ဒေါ်​အောင်​ဆန်းစုကြည်​ ​ရွေး​ကောက်​ပွဲ သပိတ်​​မှောက်​မ​မှောက်
2015-04-04_11.28.25183826715 Ref: 4.4.2015 သစ်​ထူးလွင်​သတင်း
“ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သမ္မတ ဦးသိန်းစိန် လိုလားပုံ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်”
        ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ အစိုးရက ခွင့်မပြုဘူး ဆိုရင် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ပဲ သပိတ်မှောက်ကောင်း မှောက်ဖို့ ရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က Reuters နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ဖွဲ့စည်းပုံ မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ပဲ သပိတ်မှောက်မယ့် နည်းက အကောင်းဆုံးနည်း မဟုတ်ပေမယ့်လည်း မလုပ်ဘူးလို့ တထစ်ချ မပြောနိုင် သေးကြောင်း ၊ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း သုံးသပ်နေဆဲ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားပါတယ်။
          NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အသင့်ရှိပေမယ့် သမ္မတ ဦးသိန်းစိန်အနေ နဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တကယ်တမ်း လိုလားတဲ့ပုံမျိုး မတွေ့ရပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ကြိုးစားမယ့်ပုံရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂၀၁၁ခုနှစ်တုန်းက သမ္မတဦးသိန်းစိန်နဲ့ သူတွေ့ဆုံခဲ့စဉ်အခါတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်လိုတဲ့ ပုံမျိုးတွေ့ခဲ့ရပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ဘွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
BBC Burmesehttp://www.bbc.co.uk/burmese
+++++++++++++++++++++++++++++++++++++++++++++++++++++
     ဒီတစ်​ခါ​တော့ TAROT သက်​သက်​နဲ့ပဲ ကြိုတင်​​ဟောပါမယ်​။  ဆွဲလိုက်​တဲ့ကဒ်​ပြားက ၁၄ခု​မြောက်​ TEMPERANCE ကဒ်​ပါ။ ဖလားတစ်​ခုထဲက​နေ ​နောက်​တစ်​ခုထဲကို ငြင်​သာစွာ​ပြောင်းထည့်​ ​နေတာပါ။ ​ခေါင်းမှာလည်း ဥာဏ်​အလင်း ဖြာလင်း​နေပါတယ်​။ သတိလက်​လွတ်​ မလုပ်​ဘူးဆိုတာ ​ဖော်​ပြ​နေတာပါ။ ခြေထောက်တစ်ချောင်းက ကုန်းပေါ်မှာရှိပေမယ့် တစ်ချောင်းက ရေထဲရောက်နေပါပြီ။
ဆရာဦးဇာနည်(KP)
B.E.(CIVIL)
Email: sayauzarni@gmail.com
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s