၂၀၀၃ ခုနှစ်လောက်ကဖြစ်သည်… ကျွန်တော့်သူငယ်ချင်းသင်္ဘောသားတစ်ယောက် Third Engineer ရေးဖြေစာမေးပွဲဖြေခါနီး အောင်မအောင်သိလို၍ ညဘက်ပိုင်းတွင် လ္ဘက်ရည်ဆိုင်တစ်ဆိုင်သို့ ကျွန်တော့်အား ခေါ်သွားလေ၏။
လ္ဘက်ရည်ဆိုင်အရောက် စားပွဲလွတ်တစ်ခုတွင် ထိုင်လိုက်ကြပြီးသကာလ…
“စားပွဲခုံကြီးကလှုပ်နေတယ်… ဟိုဘက်ခုံပြောင်းထိုင်ကြရအောင်…. ” ဟု ပြောပြောဆိုဆိုပင် ၄င်းကဦးဆောင်ကာ အခြားစားပွဲသို့ ပြောင်းသွား၍ ကျွန်တော်က နောက်မှလိုက်သွားရလေ၏။
ဟိုဘက်စားပွဲအရောက်….
” ကိုဇာနည်… ကျွန်တော့်ကို 3E ရေးဖြေစာမေးပွဲ အောင်မအောင်ကြည့်ပေးပါဦး…”
“မင်း..ကျလိမ့်မယ်… နှစ်ခါဖြေရမယ်… နောက်တစ်ခေါက်မှအောင်လိမ့်မယ်….”
“ဟင်… ဘာမှလည်းမတွက်ဘဲ ဘယ်လိုဟောလိုက်တာလဲ…”
“မင်းက ခုံပြောင်းလိုက်တာကိုး….”
အောင်စာရင်းများထွက်ပြီးသကာလ…
“ကိုဇာနည်ရေ… ကျွန်တော်ကျတယ်…” ဟု ဝမ်းသာအားရ ဖုန်းဆက်လေတော့၏။
နောက်တစ်ကြိမ်စာမေးပွဲတွင်တော့ ရေးဖြေရော၊ နှုတ်ဖြေပါ အောင်သွားလေတော့၏။
“သဗ္ဗေဓမ္မာ အနိစ္စာ…”