ဆံပင်ညှပ်ဆိုင်လုပ်ငန်းနှင့် KP ပညာ

Hair salon

Ref: Comment on 6.1.2014 by Ma Naing

        ဆရာရေ… မေးပြန်ပြီ အားတော့နာပါတယ်. မနိုင်နိုင်မော်. အခုလက်ရှိ ထိုင်းနိုင်ငံ ပူကက်မြို့မှာ ဆံပင်ညှပ်ဆိုင်ဖွင့်ညှပ်ဆိုင်ဖွင့်ထားပါတယ် လာမဲ့ ၄လပိုင်း သင်္ကြန်မှာ မြိတ်ကိုပြန်ပြီး ရှင်ပြုပွဲလုပ်မှာဖြစ်ပါတယ်. အလှုလုပ်ပြီး မြိတ်မှာဘဲ ဆိုင်ခန်းဆောက်မယ်လို့ စီစဉ်ထားပါတယ်. အဆင်ပြေပါ့မလား. ဒီနှစ်စီးပွားရေး လှုမှုရေး အလုပ်အကိုင်တစ်နှစ်စာ ဟောပေးပါဆရာ. ရန်ကုန် ဘုရားဖူးလဲသွားမှာပါ။

ကျေးဇူးအထူးတင်လျှက်… မနိုင်…ပူကက်၊ ထိုင်းနိုင်ငံ…..

(အလှုကြရင် ဆရာ့ကိုလည်းဖိတ်မှာပါ။ မှတ်ချက်။        ။ ကျွန်တော့် ဘာသာ ထည့်ထားခြင်းသာ ဖြစ်ပါသည်။)

Astro data

Name: Ma Naing

Date: 9.1.2014(Thu)                                        Time: 18:01:18

Random no: 164                                             Place: Yangon

Query: ဆံပင်ညှပ်ဆိုင်လုပ်ငန်း အဆင်ပြေမလား?

              အထက်ပါ Astro data များကို KP ဟူးရားဇာတာဖွဲ့လျှုင် အောက်ပါ ဇာတာကို ရရှိမည်-

Ma Naing

Moon reveals the state of mind

        ဇာတာရှင်၏ စိတ်သည် ရိုးသားမှုရှိမရှိကို ၂-င်္လာဂြိုဟ်မှ ဖော်ပြသည်။   အကယ်၍ ၂-င်္လာဂြိုဟ်သည် မေးသည့်မေးခွန်းနှင့် ဆက်စပ်မှုရှိလျှင် ဇာတာ ရှင်သည် ရိုးသားပြီး ရှေ့ဆက်ဟောရပေမည်။ Otherwise, NOT.

          အထက်ပါဇာတာတွင် ၂-င်္လာဂြိုဟ်သည် ၉-တန့်ပိုင်ရှင်ဖြစ်၍၊ ၅-တန့် ဘာဝတွင်ရပ်ကာ ၅-တန့်တွင်ရပ်နေသော ၉-ကိတ်ဂြိုဟ်ပိုင် နက္ခတ်ကိုစီးထား ၏။ ၉-တန့်ဘာဝသည် ၁၀-တန့်မှရေလျှင် ၁၂-တန့်ဘာဝ ကျရောက်၍၊  ၅-တန့် ဘာဝသည် ၁၀-တန့်မှရေလျှင် ၈-တန့်ဘာဝ ကျရောက်၏။ ၈-တန့်၊ ၁၂-တန့် တို့သည် ဘာဝတစ်ခုကို ပျက်စီးစေ၏။ ထို့ကြောင့် လက်ရှိအလုပ်(ပူးကက်)မှ နားမည်ကို ဖော်ပြနေသည့်အတွက် မေးခွန်းသည် ရိုးသားပြီး ရှေ့ဆက်ဟောရ ပေလိမ့်မည်။

Ascendent sub-lord signifies one’s effort

        ဇာတာရှင်၏ ကြိုးစားအားထုတ်မှုနှင့်ဆိုင်သော ၁-တန့် Sub-lord သည် ၈-ဟုဂြိုဟ်ဖြစ်၍ ၁၁-တန့်တွင်ရပ်ကာ မိမိပိုင် ၈-ဟုနက္ခတ်ကို စီးထား၏။ မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် ဆန္ဒပြည့်ဝမည်ကို ဖော်ပြနေ၏။

Hints & Rules

          မည်သည့်အလုပ်ပဲလုပ်လုပ် ၁၀-တန့်ဘာဝကို သုံးသပ်ရမည်။ အကယ်၍ ၁၀-တန့် Sub-lord သည် ၂-တန့်(ဝင်ငွေတိုးပွားခြင်း)၊ ၆-တန့်(အပြိုင်အဆိုင် အနိုင်ရခြင်း)၊ ၁၀-တန့်(အလုပ်အကိုင်ကောင်းခြင်း)၊ ၁၁-တန့်(ဆန္ဒပြည့်) ဘာဝ တို့၏ ဇာတ်ဆောင်ဖြစ်လျှင် လုပ်သည့်အလုပ်အကိုင် အောင်မြင်မည်။ အလှ ပြင်လုပ်ငန်းဖြစ်၍ ၆-ကြာဂြိုဟ်နှင့် တစ်နည်းနည်းဖြင့် ပါတ်သက်ရပေလိမ့်မည်။

Analysis

        အထက်ပါဇာတာတွင် ၁၀-တန့် Sub-lord သည် ၈-ဟုဂြိုဟ်ဖြစ်၍ ၁၁-တန့့််(ဆန္ဒပြည့်) ဘာဝတွင်ရပ်တည်ကာ ၁၁-တန့်တွင်ရပ်တည်သော မိမိ ပိုင် ၈-ဟုနက္ခတ်ကို စီးထား၏။ ၈-ဟုဂြိုဟ်သည် ၆-ကြာဂြိုဟ်ပိုင် တူရာသီတွင် ရပ်တည်နေ၍ ၆-ကြာဂြိုဟ်သည် ပါဝင်ပါတ်သတ်လာလေ၏။

Dasa looking up

        ၂၀၁၄ သင်္ကြန်အပြီးတွင်  (၂၄.၄.၂၀၁၅)ထိ ၉-ကိတ်ထူလ၊ ၄-ဟူး ဘုတ္တိ ဒသာစားမည်။ ဘုတ္တိဒသာသခင် ၄-ဟူးသည် ၂-တန့်(ဝင်ငွေတိုးပွားခြင်း) ဘာဝတွင်ရပ်၍၊ ၂-တန့်တွင်ရပ်နေသော ၁-နွေဂြိုဟ်ပိုင်နက္ခတ်ကို စီးထား၏။ ထို့ကြောင့် ဆိုင်စဖွင့်မည့် ဒသာကာလသည်ကောင်း၏။

          ထို့နောက် (၂၄.၄.၂၀၁၅) မှ နောင်နှစ်ပေါင်း (၂၀)ကြာ ၆-ကြာထူလဒသာ စားမည်ဖြစ်၏။ ၆-ကြာသည် ၂-တန့်(ဝင်ငွေတိုးပွားခြင်း) ဘာဝတွင်ရပ်၍၊ ၂-တန့်တွင်ရပ်နေသော ၁-နွေဂြိုဟ်ပိုင်နက္ခတ်ကို စီးထား၏။ ထို့ကြောင့် နောင် နှစ်ပေါင်း (၂၀)တိုင် အကျိုးပေးမည်။ ဤကာလအတွင်း မကောင်းသော ကာလ များလည်း ရှိနိုင်ပါသည်။ သို့သော် စာရင်းချုပ်ကြည့်လိုက်လျှင် ဝင်ငွေတိုး၍ အကျိုးပေးလိမ့်မည်။

Conclusion

        မြိတ်မြို့ ဆံပင်ညှပ်ဆိုင်လုပ်ငန်း သေချာပေါက် အကျိုးပေးမည်။ No doubt.

(ထပ်မံစကားဆိုခြင်း။  ။ ဤဆောင်းပါးကို သေချာလေ့လာပါ။ အကျိုးပေး မည့်အလုပ်သည် မည်သည့်အချိန်တွင် စပြီးလုပ်လုပ် အကျိုးပေးမည်။ အခါ ကောင်းကို ရွေးရန်မလို။ ဇေယျတု သဗ္ဗမင်္ဂလံ ရွတ်ရန်မလို။

အကျိုးမပေးမည့် အလုပ်သည် မည်သည့်အချိန်တွင် စပြီးလုပ်လုပ် အကျိုးပေး မည်မဟုတ်။ ကြိုက်သလောက်အခါရွေး…. အကျိုးမပေး။ မယုံလျှင် လက်တွေ့ လာခဲ့ပါ။

ဒီဆောင်းပါးထဲက ကံကြမ္မာကို ကြိုက်သလောက်အခါရွေးပြီး၊ ဓာတ်ရိုက် ဓာတ်ဆင်လုပ်ပြီး ပြုပြင်လိုက်ဦး… လက်ညောင်းယုံသာရှိမည်။ ကံကြမ္မာက ဒီအတိုင်းပဲသွားမည်။ Exact prediction offered cannot be changed.

       မကောင်းသည့်ကာလ ဖြတ်ကျော်လျှင်လည်း စိတ်တုန်လှုပ်စရာမလို။

“ဖုဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္ပတိ”

      (လောကဓံတရားတို့နှင့်ကြုံတွေ့သည့်အခါ     စိတ်မတုန်လှုပ်ခြင်းသည် မင်္ဂလာ ဖြစ်သည်။)

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

Email: sayauzarni@gmail.com

5 Comments

  1. မင်္ဂလာပါဆရာ ​လေ့လာ​နေပါတယ်​ ​သောကြာက အလှ
    အပနဲ့ဆိုင်​တဲ့ဂြို်​ဟ်လည်းဖြစ် လာဘဘာဝမှာရပ်​တဲ့
    Fortuna နဲ့72´မြင်​​နေတာဆို​တော့​သောကြာဒသာကြီးက
    ရှယ်​​ကောင်း​တယ်​လို့တင်​ပါတယ်

  2. ကျေးဇူးအများကြီးတင်ပါတယ်ဆရာ.မအားလို့ဒီနေ့မှဘဲ့ဖွင့်ဖတ်ဖြစ်ပါတယ်

  3. ဆရာ ရေ ကျမ သင်္ကြန်ပြီးယင် ရန်ကုန်သွားမလို့ ပါ .ဆရာ့ကိုဝင်ကန်တော့
    ချင်ပါတယ် ဆရာပေးထားတဲ့လိပ်စာရှိပါတယ်.အဲဒီမှာဆရာအမြဲရှိပါသလား
    ဆရာ့ရုံးခန်းဘယ်အချိန်ဖွင့်ပါသလဲ.ဒါမှမဟုတ် ဖုန်းနံပါတ်ပေးပါလားဆရာ
    ဆရာ့ကိုကျေးဇူးဆပ်ချင်လို့ ပါ ဆရာနဲ့တွေ့ပြီးမှကျမဆိုင်ပိုပြီးအဆင်ပြေလာ
    ပါတယ် ဆရာ့ကျေးဇူးကြောင့်ပါ အခုလာမဲ့ 8 ရက်နေ့ထိုင်းကနေမြန်ပြည်ပြန်
    မှာပါ ဘိတ်ရောက်ယင် နက်သုံးဖြစ်မှာမဟုတ်တဲ့အတွက် 8 ရက်နေ့နောက်ပိုင်း မှ စာကိုဆရာဖတ်ဖြစ်ယင် ကျမ ဖုန်း 0949874107 ကိုခေါ်ပြီးအကျိုးအကြောင်းပြောပေးပါဆရာ..ဆရာ့ကျေးဇူးတသက်မမေ့ပါ

    မနိုင်.ပူကက်မြို့၊ထိုင်းနိုင်ငံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s