၂၀၁၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်

Students

          ၂၀၁၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးလာပေပြီ။ ဝင်ရောက်ဖြေဆိုမည့် သားတွေ သမီးတွေ အတွက် အခါပေး  ဗေဒင်မှ KP စနစ်ဖြင့် စာမေးပွဲအကြိုသုံးသပ်ချက် ဟောကိန်းထုတ်ပေးလိုက်ပါသည်။
လာမည့် ၂၀၁၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကတော့ သားတွေ သမီးတွေ စိတ်တိုင်းကျမည့် စာမေးပွဲကြီးဖြစ်ပါတယ်။ သားတွေ သမီးတွေဖြေဆိုနိုင်မည့် စာမေးပွဲကြီးလည်းဖြစ်ပါတယ်။ အင်တိုက်အားတိုက် ကြိုးစားသည့်သားတွေသမီးတွေအတွက် မိမိတို့ရဲ့ဆန္ဒများ ပြည့်ဝမည့် စာမေးပွဲကြီး လည်းဖြစ်ပါတယ်။ တော်ရုံကြိုးစားသူများလည်း အောင်မြင်မည့်နှစ်ဖြစ်ပါတယ်။ စာစစ်မည့် ဆရာကြီး ဆရာမကြီးများ၏ မေတ္တာကို ရရှိမည့်နှစ်လည်း ဖြစ်ပါသည်။
မေးခွန်းအလှည့်အပြောင်းသိပ်မရှိနိုင်ပါ။ မေးခွန်းဟောင်းတွေချည်း သိပ်မကြည့်ပဲ အဟောင်းအသစ် မျှကြည့်ရမယ့် စာမေးပွဲကြီးလည်းဖြစ်ပါတယ်။ သို့သော် စာမေးပွဲတို့၏ ထုံးစံအတိုင်း အမှတ်ခွဲ၍ရအောင် အနည်းငယ်တော့ လှည့်တတ်ပါသည်။ ကင်းမြီးကောက်တို့သည် အမြီးတွင်အဆိပ်ရှိသကဲ့သို့ ဘာသာရပ်တိုင်း၏ နောက်ဆုံးပိုင်းကျသော အခန်းများကို သေချာဂရုတစိုက်ကြည့်ပါ။ ကိုးတန်းစာထက် ဆယ်တန်းစာကို ပို၍ဂရုစိုက်ပါ။ ၁၀တန်းစာကို ပို၍လေ့လာပါ။
“ယတြာ”
ယခုဖော်ပြထားသည့် ဆောင်ရန် ရှောင်ရန်များကို လိုက်နာခြင်းသည် အကောင်းဆုံးယတြာ ဖြစ်ပါသည်။ အနန္တော အနန္တ ငါးပါးကို ကာယကံ၊ ဝစီကံ၊ မနောကံမှုများဖြင့် ပြစ်မှားခြင်း ရှောင်ပါ။
ဘဝ၏ အချိုးအဆစ် စာမေးပွဲကြီးဖြစ်၍ လေးလေးနက်နက် သဘောထားပါ။ သားတွေ သမီးတွေ ဒီနှစ်လကျော်မှာ အပင်ပန်းခံကြပါ။ အင်တိုက်အားတိုက် ကြိုးစားသည့် သားတွေ သမီးတွေအတွက် မိမိတို့ရဲ့ဆန္ဒများ အမှန်ပြည့်ရမည့် စာမေးပွဲကြီးဖြစ်သည်။
ဤသို့ဖြင့် အခါပေးဗေဒင်မှ သားတွေ သမီးတွေအတွက် တစ်ဖက်တစ်လမ်းမှ ပညာပါရမီ ဖြည့်ပေးလိုက်ပြန်ပါပြီ။
“သားတွေ သမီးတွေအားလုံး ဖြေဆိုနိုင်ကြပါစေသတည်း….”

2015 Grade 11Final Exam

ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
sayauzarni@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s