အခါပေးရာမှာ နိမိတ်ကိုကြည့်နည်း

Namate

          စနစ်တကျတွက်ချက်ပြီး အခါမှာ အောက်ပါနိမိတ်များတွေ့ရင် မင်္ဂလာရှိပြီး အခါလဂ်ဟာ အောင်မြင်မယ်ဆိုတာ မှတ်ထားပါ။

(၁) ပူလွန်းအေးလွန်းရာမှ ချက်ချင်းရာသီဥတုမျှတလာရင်၊

(၂) ပတ်ဝန်းကျင်မှာ အသံတွေဆူညံနေတုန်း ချက်ချင်းအသံတိတ်သွားခဲ့ရင်၊

(၃) လေပြင်းနေရာမှ အသံတွေဆူညံနေတုန်း ချက်ချင်းအသံတိတ်သွားခဲ့ရင်၊

(၄) ပန်းပင်တွေ ချက်ချင်းရုတ်တရက် ပွင့်လာရင်၊

(၅) သစ်သီးတွေကြွေလာရင် (သို့) ချက်ချင်းသီးလာရင် (သို့) သစ်သီးလာပေးရင်၊

(Note: ကျွန်တော်ကတော့ သစ်သီးကြွေတာကို သိပ်မကြိုက်ပါဘူး။)

(၆) ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ ချက်ချင်းအရောင်တောက်လာရင်၊

(၇) တူရိယာအသံ တစ်ခုခုကြားလာရင်၊

(၈) ပန်းပွင့်တွေကြွေလာရင် (သို့) သူများကပန်းတွေကို လာပို့ခဲ့ရင်

(၉) မြေ၊ ရေ လှုပ်ရင်

(၁၀) မီးဖို မီးပုံတွေ ရုတ်တရက်ငြိမ်းသွားခဲ့ရင်၊

(၁၁) ရုတ်တရက်  တိမ်၊ မြူနှင်းတွေ စင်လာရင်၊

(၁၂) ရေကြည်စီးလာရင်၊

(၁၃) နက္ခတ်တာရာတွေ တိုးပြီးထွန်းတောက်လာရင်၊

(၁၄) တွင်းအောင်းသတ္တဝါတွေ၊ ပုန်းခိုနေတဲ့ သတ္တဝါတွေ ထွက်လာရင်၊

(၁၅) လူနဲ့တိရိစ္ဆာန်တွေ မြူးထူးပြီးလာကြရင်၊ (သို့) ၄င်းတို့စားသောက်ပြီး ဝလင်စွာလာကြရင်၊

(၁၆) ရောဂါရှိသူတွေ ရွှင်လန်းစွာ ကလာကြရင် (သို့) တစ်ခြားသူတွေ သူတောင်းစားတွေကို ပေးကမ်းနေတာ မြင်ရရင်၊

(၁၇) လူသူတော်၊ ရဟန်း၊ ရသေ့ ရောက်လာရင် (သို့) ရန်ဘက်သတ္တဝါတွေ သင့်တင့်နေကြရင် (သို့) ရန်ဖြစ်သူတွေ ငြိမ်ဝပ်ကြရင်၊

(၁၈) ဘေးဒုက္ခသင့်သူတွေ ဒုက္ခဘေးမှလွတ်သွားရင် (သို့) မထွက်ဝံ့တဲ့ သတ္တဝါတွေ ထွက်လာရင်၊

(၁၉) မြူဖုံထရာမှ ကင်းကွာငြိမ်သက်သွားရင်၊

(၂၀) ရနံ့လေးတွေ လှိုင်ကြူလာရင် (သို့) ရနံ့မွှေးတဲ့ တစ်စုံတစ်ရာရောက်လာရင်၊ နံစော်သွားတဲ့ အနံ့ပျောက်ကင်းသွားရင်၊

(၂၁) နတ်သားနတ်သမီး အဝတ်အစား လှပစွာ ဆင်ယင်သူတွေ ရောက်လာရင်၊

(၂၂) နံရံ တံခါးစတဲ့ အပိတ်အဆို့ အဆီးအတားတွေ ပွင့်လာရင်၊

(၂၃) တင့်တယ်တဲ့ လူငယ်လူလတ် အရွယ်တွေ ဝင်လာရင်၊

          ဒီနိမိတ်တွေဟာ ကောင်းတဲ့နိမိတ်တွေဖြစ်ပြီး အိမ်ဆောက်၊ ပန္နက်ရိုက်တဲ့အခါမှာ ဒီနိမိတ်တွေတွေ့ရင် ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံပါမယ်။ ဒီနိမိတ်တွေနဲ့ သဘောတူညီတဲ့ နိမိတ်တွေကိုလည်း အလားတူ ယူနိုင်ပါတယ်။

 

          (ဒါကတော့ ဆရာကြီးဦးဖိုးထိန် ပြုစုတဲ့ တနွာဒီဖလဒီပကကျမ်း  အခန်း(၁၃)၊ စာမျက်နှာ (၁၅၀) မှ ဖော်ပြချက်များ ဖြစ်ပါတယ်။ ဆရာကြီးဟာ လောကကြီး အလယ်မှာ မရှိတော့ပါ။ ကျွန်တော်လည်း တစ်ချိန်ကျရင်တော့ ဒီလမ်းပဲလိုက်ရမှာပါ။)

 

          ဆရာကြီးရဲ့ ဖော်ပြထားချက်တွေက တကယ်ကောင်းတဲ့ အချက်တွေပါ။ နိမိတ်ပိုင်သွားရင် ကိုယ့်ကိုကိုယ် အားကိုးလို့ရပါတယ်။  ဥပမာ- နိုင်ငံခြားမှာ အလုပ် သွားလုပ်မယ်၊ ကောင်းမကောင်းသိချင်ရင် နိမိတ်ကောက်ကြည့်လိုက်ပါ။ ရင်ထဲမှာ “ဒိတ်”ခနဲ ရင်ကိုကိုင်လှုပ်လိုက်မှသာ နိမိတ်အစစ်ပါ။  နိမိတ် အစစ် တွေ့လို့ ကောင်းတဲ့နိမိတ်ဆိုရင် သွားပါ။ မကောင်းတဲ့ နိမိတ်ဆိုရင် မသွားပါနဲ့ဟု တိုက်တွန်းရင်း…

 “သင်တို့၏ ဘဝအမောများ ပြေပါစေသတည်း…”

ဆရာဦးဇာနည်(K.P)

                                                                                                    B.E.(CIVIL)

Email: sayauzarni@gmail.com

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s