MOODY

အေမရိကန္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲေတာ့ နီးလာၿပီ…။

ႏိုင္ငံေရးလုပ္တယ္ဆိုတာ တကယ္ဝါသနာပါလို႔လုပ္တာလား၊ ေစတနာပါလို႔လုပ္တာလား၊ စိတ္ကူးယဥ္ၿပီး လုပ္တာလားဆိုတာကို ေဗဒင္ပညာရွင္က ေကာင္းေကာင္းသိပါတယ္…။

အထူးသျဖင့္ အာဏာနဲ႔ပတ္သက္ရင္ လူေတြဟာ ပိုၿပီး႐ူးသြပ္တတ္ၾကတယ္…။

အကယ္၍မ်ား ကြၽန္ေတာ္က… ” ေနာက္တက္မယ့္သမၼတဟာ ေသာၾကာနာမည္ရွင္ပါ” လို႔ေျပာလိုက္ရင္ ေသာၾကာနာမည္ရွင္ျဖစ္တဲ့….” ဟီလာရီကလင္တန္” ကလည္း ထၿပီးစိတ္ကူးယဥ္ဦးမွာပါပဲ…။

အဲဒီမွာဘာျဖစ္လဲဆိုေတာ့ စိတ္ကူးယဥ္တဲ့အတိုင္း ျဖစ္မလာရင္ အခ်ိန္ကုန္၊ ေလကုန္၊ ေငြကုန္တာပဲ အဖတ္တင္တာေပါ့…။

ဥပမာ- ဟီလာရီကလင္တန္ သမၼတေ႐ြးေကာက္ပြဲဝင္တယ္၊ ႐ႈံးတယ္… အခ်ိန္ကုန္တယ္၊ ေလကုန္တယ္၊ ပိုက္ဆံကုန္တယ္…။

တကယ္ျဖစ္သင့္တာက ေဗဒင္ပညာရွင္နဲ႔အရင္တိုင္ပင္…။ ႐ွံုးမယ္လို႔အေျဖထြက္ရင္ စုစုေပါင္းကုန္က်စရိတ္ကို ေဗဒင္ဆရာနဲ႔ တစ္ေယာက္တစ္ဝက္ ခြဲေဝယူလိုက္…။ ေ႐ြးေကာက္ပြဲမဝင္နဲ႔…။ ဒါဆိုရင္ အခ်ိန္လည္းမကုန္၊ ေလလည္းမကုန္၊ ေငြလည္းမကုန္တဲ့အျပင္ တစ္ဝက္ေတာင္ျမတ္ေသးတယ္ မဟုတ္ပါလား….။

(ပံုမွအေရာင္သည္ ပို႔စ္ႏွင့္မသက္ဆိုင္ပါ…)
——————————————————————-
(Unicode)
အမေရိကန်မှာ ၂၀၂၀ ရွေးကောက်ပွဲတော့ နီးလာပြီ…။

နိုင်ငံရေးလုပ်တယ်ဆိုတာ တကယ်ဝါသနာပါလို့လုပ်တာလား၊ စေတနာပါလို့လုပ်တာလား၊ စိတ်ကူးယဉ်ပြီး လုပ်တာလားဆိုတာကို ဗေဒင်ပညာရှင်က ကောင်းကောင်းသိပါတယ်…။

အထူးသဖြင့် အာဏာနဲ့ပတ်သက်ရင် လူတွေဟာ ပိုပြီးရူးသွပ်တတ်ကြတယ်…။

အကယ်၍များ ကျွန်တော်က… ” နောက်တက်မယ့်သမ္မတဟာ သောကြာနာမည်ရှင်ပါ” လို့ပြောလိုက်ရင် သောကြာနာမည်ရှင်ဖြစ်တဲ့….” ဟီလာရီကလင်တန်” ကလည်း ထပြီးစိတ်ကူးယဉ်ဦးမှာပါပဲ…။

အဲဒီမှာဘာဖြစ်လဲဆိုတော့ စိတ်ကူးယဉ်တဲ့အတိုင်း ဖြစ်မလာရင် အချိန်ကုန်၊ လေကုန်၊ ငွေကုန်တာပဲ အဖတ်တင်တာပေါ့…။

ဥပမာ- ဟီလာရီကလင်တန် သမ္မတရွေးကောက်ပွဲဝင်တယ်၊ ရှုံးတယ်… အချိန်ကုန်တယ်၊ လေကုန်တယ်၊ ပိုက်ဆံကုန်တယ်…။

တကယ်ဖြစ်သင့်တာက ဗေဒင်ပညာရှင်နဲ့အရင်တိုင်ပင်…။ ရှုံးမယ်လို့အဖြေထွက်ရင် စုစုပေါင်းကုန်ကျစရိတ်ကို ဗေဒင်ဆရာနဲ့ တစ်ယောက်တစ်ဝက် ခွဲဝေယူလိုက်…။ ရွေးကောက်ပွဲမဝင်နဲ့…။ ဒါဆိုရင် အချိန်လည်းမကုန်၊ လေလည်းမကုန်၊ ငွေလည်းမကုန်တဲ့အပြင် တစ်ဝက်တောင်မြတ်သေးတယ် မဟုတ်ပါလား….။

(ပုံမှအရောင်သည် ပို့စ်နှင့်မသက်ဆိုင်ပါ…)

Sayar Zar Ni

B.E.(CIVIL)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s