကြပါစို့။
Astro Data
Date: 4.9.2013(Wed) Time: 00:54:00 (M.S.T)
Place: Yangon
Query: အမေရိကန်ကဆီးရီးယားကိုတကယ်တိုက်မှာလား?
အထက်ပါ Astro Data များကိုဟူးရားဇာတာဖွဲ့လျင် အောက်ပါဟူးရားဇာတာကိုရရှိမည်-
ဆပဉ္စီးကားဟူးရားဗေဒင်ကျမ်းဂါထာ(၁၆)၌အကြင်သူသည် – သူ့ထံသို့လာနေသောရန်သူနှင့် ပတ်သက်၍ မေးမြန်းလာအံ့။ စန်း၊ လဂ်နှင့် စရရာသီ၊ ဒွေးဒဟရာသီတို့၏ သဘာဝကိုကြည့်၍ သိရာ၏။
{စရရာသီ၌စန်းရပ်တည်၍ ဒွေးဒဟရာသီ၌လဂ်ရှိနေစဉ် မေးလာပါကရန်သူသည် ခရီးလမ်းသို့ရောက်မှ ပြန်လှည့်သွားလေပြီဟုဟောရပေမည်။}
အထက်ပါဇာတာတွင် မေထုန်လဂ် (ဒွေးဒဟလဂ်)၊ကရကဋ်စန်း(စရစန်း) ဖြစ်သည်။ထို့ကြောင့် ရန်သူသည် ခရီးလမ်းသို့ရောက်မှ ပြန်လှည့်သွားလေပြီဟုဆိုထားသည့်အတိုင်း –
“အမေရိကန်သည် ဆီးရီးယားအားတိုက်မလိုလုပ်ပြီးမှ နောက်ပြန်ဆုတ်သွားပေ လိမ့်မည်…။”
(Notes:လဂ်တွင် ၇-တန့်နှင့် ၁၀-တန့်သခင်လည်းဖြစ်၊ လဂ်စီးနဝင်းသခင်လည်းဖြစ်သော သောမဂြိုဟ် ၅-တေးပူးထားခြင်းကဆီးရီးယားကိုကံကောင်းစေလိမ့်မည်။)
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com
“အခါပေးသုတ”
(၁)။ ဇာတာရှင်၏ လဂ်သခင်ဂြိုဟ် ဝကြကျင့်နေသောအချိန်တွင် မင်္ဂလာအခါ မပေးကောင်း။
(၂)။ တနင်္ဂနွေဂြိုဟ် မည်သည့်ရာသီမဆိုပြောင်းခါနီး၁အံသာ၊ ပြောင်းပြီး၁ အံသာတွင်မင်္ဂလာအခါ မပေးကောင်း။
(၃)။ ဓနုရာသီ၊ မကာရရာသီသို့ စနေနေ့ ၁-နွေဂြိုဟ်ပြောင်းလျှင် ဝယ်ရင်းစပါးနှစ်ဆတက်မည်။ (ဘယ်နေ့ပြောင်းမလဲသိချင်ရင်တော့ ဝေဒပြက္ခဒိန်မှာ ကြည့်နိုင်ပါတယ်။)