——————————————-
(Unicode)
အမေရိကန်သမ္မတ Donald Trump ရဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတသက်တမ်းဟာ 2021-ခုနှစ်၊ Jan- လမှာ ပုံမှန်အားဖြင့် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်…။
ဒါကြောင့် Donald Trump သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်မလားဆိုတာကို KP ပညာနဲ့ သုံးသပ်တင်ပြပေးပါမယ်…။
ယခုဖော်ပြထားတဲ့ KP ဟူးရားဇာတာမှာ အလုပ်နဲ့ဆိုင်တဲ့ ၁၀-တန့် CSL ဟာ ၆-ကြာဖြစ်ပြီး၊ ၆-ကြာနက္ခတ်ကို ပြန်စီးထားပါတယ်…။
ပေးဂဏန်းလဂ်ရဲ့ CSL ဟာလည်း ၆-ကြာဖြစ်ပြီး၊ ၂-င်္လာဂြိုဟ်စီးထားတဲ့ နက္ခတ်သခင်လည်း ဖြစ်နေတာကြောင့် “ဂူဗာဂါးသီအိုရီ” နဲ့လည်း ကိုက်ညီနေပါတယ်…။
၆-ကြာဟာ ၁၁-တန့်သခင်ဖြစ်တဲ့အတွက်ကြောင့် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လက်ရှိထမ်းဆောင်နေတဲ့ သမ္မတသက်တမ်းပြည့် ထမ်းဆောင်နိုင်ပါလိမ့်မယ်…။ (No doubt!)
——————————————————————-
(Unicode)
ဇာတာတွေကို ဟောတဲ့နေရာမှာ မွေးချိန်ပေါ်အခြေခံတဲ့ မူလဇာတာနဲ့၊ မေးချိန်ပေါ်မှာ အခြေခံတဲ့ ဟူးရားဇာတာဆိုပြီး နှစ်မျိုးရှိတယ်…။
ဒီလို Case မျိုးမှာဆို ဟူးရားဇာတာကသာလျှင် Clear-Cut Solution လို့ခေါ်တဲ့ ရှင်းလင်းပြတ်သားတဲ့အဖြေကို ပေးနိုင်မှာဖြစ်တယ်…။
ဒသာတွေကိုကြည့်ပြီးတော့လည်း ဘယ်အချိန်တွေမှာ ကောင်းမယ်၊ ဘယ်အချိန်တွေမှာ မကောင်းဘူးလို့လည်း ပြောလို့ရတယ်…။
မူလဇာတာနဲ့ဟောမယ်ဆိုရင် ဒသာတွေ၊ ကောဇာတွေ ကြည့်ရမယ်…။ စားနေတဲ့ ထူလဒသာနဲ့ အန္တရဒသာတို့ ညီညွတ်,မညွတ်တွေကိုလည်း ထည့်စဉ်းစားရဦးမယ်…။ အဖြေကလည်း ပြတ်သားဖို့ မလွယ်နိုင်ဘူး…။
အခုဆိုရင် ဟူးရားဗေဒင်ဟာ အနောက်တိုင်းသားတို့ရဲ့ အသည်းစွဲဖြစ်နေတာကိုလည်း တွေ့ရတယ်…။
ရှေးမြန်မာမင်းတွေ လက်ထက်ကလည်း သူတို့သိချင်တာနဲ့ ဘေးနားက ပညာရှင်ကို “Enter” ခေါက်လိုက်တာပဲ…။ ဘေးနားက ပညာရှင်ကလည်း ဟူးရားပညာနဲ့ပဲ လက်တန်းဟောကြတာများတယ်…။
ဆရာဇာနည္
B.E.(CIVIL)
09 2500 61346.