TZ
KP ပညာမှာလည်း ကျွန်​​တော့်​ရဲ့မူအရ စီးပွား​ရေးနဲ့ပတ်​သက်​ရင်​ ၂-တန့်​ (ဝင်​​ငွေ)၊ ၁၁-တန့်​ (လာဘ) ဇာတ်​​ဆောင်​ဂြိုဟ်​​တွေရှာပြီး ၄င်းတို့ရဲ့ပရိယာယ်​အတိုင်း ​ဟောပါမယ်​…။
Sayar Zar Ni
B.E.(CIVIL)
09- 2500 61346
(Unicode)
ဆရာကြီးဦးမြင့်စိန်၏ ပို့ချချက်ဖြစ်တဲ့ “စီးပွားရေးနဲ့ပတ်သက်ရင် ၁၀-တန့်ဘာဝသခင်ဂြိုဟ်စီးတဲ့ နဝင်းသခင်ဂြိုဟ်ရဲ့ပရိယာယ်အတိုင်းဟောလေ…” ဆိုတဲ့အတိုင်း-
ဒီဇာတာမှာ ၁၀-တန့်ဘာဝသခင်ဂြိုဟ်သည် ၆-ကြာဂြိုဟ်ဖြစ်ပြီး ၂-င်္လာနဝင်းကိုစီးထားကာ ၂-င်္လာဂြိုဟ်ရဲ့ အမြင်ကိုခံထားရပါတယ်…။
နဝင်းဇာတာမှာ ၂-င်္လာနဲ့ ၆-ကြာတို့ အိမ်ချင်းလဲရပ်ထားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်…။
၂-င်္လာရော၊ ၆-ကြာဂြိုဟ်တွေက အာပေါဂြိုဟ်လို့ခေါ်တဲ့ ရေဂြိုဟ်တွေဖြစ်ပါတယ်…။ ဒါ့အပြင် သူတို့ဟာ ရသာရုံဂြိုဟ်တွေလည်းဖြစ်ပါတယ်…။
ဖလဒိပိကာကျမ်းအလိုအရ ၂-င်္လာဂြိုဟ်ပရိယာယ်တွေက- ” ဖြူသောအဆင်း၊ ယပ်တောင် (ပန်ကာ၊ Air Cooler၊ Air Con.)၊ ထီး၊ သစ်သီးဝလံ၊ ပန်းမာလ်၊ ကောက်ပဲသီးနှံ၊ လယ်ယာလုပ်ငန်း၊ ပုလဲရတနာ၊ ဖြူသောသတ္တု၊ ဘော်၊ ငွေ၊ ချိုသောအရသာနှင့် ပျားရည်စသော အရာဝတ္ထု၊ နွားနို့၊ အဝတ်အထည်၊ ရေ၊ ကောင်းသောခဲဘွယ်ဘောဇဉ်” တို့ဖြစ်ပါတယ်….။
ဒါကြောင့်မို့ အထက်ကလုပ်ငန်းတွေကို လုပ်ကိုင်ရမည်ဆိုသည့်အတိုင်း ဇာတာရှင်ဟာ “ကောင်းသောခဲဘွယ်ဘောဇဉ်” တွေကို ရောင်းချပြီး အောင်မြင်နေတဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါတယ်…။
၂-င်္လာဂြိုဟ်ကို ရေဂြိုဟ် ၆-ကြာကမြင်တယ်…။ ဒါပေမယ့် ပထဝီရာသီမှာရပ်ပြီး မြင်တာဖြစ်တယ်…။ ဒါဟာ COCA-COLA တို့လို အရည်စစ်စစ် Liquid State ကို ညွှန်းတာမဟုတ်ဘူးဆိုတာကို နားလည်ရမယ်…။ စရရာသီမှာရပ်ပြီး မြင်တာဖြစ်လို့ အရည်ပေမယ့် ICE လိုမျိုး Solid State ကို ညွှန်းတာမဟုတ်ဘူးဆိုတာကိုလည်း နားလည်ရမယ်…။
KP ပညာမှာလည်း ကျွန်တော့်ရဲ့မူအရ စီးပွားရေးနဲ့ပတ်သက်ရင် ၂-တန့် (ဝင်ငွေ)၊ ၁၁-တန့် (လာဘ) ဇာတ်ဆောင်ဂြိုဟ်တွေရှာပြီး ၎င်းတို့ရဲ့ပရိယာယ်အတိုင်း ဟောပါမယ်…။
ဒီဇာတာမှာ ၂-တန့်မှာရပ်ဂြိုဟ်မရှိပါဘူး…။ ပိုင်ရှင်က ၄-ဟူးပါ…။ ၂-င်္လာတစ်လုံးတည်းက ၄-ဟူးနက္ခတ်ကိုစီးထားတော့ ၂-င်္လာက ၂-တန့် ဘာဝဇာတ်ဆောင်ဖြစ်ပါတယ်…။
၁၁-တန့်ဘာဝမှာ ၂-င်္လာဂြိုဟ်ရပ်ပြီး ၆-ကြာတစ်လုံးတည်းက ၂-င်္လာနက္ခတ်ကိုစီးထားလို့
၁၁-တန့်ဘာဝဇာတ်ဆောင်တွေက ၂-င်္လာနဲ့ ၆-ကြာတို့ဖြစ်ပါတယ်…။
ဒါကြောင့်မို့ KP ပညာနဲ့ လက်ရိုးပညာတို့ ကိုက်ညီမှုရှိပါတယ်…။
ယခုလောလောဆယ်မှာတော့ ဇာတာရှင်ရဲ့ နက္ခတ် ၆-ပါးထဲက “မာနသနက္ခတ်- Manas” ကို ကောဇာ ၈-ဟုစီးထားပါတယ်….။
ဒါကြောင့်မို့ 2.9.2019 မှ 20.5.2020 အတွင်း မာနသနက္ခတ်ကို ပါပဂြိုဟ်စီးတဲ့ ပရိယာယ်တွေဖြစ်တဲ့ ” မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ စီးပွားရေးကံ မကောင်းသေးခြင်း၊ အလုပ်အကိုင်များတွင် စိတ်အနှောင့်အယှက်များ ကြုံရတတ်ခြင်း၊ အတွင်းရန်နှင့် အပြင်ရန်များကို ကြုံရတတ်ခြင်း” စသော အဟောများကို ကြုံတွေ့ရပါမယ်…။
(မှတ်ချက်။ ။ ဤကာလအတွင်းမှာပဲ အိမ်ထောင်ကွဲခဲ့ပါတယ်။)
ဒါပေမယ့် ယောဂကာရကဂြိုဟ်ကြီးဖြစ်တဲ့ ၃-င်္ဂါဂြိုဟ်ဒသာစားမယ့် (20.2.2025 မှ 20.2.2032) အတွင်းမှာတော့ ယခုထက်ပိုမို၍ ကံကောင်းလိမ့်မည်ဖြစ်ပါကြောင်း…။
(FB ပေါ်တွင် ရေးသားခဲ့သောပို့စ်ဖြစ်ပါသည်။)
Sayar Zar Ni
B.E.(CIVIL)
09- 2500 61346
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s