ဗေဒင်လမ်း

ကျွန်ုပ်တို့ငယ်ရွယ်စဉ်က အိမ်နားတွင် ဦးမျိုးအောင်ဆိုသော မြန်မာတိုင်းရင်းဆေးဆရာကြီးတစ်ဦး နေထိုင်လေ၏။

ဆရာကြီးသည် “ကင်ဆာအထူးကုသည်” ဟုကြော်ငြာထားရာ ဆေးရုံမှလက်လွှတ်လိုက်သော ကင်ဆာဝေဒနာရှင်များသည် ဆရာကြီးထံသို့ လာရောက်ကုသကြလေကုန်၏။

မကြာမီအချိန်အတွင်းမှာပင် ” ဆရာကြီးဦးမျိုးအောင်ဆီရောက်ရင် အကုန်သေတာပဲ” ဟုနာမည်ကြီးသွားလေတော့၏။

အမှန်ကတော့ ဆေးရုံကလက်လွှတ်လိုက်သော လူနာများ သေမည်ဆိုတာ ဆရာကြီးသေချာပေါက်သိပါလိမ့်မည်။

သို့သော် ဆရာကြီးသည် ဂရုဏာဖြင့် နောက်ဆုံးအချိန်ထိ ရလိုရငြား အစွမ်းကုန်ကုသပေးခြင်း ဖြစ်ပေလိမ့်မည်။
——————————————————————————————————————————————-

ကျွန်ုပ်တို့ဗေဒင်လောကတွင်လည်း အလားတူဖြစ်၏။ ရောဂါကျွမ်းမှ ရောက်လာကြသူများ၏။

အိမ်ထောင်ကွဲမလားဟုမေးသော် “ကွဲမည်” ဟု ပြတ်ပြတ်သားသားဖြေသော ဗေဒင်ဆရာသည် သူ့ဘာသာသူ ဆယ်ခါပြန်ကွဲကွဲ နာမည်ပျက်ကိန်းမရှိ။

မကွဲစေလိုသောစိတ်ဖြင့် လှည့်ပတ်ကြည့်ရှု အကြံပေးမိသော် အထက်ကဆေးဆရာကြီးအတိုင်း နာမည်ပျက်ဖို့သာ ရှိလေတော့၏။

ထို့ကြောင့် ဗေဒင်ဆရာများအနေဖြင့် ဘယ်လမ်းကို လိုက်သင့်သည်ကို စဉ်းစားသင့်ပါကြောင်း…

Sayar Zar Ni (KP)

B.E.(Civil)

Mobile: 09 2500 61346

Facebook: Zar Ni

https://www.facebook.com/sayauzarni.kp/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s