သမ္မတကြီး ကျမ်းကျိန်တဲ့အခါဇာတာမှာ တနင်္လာဂြိုဟ်နဲ့ နောက်ပြန်သွား (ဝကြကျင့်) နေတဲ့ စနေဂြိုဟ်တို့ ဗြိစ္ဆာရာသီမှာ ပူးယှဉ်နေပါတယ်…
ကန်ဦးမူ အခါပေးပညာရပ်တွင် ဝကြကျင့် (နောက်ပြန်သွား) နေသော စနေဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့ တစ်ရာသီတည်း ရပ်နေသောကာလတွင် အခါမပေးကောင်းဟူ၍ ဖော်ပြထားလေရာ သမ္မတကြီး သက်တမ်းပြည့် တာဝန်ထမ်းဆောင်လိုစိတ်မရှိပဲ နှုတ်ထွက်သွားခြင်းကတော့ ဂြိုဟ်နက္ခတ်တို့၏ တိုက်ဆိုင်ခြင်းပေလော…။
ဘာပဲပြောပြော အနောက်တိုင်းနက္ခတ်ဗေင်မှာလည်း ဤဂြိုဟ်ပူးကို အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဘဝ၏ ဝမ်းနည်းဖွယ်ရာကာလများ စသည်ဖြင့် အကောင်းဟောမထားပါ…။
တတ်နိုင်ယင်တော့ တနင်္လာဂြိုဟ်နဲ့ အတည့်သွားနေတဲ့ စနေဂြိုဟ်တို့ တစ်ရာသီထဲပူးတဲ့နေ့တွေကိုတောင် ရှောင်သင့် ပါတယ်…။
ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း မေလ (၂၁၊ ၂၂၊ ၂၃) ရက်နေ့များ၊ ဇွန်လ (၁၇၊ ၁၈၊ ၁၉) ရက်နေ့များ၊ ဇူလိုင်လ (၁၄၊ ၁၅၊ ၁၆) ရက်နေ့များ၊ သြဂုတ်လ (၁၁၊ ၁၂၊ ၁၃) ရက်နေ့များ၊ စက်တင်ဘာလ (၇၊ ၈၊ ၉) ရက်နေ့များတွင် တနင်္လာဂြိုဟ်နှင့် ဝကြကျင့်နေသော စနေဂြိုဟ်တို့ ဓနုရာသီတွင် ပူးယှဉ်ကြမည်ဖြစ်ရာ ၄င်းရက်များအတွင်း အရေးကြီးသောအလုပ်များကို စတင်မလုပ်ဘဲ ရှောင်ရှားခြင်းဖြင့် မိတ်ဆွေအပေါင်း သရဖူဆောင်းနိုင်ကြပါစေ….။
ဆရာဇာနည်