တိုက္ခန္းဝယ္ရမလားႏွင့္ KP ပညာ (တိုက်ခန်းဝယ်ရမလားနှင့် KP ပညာ)

Condo

ကန္ထရိုက္တိုက္ခန္းေတြ အဝယ္လိုက္ေနတဲ့အခိ်န္မွာ မိတ္္ေဆြတစ္ဦး သူစဥ္းစားထားတဲ့ တိုက္ခန္းတစ္ခန္းကို ဝယ္သင့္ မဝယ္သင့္ ေမးလာလို႔ တြက္ၾကည့္ထားတာပါ။

(Unicode)

ကန်ထရိုက်တိုက်ခန်းတွေ အဝယ်လိုက်နေတဲ့အချိန်မှာ မိတ်ဆွေတစ်ဦး သူစဉ်းစားထားတဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်သင့် မဝယ်သင့် မေးလာလို့ တွက်ကြည့်ထားတာပါ။
Astro Data

Date: 05-10-2014 (Sun)

Time: 22:05:00

Given No. 17.

Place: Hadong, Korea. 127d 49m 24s (East)/ 34d 56m 31s (North)

Query: ရည္ရြယ္ထားတဲ့တိုက္ခန္း ဝယ္သင့္သလား?

(ရည်ရွယ်ထားတဲ့တိုက်ခန်း ဝယ်သင့်သလား?)

အထက္ပါ Astro Data မ်ားကို KP ဟူးရားဇာတာဖြဲ႔လွ်င္ ေအာက္ပါဇာတာကို ရရွွိပါမည္-

(အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျှင် အောက်ပါဇာတာကို ရရှှိပါမည်-)

KSM (Buy Apartment).jpg

Hints & Rules

အိမ္၊ တိုက္ခန္းတို႔ကို ဝယ္မယ္ဆိုယင္ ၄-တန္႔ Cuspal Sub Lord (CSL) ကို သံုးသပ္ရပါမယ္။ ၄-တန္႔ CSL သည္ ဝၾကမသြားရ၊ ဝၾကသြားေသာ ၿဂိဳဟ္ပိုင္နကၡတ္ကို မစီးရ။

အကယ္၍ ၄-တန္႔ CSL သည္ ဝၾက(ေနာက္ျပန္)သြားျခင္း၊ ဝၾကသြားေသာ ၿဂိဳဟ္ပိုင္နကၡတ္တို႔ကို စီးနင္းခဲ့လွ်င္ ဝယ္ျဖစ္မည္ မဟုတ္ေပ။

မဝယ္ျဖစ္ဟုဆိုျခင္းထက္ ဆုတ္ယုတ္ေနေသာၿဂိဳဟ္ျဖစ္ေသာေၾကာင့္ မဝယ္သင့္ဟုဆိုက ပိုမွန္ေပလိမ့္မည္။ အဆိုပါ အိမ္၊ တိုက္ခန္းမ်ိဳးကို ဝယ္ယူျခင္းျဖင့္ သင့္အတြက္ အက်ိဳးရွိလိမ့္မည္ မဟုတ္ေပ။ ဥပမာ- ဝယ္ၿပီးမွ ေစ်းထိုးက်သြားတာမ်ိဳး၊ ကန္ထရိုက္ေျပးသြားတာမ်ိဳး၊ ေရာင္းမထြက္ျခင္းမ်ိဳးမ်ား ျဖစ္တတ္သည္။

အကယ္၍ ဝၾကမသြားမွသာလွ်င္ ျမတ္မွာလား၊ ရႈံးမွာလား၊ ခိုက္မွာလားစသည့္ အျခားအခ်က္မ်ားကို ဆက္လက္ၾကည့္သင့္ေပသည္။

(Unicode)

အိမ်၊ တိုက်ခန်းတို့ကို ဝယ်မယ်ဆိုယင် ၄-တန့် Cuspal Sub Lord (CSL) ကို သုံးသပ်ရပါမယ်။ ၄-တန့် CSL သည် ဝကြမသွားရ၊ ဝကြသွားသော ဂြိုဟ်ပိုင်နက္ခတ်ကို မစီးရ။
အကယ်၍ ၄-တန့် CSL သည် ဝကြ(နောက်ပြန်)သွားခြင်း၊ ဝကြသွားသော ဂြိုဟ်ပိုင်နက္ခတ်တို့ကို စီးနင်းခဲ့လျှင် ဝယ်ဖြစ်မည် မဟုတ်ပေ။
မဝယ်ဖြစ်ဟုဆိုခြင်းထက် ဆုတ်ယုတ်နေသောဂြိုဟ်ဖြစ်သောကြောင့် မဝယ်သင့်ဟုဆိုက ပိုမှန်ပေလိမ့်မည်။ အဆိုပါ အိမ်၊ တိုက်ခန်းမျိုးကို ဝယ်ယူခြင်းဖြင့် သင့်အတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။ ဥပမာ- ဝယ်ပြီးမှ ဈေးထိုးကျသွားတာမျိုး၊ ကန်ထရိုက်ပြေးသွားတာမျိုး၊ ရောင်းမထွက်ခြင်းမျိုးများ ဖြစ်တတ်သည်။
အကယ်၍ ဝကြမသွားမှသာလျှင် မြတ်မှာလား၊ ရှုံးမှာလား၊ ခိုက်မှာလားစသည့် အခြားအချက်များကို ဆက်လက်ကြည့်သင့်ပေသည်။
Analysis

အထက္ပါဇာတာတြင္ ၄-တန္႔ CSL သည္ ၄-ဟူးျဖစ္၍ ဝၾကသြားေန၏။ ထို႔ေၾကာင့္ မဝယ္ရန္အႀကံေပးခဲ့၏။ လက္ေတြ႕တြင္လည္း ကန္ထရိုက္မွ တိုက္ခန္းတစ္ခန္းလွ်င္ ႏွစ္ဦးသံုးဦးေရာင္းခဲ့၍ ထိုတိုက္မွအခန္းဝယ္ယူ သူမ်ား ျပႆနာတက္ၾကေလရာ ကၽြန္ေတာ့္ရဲ႕မိတ္ေဆြကေတာ့ ကံေကာင္းစြာျဖင့္ လြတ္သြားေလေတာ့၏။

နကၡတ္ပညာရွင္သည္သာ မျမင္ရသည့္ အနာဂတ္ကံၾကမၼာကို ႀကိဳတင္ျမင္ရေသာေၾကာင့္ နားလည္ တတ္ကၽြမ္းသည့္ နကၡတ္ပညာရွင္မ်ားႏွင့္သာ တိုင္ပင္၍ ေရြးခ်ယ္ဝယ္ယူသင့္ပါေၾကာင္း အႀကံျပဳတင္ျပ လိုက္ပါသည္။

(Unicode)

အထက်ပါဇာတာတွင် ၄-တန့် CSL သည် ၄-ဟူးဖြစ်၍ ဝကြသွားနေ၏။ ထို့ကြောင့် မဝယ်ရန်အကြံပေးခဲ့၏။ လက်တွေ့တွင်လည်း ကန်ထရိုက်မှ တိုက်ခန်းတစ်ခန်းလျှင် နှစ်ဦးသုံးဦးရောင်းခဲ့၍ ထိုတိုက်မှအခန်းဝယ်ယူ သူများ ပြဿနာတက်ကြလေရာ ကျွန်တော့်ရဲ့မိတ်ဆွေကတော့ ကံကောင်းစွာဖြင့် လွတ်သွားလေတော့၏။

နက္ခတ်ပညာရှင်သည်သာ မမြင်ရသည့် အနာဂတ်ကံကြမ္မာကို ကြိုတင်မြင်ရသောကြောင့် နားလည် တတ်ကျွမ်းသည့် နက္ခတ်ပညာရှင်များနှင့်သာ တိုင်ပင်၍ ရွေးချယ်ဝယ်ယူသင့်ပါကြောင်း အကြံပြုတင်ပြ လိုက်ပါသည်။

FB: Sayar Zar Ni

1493497975103

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s