ကျွန်​​တော်​နှင့်​ နိမိတ်​​ဟောကိန်းများ- ၂

ကျွန်​​တော်​နှင့်​နိမိတ်​​ဟောကိန်းများ-၁ မှ သူငယ်​ချင်း 3E ​ရေး​ဖြေ​အောင်​ပြီး​နောက်​ နှုတ်​​ဖြေ (Oral) စာ​မေးပွဲ​ဖြေခါနီး တစ်​ရက်​အလိုတွင်​ ၄င်းနှင့်​အတူ​ Oral ​ဖြေမည့်​ စာအတူကြည့်​​နေ​သော သူငယ်​ချင်းတစ်​ဦးကိုပါ​ခေါ်လာ၍ ကျွန်​​တော့်​အား ​ကြေးအိုးဆိုင်​တစ်​ဆိုင်​သို့ ​ခေါ်သွား​လေ၏။

ဆိုင်​ထဲမဝင်​မီ ၄င်းတို့နှစ်​ဦး အထဲတွင်​ထိုင်​မည်​၊ အပြင်​တွင်​ထိုင်​မည်​ဟု ငြင်းခုံ​နေကြ​လေ၏။ ကျွန်​​တော်​က​တော့ အသာ​လေးကြည့်​ယင်း ပြုံး​နေမိ၏။

ငြင်းခုံ၍အပြီး အထဲတွင်​ထိုင်​မည်​ဟု ဆုံးဖြတ်​လိုက်​ကြပြီး အထဲတွင်​ထိုင်​ကြ​လေ၏။ သူငယ်​ချင်းမှစပြီး…

“ကိုဇာနည်​… မနက်​ဖြန်​ Oral ​ဖြေဖို့ ကျွန်​​တော်​တို့နှစ်​​ယောက်​ ​အောင်​မ​အောင်​ကြည့်​​ပေးပါဦး..”

” မင်း​… ​အောင်​မယ်​… သူ… ကျလိမ့်​မယ်​…”

” ဟာ… မတွက်​ဘဲ ဘယ်​လို​ဟောလိုက်​တာလဲ…”

” မင်းက အထဲမှာထိုင်​မယ်​​ပြောလို့ မင်း​အောင်​လိမ့်မယ်​… သူက အပြင်​မှာထိုင်​မယ်​​ပြောလို့ သူကျလိမ့်​မယ်​….”

အောင်​စာရင်းများထွက်​ပြီးသည့်​ သကာလ…သူငယ်​ချင်းသည်​​အောင်​၍ ၄င်း၏သူငယ်​ချင်းမှာ ကျ​လေ၏။

နောက်​မှသိရသည်​မှာ ၄င်း၏သူငယ်​ချင်းသည်​ အလွန်​စည်းကမ်းကြီး​သော DMA စာ​မေးပွဲအား ​နောက်​ကျမှ​ရောက်​ခဲ့၍ဟု သိရ​လေ၏။

” သ​ဗ္ဗေသတ္တာ ကမ္မသကာ…”

Facebook: Sayar Zar Ni

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: