ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလားနှင့် KP ပညာ
၂၀၁၅ ရွေးကောက်ပွဲကြီးနီးလာပေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သမ္မတ ဖြစ်ချင်သည်ဟု ထုတ်ဖော်ပြောကြားပြီးဖြစ်လေ၏။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်မဖြစ်ကို KP ပညာဖြင့်သုံးသပ်ကြည့်မိပါသည်။
Astro Data
Date: 21.08.2013(Wed)                          Time: 19:16:48 (M.S.T)
Place: Yangon
Query: ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာမလား?
  အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျင် အောက်ပါဟူးရားဇာတာ (Time Chart) ကိုရရှိမည်-[မှတ်ချက်: နံပါတ်နှင့်တွက်ထားခြင်းမဟုတ်ပါ။]
DASSK(President)
Rule (ဥပဒေသ)
သမ္မတအလုပ်ဖြစ်၍ ၁၀-တန့်ဘာဝကိုသုံးသပ်သည်။ အကယ်၍ ၁၀တန့် Sub-lord သည် ၃-တန့် (ရည်မှန်းချက်)၊ ၆-တန့်(အပြိုင်အဆိုင်အနိုင်ရခြင်း)၊ ၁၀-တန့်(အောင်မြင်ခြင်း၊တန်ခိုးအာဏာ)၊ ၁၁-တန့် (ဆန္ဒပြည့်ဝခြင်း) ဇာတ်ဆောင်ဖြစ်လျင် သမ္မတဖြစ်မည်။တန်ခိုးအာဏာဂြိုဟ် ၁-နွေက တစ်နည်းနည်းနှင့် ပတ်သက်နေရမည်။
Ascendent sub-lord signifies one’s effort
 ၁-တန့် Sub-lord သည် ဇာတာရှင်၏ ကြိုးစားအားထုတ်မှုကိုဖော်ပြ၏။ အထက်ပါဇာတာတွင် ၁-တန့် Sub-lord သည် ၅-တေးဖြစ်၏။ ၅-တေးသည် ၈-တန့်တွင်ရပ်နေသည့် ၈-ဟုဂြိုဟ်ပိုင်နက္ခတ်ကိုစီးထား၏။ ထို့ကြောင့် ၈-တန့်၏အားကြီးသောဇာတ်ဆောင်ဖြစ်လာ၏။ ၈-တန့်ဘာဝသည် မရဏဘာဝ(သေဆုံးခြင်း ဘာဝ)ဖြစ်တော့  ဇာတာရှင်ရဲ့ကြိုးစားအားထုတ်မှုတွေသေမယ်ပေါ့၊ဆိုလိုတာကအချည်းနှီးဖြစ်မယ်ပေါ့။
အခါလဂ်ကလည်းကုမ်လဂ်ဖြစ်၏။ ကုမ်ရာသီသည် ရေအိုးမှောက်ဒူးထောက်ထိုင်နေသည့် ယောက်ျားရုပ် ပုံဖြစ်၏။ ထို့ကြောင့်ဇာတာရှင်၏ ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သွားနိုင်၏။ ကုမ်ရာသီသည် ကျားရာသီ ဖြစ်၏။  လဂ်သခင် ၀-နေဂြိုဟ်ကလည်း ၈-တန့်ဘာဝကျားရာသီတွင်ရပ်၏။ စဉ်းစားနေသူသည် အမျိုးသမီးဖြစ်၍ တစ်ဖန်အားနည်းသွားရပြန်၏။
Cuspal Analysis
Primary Cusp (10th cusp) အထက်ပါဇာတာတွင် ၁၀-တန့် Sub-lord သည် ၈-ဟုဂြိုဟ်ဖြစ်၏။ ၈-ဟုဂြိုဟ်သည် ၈-တန့် မရဏဘာဝတွင်ရပ်၍ ၈-တန့်တွင် ရပ်နေသောမိမိပိုင် ၈-ဟုနက္ခတ်ကိုစီးထား၏။ ဆိုလိုတာကတန်ခိုးအာဏာသေမယ်ပေါ့။ တန်ခိုးအာဏာထွန်းတောက်ဖို့မရှိ။ ၈-ဟုဂြိုဟ်ရပ်နေသော ရာသီကတူရာသီ (လေရာသီ) ဖြစ်၏။ ၈-ဟုဂြိုဟ်က ပါပဂြိုဟ်ဖြစ်၏။
Supporting Cusps (3rd cusp)၃-တန့် Sub-lord သည် ၂-င်္လာဖြစ်၏။ ၂-င်္လာသည် ၁၂-တန့်(ဆုံးရှုံးခြင်းဘာဝ) တွင်ရပ်၍ ၈-တန့်တွင်ရပ်နေသော၈-ဟုနက္ခတ်ကို စီးထား၏။ ဒါ့ကြောင့် ရည်မှန်းချက်ပန်းတိုင်ကိုမရောက်ဖူးပေါ့။
Supporting Cusps (11th  cusp) – ၁၁-တန့် Sub-lord သည်၅-တေးဖြစ်၏။၅-တေးအကြောင်းကတော့ အထက်တွင်ဆွေးနွေးခဲ့ပြီးဖြစ်၏။ ဒါ့ကြောင့်    ဆန္ဒပြည့်ဝ မှုတွေ သေမယ်ပေါ့။ ဆိုလိုတာက ဆန္ဒမပြည့်ဝဘူးပေါ့။
Dasa Analysis
၂၀၁၅ ရွေးကောက်ပွဲတွင် ၈-ဟုထူလ၊ ဒသာစားမည်ဖြစ်၏။ ၈-ဟုအကြောင်းက အထက်တွင်ဆွေးနွေးခဲ့ပြီး ဖြစ်၏။ ၁-နွေနှင့်လည်းပတ်သက်နေခြင်းမရှိ။
Conclusion
        ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာမည်မဟုတ်ပါ။
ကဲ…ဒါဆိုရင် ကြုံတုန်းလေးကြော်ငြာလိုက်ဦးမယ်။ ဒီဇာတာတွက်ထားတဲ့အချိန်(အခါ)မှာ လုပ်ငန်းသစ်စတင် လုပ်ကိုင်ရင် အဆင်ပြေပါ့မလား၊ ဒီအချိန်(အခါ) မှာ နိုင်ငံရေးပါတီထောင်ရင် အောင်မြင်ပါ့မလား၊ ဒီအချိန် (အခါ)မှာခလေးခွဲစိပ်မွေးဖွားရင် ခလေးကံကောင်းပါ့မလားဟုတင်ပြရင်း သင်တို့၏ဘဝအမောများပြေပါစေ သတည်း……။
[မူလဇာတာတွင်ပါလာခဲ့သောအတိတ်ကံ၏ဆိုးကျိုးများကိုအခါဇာတာတည်းဟူသောပစ္စုပ္ပန်ကံနှင့် သက်သာ ရာရအောင်လုပ်ကိုင်ရန် အဘယ့်ကြောင့် သင်သည် တွေဝေတွန့်ဆုတ်နေပါသနည်း…။]
ဆရာဦးဇာနည်(K.P)
                                                                                                                                                                  1493497975103
B.E.(CIVIL)
Email: sayauzarni@gmail.com
14 Comments
  1. မှန်တဲ့ ဆရာဟောပြောချက်တွေထဲမှာ ဒီတခုတော့ လွဲစေချင်ပါသည်………
    1. ​ဒေါ်စု သမ္မတဖြစ်​မယ်​လို့​ဟောထားတဲ့ ဆရာ​တွေလည်းရှိတာပဲ။ မစိုးရိမ်​ပါနဲ့ မနီလာ​ရေ…။:)
  2. ဆရာ​ရေကျ​နော်​က​တော့နိုင်​​စေချင်​တာပဲလက်​ရှိ့အ​ခြေအ​နေကအ​ခြေခံဥပ​ဒေ​တောင်​မှမပြင်
    ရ​သေးတာမဖြစ်​နိုင်​ဘူး​ပေါ့ဒါ​ပေမဲ့သူသိပ်​ကျိုးစားတယ်​င်္က ဥာဏ်​ ဝီရိယ င်္သုးပါးဆုံမှအကျိုး
    တရားရတယ်​ဆို​တော့​ရှေ့ကိုဘာဖြစ်​လာမလဲသူကတိုင်းပြည်​အ​ပေါ်​စေတနာသိပ်​ထားတယ်
    အုပ်​ချုပ်​ရင်​အ​ကောင်းဆုံးပါ 10 The Wheel of Fortune ​ပေါင်းခြင်းက 1 အ​ခြေအ​နေ
    အ​ပြောင်းအလဲဖြစ်​သွားပြီးသမတဖြစ်​မယ်​မူလဇာတာက​ရွှေး​ကောက်​ပွဲကာလမှာနိုင်​မယ်
    Fortunar နဲ့ပါတ်​သက်​တဲ့ဒသာစား​နေတယ်​ 2010 ကလိုပဲ ကံဂြိုဟ်​နဲ့ပါတ်​သက်​တယ်
    အ​ခြေအ​နေတမျိုး​ပြောင်းသွာမယ်​အခြားတ​ယောက်​သမတလုပ်​ပြီးမှ​ဒေါ်​အောင်​ဆန်းစုကြည်
    ကိုလွှဲ​ပေးမယ်​သမတဖြစ်​မယ်
  3. သူ..ဖြစ်ရင်တော.အကောင်းဆုံးပေါ…ဒါပေမဲ…သူ မဖြစ်လဲ..ဖြစ်မဲ.သူနဲ.အဆင်ပြေပြီး..တိုင်းပြည်ကောင်းအောင်လုပ်နိုင်မယ်….သူနဲ.လက်တွဲပြီး..လုပ်ချင်လာအောင်..ကြိုးစားမယ်ဆိုရင်တော…..ပြည်သူတွေ..ကံကောင်းပြီပေါ…..
  4. မဖြစ်​​စေချင်​​တော့ပါဘူး တိုင်းပြည်​ တည်​ငြိမ်​ဖို့ ပဲလိုတာပါ
    ဘယ်​သူတက်​တက်​ပါ ထိုင်း လိုမဖြစ်​​စေချင်​ပါဘူး
  5. ဘာဆက်ဖြစ်မလဲ ခြေဥအရ မဖြစ်နိုင်
    NLD ကတာဝန်ရှိ့သူတွေ DASSK
    အစားအခြားတယောက်ရှာမလားဇွတိတိုးမလား
    ဆရာ
  6. ဂုဏ်ယူပါတယ်ဆရာ
    ဆရာ အဟောမှန်ပါတယ်
    1. မသိ​သေးပါဘူးဗျာ… သက်​တမ်းကုန်​တဲ့အထိ​တော့ ​စောင့်​ကြည့်​ရဦးမှာပဲ… 🙂
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s