မြန်မာ့စီးပွားရေး အလားအလာ (A KP Appraisal)

MEP2

မြန်​မာ့စီးပွား​ရေးအ​ခြေအ​နေ လူ​ပြောသူ​ပြောများလာလို့ တွက်​ကြည့်​လိုက်​ပါတယ်​…

 

Astro Data

—————–

Date: 17.12.2017 (Sun)

Time: 00:27:39 M.S.T

Horary No. : 168 (Out of 249)

Place: 96ံ12′ (E), 16ံ47′ (N )

Query: မြန်​မာ့စီးပွား​ရေးအလားအလာ?

 

အထက်​ပါ Astro data မျာကို KP Horary ဇာတာဖွဲ့လျှင်​ ​အောက်​ပါဇာတာကို ရရှိပါမယ်​…

MEP1

 

Hints & Rules

———————-

လူပုဂ္ဂိုလ်​၊ တိုင်းပြည်​မဟူ စီးပွား​ရေးကိစ္စကို သုံးသပ်​လျှင်​ ၂ တန့်​၊ ၁၁ တန့်​ဘာဝများဖြင့်​ သုံးသပ်​ရမည်​….

 

၂ တန့်​သည်​ ဝင်​​ငွေ၊ ၁၁ တန့်​သည်​ လာဘတို့ကို ရည်​ညွှန်း၏….

 

၂ တန့်​နှင့်​ ၁၁တန့်​ CSL (Cuspal Sub Lord) များသည်​ ၂ တန့်​၊ ၆ တန့်​၊ ၁၁တန့်​ အကျိုး​ဆောင်​လျှင်​ စီးပွား တိုးတက်​မည်​….

 

Analysis

————–

ယခုဇာတာတွင်​ ၂ တန့်​နှင့်​ ၁၁ တန့်​တို့၏ CSL များသည်​ ၅ ​တေးဂြိုဟ်​တစ်​လုံးတည်းဖြစ်​၍ ၁၁-တန်​လာဘ ဘာဝတွင်​ ရပ်​ကာ မိမိပိုင်​နက္ခတ်​၊ ဘုတ္တိ နက္ခတ်​နှင့်​ ဝိဘုတ္တိနက္ခတ်​များကို စီးနင်းထားပါတယ်​….

 

၅​ ​တေးသည်​ ဓနကာရကဂြိုဟ်​ဖြစ်​ပြီး ပွားစီးခြင်း (Expansion) ကို ​ပေးပါတယ်​….

 

ဒါ့​ကြောင့်​ မြန်​မာ့စီးပွား​ရေး ပြန်​လည်​ဦး​မော့လာပါဦးမယ်​… (No doubt!)

 

When?

———–

လက်​ရှိမှာ စ​နေထူလ၊ ရာဟုဘုတ္တိဒသာ (24.8.2018) အထိ စားပါမယ်​….

 

ထူလဒသာစ​နေဂြိုဟ်​က ၂ တန့်​ ဓနဘာဝမှာ ရပ်​တဲ့ ကိတ်ဂြိုဟ်​ပိုင်​​နက္ခတ်​ကိုစီးထားလို့ ထူလဒသာဂြိုဟ်​က အခြေ အ​နေ​ကောင်း​တွေ ဖန်​တီး​ပေးနိုင်​ပါတယ်​….

 

ဘုတ္တိဒသာသခင်​ဂြိုဟ်​ ရာဟုသည်​ ၈ တန့်​ဘာဝတွင်​ ရပ်​တည်​ခြင်း၊ ​နောက်​ပြန်​သွား ဝကြကျင့်​​နေ​သော ဗုဒ္ဓဟူး ဂြိုဟ်​ပိုင်​နက္ခတ်​ကို စီးထားခြင်း၊ ထူလဒသာဂြိုဟ်​မှ ​ထောက်​​သော်​ ၈ တန့်​ဘာဝတွင်​ ကျ​ရောက်​ခြင်းများ​ကြောင့်​ …..

 

(24.8.2018) အတွင်း မြန်​မာ့စီးပွား​ရေးတန့်​​နေပါဦးမယ်​။

(တိုင်းသူပြည်​သားတို့၏ ကံကြမ္မာနှင့်​လည်း သက်​ဆိုင်​​သော​ကြောင့်​ ဘယ်​မင်းတက်​တက်​ ဤ​ဟောကိန်း​များ မ​ပြောင်းလဲပါ။)

 

(24.8.2018) မှ (6.3.2021) အထိ ၅​တေးဘုတ္တိဒသာ စားပါမယ်​။ ၅​တေးအ​ကြောင်းကို​တော့ အထက်​မှာလည်း ​ပြောခဲ့ပြီးဖြစ်​ပါတယ်​။ ထို့ပြင်​ ၅​တေးသည်​ ထူလဒသာ သခင်​ စ​နေဂြိုဟ်​မှ​ထောက်​လျှင်​ ၁၁တန့်​မှာ ရပ်တဲ့အတွက်​​ကြောင့်​ (24.8.2018) မှ (6.3.2021) အတွင်း မြန်မာ့စီးပွား​ရေး ပြန်​လည်​ဦး​မော့ လာပါ​တော့မည်​ဖြစ်​ကြောင်း သတင်း​ကောင်းပါးလိုက်​ပါတယ်​….

 

မြန်​မာပြည်​သူပြည်​သားအ​ပေါင်း ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်လန်းကြပါ​စေ…

 

(ရန်​ကုန်​စ​တော့ရှယ်​ယာဈေးကွက်​ ဝယ်​လိုသူများလည်း အထက်​ကဥပ​ဒေသအတိုင်း ဘယ်​စ​တော့က ဘယ်​အချိန်​မှာမြတ်​မယ်​ဆိုတာကို တွက်​ချက်​နိုင်​ပါ​ကြောင်း သတင်း​ကောင်းပါးယင်း….)

1493497975103

ဆရာဦးဇာနည် (KP)

B.E.(CIVIL)

Email: sayauzarni@ gmail.com

FB: Sayar Zar Ni

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s