Return Home-When?

Traveller

          ဇာတာရှင်ကတော့ ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်၏။ အိမ်ဘယ်တော့ ပြန်ရောက်မလဲ KP ဟူးရားဖြင့် တွက်ကြည့် ထားခြင်းဖြစ်၏။

Astro Data:

Date: 21.10.2015(Wed)       Time: 23:43:07         UT: +2:00

Horary No. 142                  Place: Walvis Bay(Namibia)

Query: Return Home-When?

အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျှင် အောက်ပါ KP ဟူးရားဇာတာကို ရရှိမည်-

Return Home

Rule for Return to Mother Land

        အိမ်ပြန်ဖို့အတွက် ၁၂-တန့် Sub-lord ကို ကြည့်ရမည်။ အကယ်၍ ၁၂-တန့် Sub-lord သည် ၃-တန့်၊ ၉-တန့်၊ ၁၁-တန့် ဇာတ်ဆောင်ဖြစ်လျှင် ၃-တန့်၊ ၉-တန့်၊ ၁၁-တန့် ဇာတ်ဆောင်တို့၏ ပူးတွဲဒသာကာလတွင် အိမ်ပြန်ရမည်။

Cuspal Analysis

        အထက်ပါ ဇာတာတွင် ၁၂-တန့် CSL သည် ၄-ဟူးဖြစ်၍ ၁၁-တန့်(ဆန္ဒပြည့်)ဘာဝတွင် ရပ်ကာ ၄-တန့် (အမိမြေ) ဘာဝတွင်ရပ်သည့် ၂-င်္လာဂြိုဟ်ပိုင် နက္ခတ်ကို စီးထား၏။

          ထို့ကြောင့် သေချာပေါက် အိမ်ပြန်ရောက်မည်။ ၄-ဟူးနှင့် ၂-င်္လာက Trine Aspect (120 Deg) ဖြင့် အတိအကျ နီးပါး မြင်ထား၍ ဆန္ဒပြည့်ဝစွာဖြင့် အိမ်ပြန်ရောက်မည်။

When?

          ယခု လောလောဆယ် ၀-နေဘုတ္တိဒသာ (27.12.2015) ထိ စားနေသည်။ ၀-နေသည် ၁-တန့် ဘာဝတွင်ရပ်၍ ၁-တန့် ဘာဝတွင်ရပ်နေသော မိမိပိုင် ၀-နေနက္ခတ်ကို စီးထား၏။ ၂-တန့်သည် အတူနေ အိမ်သူအိမ်သား ဘာဝကို ညွှန်ပြ၏။ ဘာဝတစ်ခုမှ ၁၂-တန့်ကျသော ဘာဝသည် အဆိုပါဘာဝကို ပျက်ဆီးစေ၏။ ထို့ကြောင့် ၂-တန့်ဘာဝမှ ၁၂-တန့် ကျသော ၁-တန့်ဘာဝသည် အတူနေ အိမ်သူအိမ်သားများနှင့် ဆုံဆည်းခွင့်ကို ပေးဦးမည်မဟုတ်။

          ထို့ကြောင့် (27.12.2015)အတွင်း အိမ်ပြန်ရောက်ဦးမည် မဟုတ်ပေ။

          ထို့နောက် (27.12.2015) မှ (9.3.2016) အတွင်း ၄-ဟူးဘုတ္တိ၊ ၄-ဟူး အန္တရဒသာစားမည်။ ၄-ဟူးအကြောင်း ကတော့ အထက်တွင် ဆွေးနွေးခဲ့ပြီးဖြစ်၏။ ၄-ဟူးသည် စိုးမိုးဂြိုဟ်ထဲတွင် လဂ်သခင်နှင့် နေ့သခင်ဖြစ်၏။

          ထို့ကြောင့် (27.12.2015) မှ (9.3.2016) အတွင်း အိမ်ပြန်ရောက်ပေမည်။

(ပြန်ရောက်သည့်နေ့ကို ထပ်မံဖော်ပြပါမည်။)

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

Email: sayauzarni@gmail.com

FB: Zar Ni

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s