အင်္ဂါနေ့၊ စနေနေ့၊ သောကြာနေ့မှာ လမ်းခွေးလေးများကို ထမင်းဟင်းကျွေးပါ။ အနည်းဆုံး တစ်လလောက်ကျွေးပါ။
သောကြာနေ့ ည(၁၁)နာရီနဲ့ (၁၂)နာရီကြားရောက်တိုင်း…
ဘုရားစင်ရှေ့မှာ အမွှေးတိုင်(၇)တိုင်ထွန်းပါ။ အဆောက်အအုံနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်များကို မေတ္တာပို့ပါ။ “ပဌာန်းဆက်ရှိတဲ့ပုဂ္ဂိုလ်များကို မေတ္တာဖြင့် အမြန်ဆုံးခေါ်ယူကြပါ” လို့ (၇)ကြိမ်တိတိပြောပါ။
အမွှေးတိုင်မီး မငြိမ်းမချင်း မေတ္တာထိုင်ပို့နေပါ။
သောကြာနေ့ ညနေ(၆)နာရီမှာ ရောင်းမယ့်တိုက်ခန်းရဲ့ မျက်နှာစာရှေ့နားမှာ တိုက်နံရံနဲ့ကပ်ပြီး အိုးသစ်တစ်လုံးနဲ့ ပိန်းပန်းပင်ကို ရှင်အောင်စိုက်ပါ။
ထိုပိန်းပန်းပင်လေးမှ အရွက်များထပ်ထွက်လာရင် ရောင်းထွက်ပါပြီ။ တိုက်ခန်းမျက်နှာစာနံရံနဲ့ ထိထားရပါမယ်။
ပိန်းပန်းပင်သေသွားရင် တိုက်ခန်းမထွက်နိုင်ပါ။ ရှင်အောင်စိုက်ပါ။
………………………………………………………………………………………………………………………………………………………………….
အစကောင်းမှ အနှောင်းသေချာဆိုသလို ဝယ်တဲ့အချိန်(အခါ) မကောင်းခဲ့တာလည်း ပါမှာပေါ့။ ဥပမာ- ဝယ်တဲ့အချိန် (အခါ)မှာ စန်း(ခေါ်) တနင်္လာဂြိုဟ်နဲ့ ဝကြကျင့်(နောက်ပြန်သွား)နေတဲ့ စနေဂြိုဟ်တို့ ပူးချိန်မျိုးမှာ ဝယ်မယ်ဆိုရင် စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရပါမယ်။ ဘယ်လောက်ဓာတ်ရိုက်ရိုက် လက်ညောင်းရုံပဲရှိပါမယ်။
ဒါ့ကြောင့် တိုက်ခန်း၊ အိမ်၊ မြေ တို့ကို ဝယ်မယ်ဆိုရင် ကပ်စေးမနည်းပါနဲ့။ ဂြိုဟ် နက္ခတ်တွေကို တတ်ကျွမ်းတဲ့ ဆရာသမားများထံ ချဉ်းကပ်ပြီး အချိန်ကောင်းကို ယူပါ၊
တိုက်ခန်းရောင်းထွက်ဖို့ဆိုတော့ အစီအရင်လုပ်မယ်ဆိုလည်း စရလဂ်ပေါ်တဲ့အချိန်၊ လဂ်စီးနဝင်းသခင်ရဲ့ အနေအထားကောင်းတဲ့အချိန်တွေကို ရွေးသင့်ကြောင်းတင်ပြရင်း…
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
FB: Zar Ni
Mobile: 09 7799 39176 (ညနေ ၅း၀၀ မှ ၇း၀၀ အတွင်းသာ)