Pro စနစ်သို့ ကူးပြောင်းခြင်း

solar_planet

   အခါပေးဗေဒင် စတင်တည်ထောင်လာတာ ခြောက်နှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ ပေပြီ။  တည်ထောင်လာခဲ့ ချိန်မှစ၍ အခမဲ့ဟောပြောခြင်း၊ အနာဂတ်ဟောကိန်းများ ကြိုတင်ဟောခြင်းတို့ကို စာရှုသူတို့ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ ထို့ပြင် လူမသိသူမသိ ဓာတ်ရိုက်ဓာတ်ဆင် ယတြာချေပေးခြင်း များလည်း ရှိ၏။ အောင်မြင်သွားကြသူများ၏။

  ဟောကိန်းများ ယတြာများကိုလည်း ဗေဒင်မတတ်သည့်သူများပါ နားလည်စေရန် လိုတိုရှင်းသာရေး၏။ ပညာပေးဆာင်းပါးများကို ဖွင့်ရေး၏။ နောက်ပိုင်းတွင်တော့ ဖွင့်မရေးတော့။ အဟောသက်သက်ပဲထုတ်ပေး လိုက်၏။

   FB ပေါ်တွင်လည်း “အခါပေးဗေဒင်” ဆိုသည့် Group တစ်ခုထောင်၍ ဟောကိန်းများထုတ်ခဲ့၏။ တစ်ချို့ဟောကိန်းများကို ဤနေရာတွင် မတင်ခဲ့။ သို့သော် အချိန်အခက်အခဲကြောင့် FB မှ Group ကို ဖျက်သိမ်းလိုက်ပေ၏။

       ထို့အပြင် “တားရော့ဘုရင်-Tarot King” အမည်ဖြင့် FB ပေါ်၌ Page တစ်ခုထောင်ကာ တားရော့ပညာ သန့်သန့်ဖြင့် ကြိုတင်ဟောကိန်းများထုတ်ခဲ့သည်ကို ဝင်ရောက်လေ့လာနိုင်ပါသည်။

    ပင်ကိုယ်၌က အဟောပညာထက် Electional Astrology (ခေါ်) အခါပေးပညာကို ပို၍စိတ်ဝင်စား၏။ သို့သော် သေချာလေ့လာသောအခါ Electional Astrology တွင် အဟောပညာကပါ အရေးပါလာ၏။ အခါရွေးသောအခါ အဟောပညာကိုလည်း လက်လွှတ်၍မရ။ ထို့ြေeကာင့် အဟောပညာကိုလည်း လိုက်စားရပြန်၏။ မူလရော ဟူးရားပါ နှစ်မျိုးစလုံးနိုင်နင်းမှ အခါပေးထိရောက်၏။

      ယတြာကဏ္ဍသည်လည်း အရေးပါသော အခန်းတွင်ပါ၏။ ယတြာကောင်း၍ ကောင်းသောဂြိုဟ်စီး ဂြိုဟ်နင်း ကြုံလာလျှင် အချိန်တန်လာ၍ နွားပိန်ကန်မည်။ ဖြစ်နိုင်ချေရှိသော အခြေအနေများတွင် ယတြာကောင်းလျှင် အခွင့်အလမ်းကောင်းတတ်၏။ ဥပမာ- သင့်တွင်ရာထူးတိုးမည့် အရည်အချင်းလည်းရှိမည်၊ တိုးချိန်လည်း တန်လာပြီဆိုလျှင် ယတြာကောင်းလျှင် သင်သေချာပေါက်ရမည်။ ရတာခြင်းအတူတူ သူများထက် ပိုကံကောင်းတတ်သည်။

       ကျွန်ုပ်သည် ယခုအချိန်မှစ၍ Pro စနစ်သို့ စတင်ကူးပြောင်းလိုက်ပါပြီ။ အခမဲ့မေးမြန်းမှုများ ကို ကျေးဇူးရှိသူများမှအပ မဟောတော့ပါ။

      Pro စနစ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို “အခါပေးဗေဒင်၏ ဝန်ဆောင်မှုလုပ်ငန်းများ” တွင် ကြည့်ရှုနိုင်ပါသည်။ ခေါင်းစဉ်များကိုလည်း တဖြည်းဖြည်း တိုးချဲ့သွားပါမည်။ မပါဝင်သော ခေါင်းစဉ်များကိုလည်း ညှိနှိုင်း ဆက်သွယ်နိုင်ပါသည်။

            အချိန်မကုန် လူမပမ်းသော Online ဝန်ဆောင်မှုဖြစ်၍ အခွင့်ကောင်းကို လက်လွှတ်မခံပါနှင့်။

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

The Most Reliable Astro Consultant in Myanmar.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s