၁၃၇၈ခုနှစ်၊ (၇)ရက်သားသမီးဗေဒင်

image

တနင်္ဂနွေသားသမီးများ
(၁)။ အချစ်ရေး
တနင်္ဂနွေသားသမီးများ ဤနှစ်အတွင်း အချစ်ရေးတွင် အပျော်ဖက်လိုက်မိ၍ ဒုက္ခရောက်တတ်သည်။ ပင်လယ်ကမ်းခြေဒေသများ၊ အပန်းဖြေစခန်းများသို့ ညအိပ်ညနေ သွားလာခြင်းမျိုးရှောင်ပါ။
နိမိတ်
••••••
ခရီးသွားလာခါနီး ခွေးဟောင်သံကြားရခြင်း၊ ပန်းပွင့် လက်ဆောင်ရခြင်းတို့ကြုံလျှင် ခရီးစဉ်ကို ဖျက်လိုက်ပါ။
(၂)။ အိမ်ထောင်ရေး
ယခုနှစ်အတွင်း စိတ်သောကရောက်စရာတို့ ကြုံရတတ်သည်။ ယခုတစ်နှစ်လုံး အဖြူရောင်အဝတ်အစားများ ညဝတ်အိပ်ခြင်းရှောင်ပါ။ အပျိုများ ရည်းစားနှင့်ချိန်းတွေ့သည့်အခါများတွင် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ခြင်းရှောင်ပါ။
နိမိတ်
••••••
အိမ်တွင် ဓားဝင်လာပြီဆိုလျှင် သတိထားပါ။ ဤနှစ်အတွင်း ဓားဝယ်ခြင်း၊ ဝင်ခြင်း ရှောင်ပါ။
(၃)။ စီးပွားရေး
တစ်ဦးတည်းလုပ်ရင်း စီးပွားကျဆင်းလာလျှင် စပ်တူလုပ်ခြင်းဖြင့် ပြန်လည်ဦးမော့လာနိုင်သည်။ စပ်တူလုပ်ငန်း အကျိုးပေးသည်။
နိမိတ်
••••••
ညှိုးနေသောအပင်များမှ အညှောင့်အတက်လေးများ ထွက်လာသည့်နိမိတ်တွေ့လျှင် စီးပွားရေးပြန်လည် အဆင်ပြေလာတတ်သည်။
(၄)။ ကျန်းမာရေး
ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲ၍ ပြလာသော ရောဂါလက္ခဏာများကို ဂရုမစိုက်တတ်၍ ဒုက္ခရောက်တတ်သည်။ ဆေးမှန်မှန်သောက်ရန်မမေ့ပါနှင့်။
ယတြာ
••••••
နီးစပ်ရာညောင်ပင်ရှိ ရုက္ခစိုးနတ်မင်းကို သောက်တော်ရေ ပုံမှန်ကပ်ပေးပါ။
၅။ ပညာရေး
ငယ်ရွယ်သူတို့ အချစ်ရေးဖက်စိတ်ယိုင်၍ ပညာရေးညံ့တတ်သည်။ အထူးသဖြင့် ယောက်ျားလေးများ ပိုဂရုစိုက်ပေးပါ။


တနင်္လာသားသမီးများ
(၁)။ အချစ်ရေး
တနင်္လာသားသမီးများ ဤနှစ်အတွင်း အချစ်ရေးတွင် ကံမကောင်းတတ်ပါ။ အချစ်ရေးကိစ္စဆောင်ရွက်လျှင် အနီရောင်အဝတ်အစားများ၊ အနီရောင်အသုံးအဆောင်ပစ္စည်းများရှောင်ပါ။ ကြမ်းတမ်း စွာပြုမူခြင်း၊ ပြောဆိုခြင်းများရှောင်ပါ။
နိမိတ်
••••••
အချစ်ရေးကိစ္စဆောင်ရွက်ခါနီး အသဲကွဲနိမိတ်များတွေ့လျှင် အကြံအစည်ဖျက်လိုက်ပါ။
(၂)။ အိမ်ထောင်ရေး
ယခုနှစ်အတွင်း မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်သည်။ ကတိုက်ကရိုက် စီစဉ်ခြင်းကိုရှောင် ပါ။ သေချာစဉ်းစား၍ အေးအေးဆေးဆေးဆုံးဖြတ်ပါ။
နိမိတ်
••••••
ကတိုက်ကရိုက်လုပ်နေသည့် နိမိတ်မျိုးတွေ့လျှင် အစီအစဉ်ဖျက်လိုက်ပါ။
(၃)။ စီးပွားရေး
တနင်္လာသားသမီးတို့ ယခုနှစ်အတွင်း စီးပွားရေးကောင်းမွန်မည်။ လုပ်ငန်းဆုံးရှုံးနေသူများ နလန်ပြန်ထလာမည်။
နိမိတ်
••••••
လူမမာ နလန်ပြန်ထလာခြင်း၊ ညှိုးနေသော အပင်များ ပြန်လည်ရှင်သန်လာခြင်း နိမိတ်များတွေ့လျှင် စီးပွားပြန်တက်တော့ မည်ဟု ယုံကြည်လိုက်ပါ။
(၄)။ ကျန်းမာရေး
အထိုင်များ၍ ခါးနာခြင်း၊ ဒူးနာခြင်း၊ ခြေထောက်နာခြင်းတို့ ကြုံရတတ်သည်။
ယတြာ
••••••
ဆေးဦးပါစေ။
၅။ ပညာရေး
ပညာရေးတွင် လျှင်လျှင်မြန်မြန်နှင့် အားထုတ်သူများ အထူးအောင်မြင်မည်။။ နိုင်ငံခြားတွင် ပညာသင်ရန်ရည်မှန်းထား သူများ ယခုနှစ်အတွင်း အောင်မြင်မည်။


အင်္ဂါသားသမီးများ
(၁)။ အချစ်ရေး
အင်္ဂါသားသမီးများ ဤနှစ်အတွင်း အချစ်ရေးတွင် မနိုင်ဝန်ထမ်းရတတ်သည်။ ဥပမာ- အိမ်ကိုမပိုင်ပဲနှင့် ရည်းစားထားခြင်းမျိုး။ ထို့ကြောင့် ဤနှစ်အတွင်း အချစ်ရေးကိစ္စ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မရှောင်နိုင်က ဝန်ထုပ်ဝန်ပိုးပိတတ်သည်။
နိမိတ်
••••••
အချစ်ရေးကိစ္စဆောင်ရွက်ခါနီး မနိုင်ဝန်ထမ်းနေသည့် နိမိတ်များတွေ့လျှင် အကြံအစည်ဖျက်လိုက်ပါ။
(၂)။ အိမ်ထောင်ရေး
အင်္ဂါသားသမီးများ ယခုနှစ်အတွင်း ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကြုံရမည်။ အိမ်ထောင်ရေးကံ ကောင်းသည့်နှစ်ဖြစ်သည်။ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူများ ယခုနှစ်အတွင်း အိမ်ထောင်ပြုပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး ချမ်းမြေ့မည်။
နိမိတ်
••••••
အိမ်နားတွင် နတ်ကန္နားပေးခြင်း၊ မိသားစုများပျော်ရွှင်ခြင်း နိမိတ်မျိုးတွေ့လျှင် အိမ်ထောင်ရေးကောင်းပြီဟု မှတ်လိုက်ပါ။
(၃)။ စီးပွားရေး
အင်္ဂါသားသမီးတို့ ယခုနှစ်အတွင်း စီးပွားရေးတွင် ရန်အောင်မည်။ အပြိုင်အဆိုင်အနိုင်ရမည်။ ဝန်ထမ်းများ အလုပ်ခွင်ထဲတွင် အပြိုင်အဆိုင်အနိုင်ရမည်။
နိမိတ်
••••••
ရန်ဖြစ်နေသည့်နိမိတ်များတွေ့လျှင် စီးပွားတက်ပြီဟုမှတ်လိုက်ပါ။
(၄)။ ကျန်းမာရေး
မျက်စိမှုန်ခြင်း၊ အမြင်အာရုံချွတ်ယွင်းခြင်းတို့ ကြုံရတတ်သည်။ အသက်အရွယ်ကြီးသူများ အောက်ပိုင်းမကောင်းတတ်၍ လမ်းသွားလျှင် အဖော်ခေါ်သွားပါ။
ယတြာ
••••••
ဆေးဦးပါစေ။
၅။ ပညာရေး
ပညာရေးတွင် ဥာဏ်ကောင်းသလောက် အတွေးအခေါ်ချော်တတ်သည်။ စိတ်ကြီးမဝင်ပါနှင့်။ မိမိကိုယ်ကို နှိမ့်ချပြီးကြိုးစားပါ။ အတွေးအခေါ်များပြောင်းလဲလိုက်ပါ။ သေချာပေါက်အောင်မြင်မည်။


ဗုဒ္ဓဟူးသားသမီးများ
(၁)။ အချစ်ရေး
ဗုဒ္ဓဟူးသားသမီးများ ဤနှစ်အတွင်း အချစ်ရေးကံမကောင်းပါ။ ချစ်သူတို့ကြား ကံကြမ္မာမုန်တိုင်းဝင်လာ၍ ခွဲခွာရတတ်သည်။ ချစ်သူမရှိသေးသူများ ယခုနှစ်အတွင်း ရည်းစားမထားပါနှင့်။ ချစ်သူရှိသူများ ချစ်သူနှင့် ခရီးအတူထွက်ခြင်း၊ အမြင့်တက်ခြင်းများရှောင်ပါ။
နိမိတ်
••••••
အချစ်ရေးကိစ္စဆောင်ရွက်ခါနီး၊ ချစ်သူနှင့်တွေ့ခါနီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများစသည့် နိမိတ်များတွေ့လျှင် အကြံအစည်ဖျက်လိုက်ပါ။
(၂)။ အိမ်ထောင်ရေး
ဗုဒ္ဓဟူးသားသမီးများ ယခုနှစ်အတွင်း အိမ်ထောင်ရေးတွင် သီးခြားအေးဆေးစွာနေလိုမည်။ ရန်မရှိသော်လည်း အေးအေးဆေးဆေးနေလိုခြင်း၊ သီးခြားနေလိုခြင်း၊ အိမ်ထောင်ဖက်အတွက် အချိန်မပေးလိုခြင်းများ ဖြစ်တတ်သည်။ အိမ်ထောင်မရှိသေးသူများလည်း ယခုနှစ်အတွင်း အိမ်ထောင်ပြုဖို့ သိပ်စိတ်မပါတတ်။
ယတြာ
•••••••
ပြဿနာကြီးကြီးမားမားမရှိသော်လည်း အိမ်ထောင်ဖက်အတွက် အချိန်ပေးနိုင်လျှင် ကောင်းပါမည်။
(၃)။ စီးပွားရေး
ဗုဒ္ဓဟူးသားသမီးတို့ ယခုနှစ်အတွင်း စီးပွားရေးတွင် လောဘကြီးနေမည်။ အလုပ်တစ်ခုအပြီးမသတ်သေး ပဲနှင့် နောက်တစ်ခုကို လှမ်းမြှော်နေတတ်သည်။ နောက်အလုပ်တစ်ခု စချင်နေသည်။ ၇၅% လောက်ဖြင့် ရပ်တန့်ထားတတ်သည်။
ယတြာ
•••••••
လက်ဆုပ်လက်ကိုင်လုပ်ထားသည့်အလုပ် ၁၀၀% ပြည့်မှသာ နောက်တစ်ခုသို့ လှမ်းသင့်သည်။ လောဘမကြီးပါနှင့်။
(၄)။ ကျန်းမာရေး
မနိုင်ဝန်ထမ်းခြင်း၊ အလုပ်လောဘကြီးနေခြင်းတို့ကြောင့် မောပန်းနွမ်းနွယ်နေတတ်သည်။
ယတြာ
••••••
သက်တောင့်သက်သာအနားယူပါ။ နိုင်သလောက်ပဲလုပ်ပါ။
၅။ ပညာရေး
ပညာရေးကောင်းပါသည်။ အစိုးရဝန်ထမ်းများ ပညာရေးတွင် အထက်လူကြီးများ၏ စောင်မကြည့်ရှုခြင်း ခံရတတ်သည်။


ကြာဿပတေးသားသမီးများ
(၁)။ အချစ်ရေး
ကြာဿပတေးသားသမီးများ ဤနှစ်အတွင်း အချစ်ရေးကံမကောင်းတတ်။ ငယ်ရွယ်သူများ အချစ်ကိုကိုးကွယ်၍ ဒုက္ခတွေ့ရတတ်သည်။ အိမ်ထောင်ရှိသူများနှင့် ငြိစွန်းတတ်သည်။
နိမိတ်
••••••
အချစ်ရေးကိစ္စဆောင်ရွက်ခါနီး နာရေးနိမိတ်များတွေ့လျှင် အကြံအစည်ဖျက်လိုက်ပါ။
(၂)။ အိမ်ထောင်ရေး
ကြာဿပတေးသားသမီးများ ယခုနှစ်အတွင်း အိမ်ထောင်ရေးတွင် သီးခြားအေးဆေးစွာနေလိုမည်။ အိမ်ထောင် မရှိသေးသူများလည်း အခြားရည်မှန်းချက်တစ်ခုကို အာရုံပြုနေ၍ အိမ်ထောင်ပြုရန် သိပ်စိတ်မပါတတ်ပေ။ အိမ်ထောင်ရေးကိစ္စ လှုပ်ရှားမှုနည်းမည်။
(၃)။ စီးပွားရေး
သမာသမတ်ကျသည့် စီးပွားရေးလုပ်ငန်းရှင်တို့ ယခုနှစ်အတွင်း အောင်မြင်မည်။ ပညာရေးဝန်ထမ်းများ၊ တရားဥပဒေ ဝန်ထမ်းများ အထူးအောင်မြင်မည်။
ယတြာ
•••••••
အောင်မြင်မှုနည်းလာလျှင် မျှတစွာဆောင်ရွက်ခြင်းဖြင့် အောင်မြင်မည်။
(၄)။ ကျန်းမာရေး
ခါးနာ၊ ဒူးနာ၊ ခြေထောက်နာတို့ဖြစ်တတ်သည်။ အပူလွန်ကဲမှုကြောင့် မောပန်းနွမ်းနွယ်တတ်သည်။
၅။ ပညာရေး
ပညာရေးတွင် သေချာနားလည်အောင် ကြိုးစားပါ။ စပေါ့ရိုက်၍ကျက်ခြင်းမျိုးကို ရှောင်ပါ။ စာမေးပွဲဖြေမည့် ကလေးများ နှစ်ဘာသာခန့်အားနည်းတတ်သည်။ ညဥ့်နက်သန်းခေါင် စာကြည့်ခြင်းများရှောင်ပါ။


သောကြာသားသမီးများ
(၁)။ အချစ်ရေး
သောကြာသားသမီးများ ဤနှစ်အတွင်း အချစ်ရေးကံကောင်းမည်။ ချစ်သူကောင်းရရှိမည်။ ချစ်သူထံမှ အဖြေရတတ် သည်။ သစ္စာရှိမည့်ချစ်သူကို ရရှိတတ်သည်။
ယတြာ
••••••
အချစ်ရေးကိစ္စဆောင်ရွက်လျှင် အနီရောင်ဝတ်စုံဝတ်ပါ။
(၂)။ အိမ်ထောင်ရေး
သောကြာသားသမီးများ ယခုနှစ်အတွင်း အိမ်ထောင်ရေးကောင်းပါမည်။ အိမ်ထောင်ဖက်၏ဂရုစိုက်မှုကို ခံရတတ်သည်။ စီးပွားရှာကောင်းသော အိမ်ထောင်ဖက်မျိုး ရရှိတတ်သည်။
(၃)။ စီးပွားရေး
ယခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်းမျိုး ကြုံရတတ်သည်။ နေရာပြောင်းခြင်း၊ လုပ်ငန်းပြောင်းလဲခြင်း၊ တိုးချဲ့ခြင်းများ ကြုံရတတ်သည်။ ပြောင်းလဲလုပ်ကိုင်ခြင်းဖြင့် အကျိုးအမြတ်ရရှိမည်။
ယတြာ
•••••••
မြတ်စွာဘုရားအား သောက်တော်ရေပုံမှန်ကပ်ပေးပါ။ ရေကုသိုလ်များများလုပ်ပေးပါ။
(၄)။ ကျန်းမာရေး
ဒူးနာ၊ ခြေနာဖြစ်တတ်သည်။
၅။ ပညာရေး
သောကြာသားသမီးများ ယခုနှစ်အတွင်းပညာရေးကောင်းပါမည်။ စာမေးပွဲတွင် ဂုဏ်ထူးထွက်တတ်သည်။


စနေသားသမီးများ
(၁)။ အချစ်ရေး
စနေသားသမီးများ ဤနှစ်အတွင်း အချစ်ရေးကံ ထူးခြးသည့်နှစ်ဖြစ်သည်။ ကံမကောင်းသူများက ကံကောင်းပြီး ကံကောင်းသူများက မကောင်းပြန်ဖြစ်တတ်သည့် ကံကြမ္မာအလှည့်အပြောင်များကို ကြုံတွေ့ရတတ်သည်။ ချစ်သူအတွက်အနစ်နာခံတတ်သည်။
ယတြာ
••••••
အချစ်ရေးကိစ္စဆောင်ရွက်လျှင် အနီရောင်ရှောင်ပါ။
(၂)။ အိမ်ထောင်ရေး
စနေသားသမီးများ ယခုနှစ်အတွင်း အိမ်ထောင်ရေး ကောင်းပါမည်။ အိမ်ထောင်မကျသေးသူများလည်း မိမိကို လမ်းညွှန်ပြသနိုင်မည့် အိမ်ထောင်ဖက်မျိုး ရရှိတတ်သည်။ အိမ်ထောင်ရှိပြီးသူများလည်း အိမ်ထောက်ဖက်၏ အကြံကောင်းဥာဏ်ကောင်းများ ရရှိတတ်သည်။ ဆုံးဖြတ်ရခက်သော ကိစ္စများရှိလျှင် အိမ်ထောင်ဖက်၏ လမ်းညွှန်မှုအတိုင်းလုပ်ပါ။ အောင်မြင်ပါလိမ့်မည်။
ယတြာ
•••••••
မြတ်စွာဘုရားအား အလင်းတိုင်မီး ဆပ်ကပ်လှုဒါန်းပေးပါ။
(၃)။ စီးပွားရေး
ယခုနှစ်အတွင်း စနေသားသမီးတို့ စီးပွားရေးကောင်းလာမည်။ ဆုံးရှုံးနေသည့်လုပ်ငန်းများ ပြန်လည်ရှင်သန်လာမည်။ သတင်းကောင်းကြားရမည်။
နိမိတ်
•••••••
လူမမာနလန်ထလာခြင်း၊ ညှိုးနေသော အပင်များ အတက်ထွက်လာခြင်း၊ လေမှုတ်တူရိယာများဝင်လာသည့် နိမိတ် များတွေ့ပါက စီးပွားရေးကောင်းပြီဟု တစ်ထစ်ချမှတ်လိုက်ပါ။
(၄)။ ကျန်းမာရေး
ယခုနှစ်အတွင်း စနေသားသမီးတို့ မိမိကျန်းမာရေးကို အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်နေတတ်သည်။ ထို့ကြောင့် ကျန်းမာရေးကောင်းပါမည်။
၅။ ပညာရေး
စနေသားသမီးများ အချစ်ရေးကြောင့် ပညာရေးအနှောက်အယှက်ဖြစ်တတ်သည်။
{လူအများကို ခြုံငုံဟောရ၍ အကယ်တန္တု ချွတ်ချော်ခဲ့ရင်လည်း အပြစ်တော်မမြင်ကြပါစေကြောင်း ဆုတောင်းရင်း
“သင်တို့၏ ဘဝအမောများ ပြေပါစေသတည်း…”}

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

Email:sayauzarni@gmail.com

Mobile: 09 7799 39176 (ညနေ ၅း၀၀ မှ ၇း၀၀ အတွင်းသာ)

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s