စင်္ကာပူ အစိုးရကျောင်းဝင်ခွင့်

စင်္ကာပူမှာနေတဲ့ညီမလေး…

သူ့သားလေး စင်္ကာပူအစိုးရကျောင်းမှာ ဝင်ခွင့်ရမရမေးလာလို့ တားရော့ကဒ်ဆွဲကြည့်တာ The Strength ကဒ်ကျပါတယ်။

ကဒ်ထဲမှာက အမျိုးသမီးက ခြင်္သေ့ကို ပွတ်ပေးနေတဲ့ပုံလေး…။

ညီမကိုတော့ ရန်ကုန်မှာနေတယ်ထင်လို့ ပညာရေးနဲ့ဆိုင်တဲ့ ကြာဿပတေးနေ့ မနက်စောစော ရွှေတိဂုံစေတီတော်၊ အင်္ဂါထောင့် (ခြင်္သေ့ထောင့်) မှာ ကြာဿပတေးနံ မေမြို့ ၁၉ပွင့် လှူခိုင်းလိုက်တယ်။

သူက စင်္ကာပူမှာ နေနေတယ်ပြောတော့ စင်္ကာပူမှာက စေတီကလည်းမရှိ (စေတီရှိမရှိ အတိအကျမသိပါ။)

ဒီလိုနဲ့ ကြံရင်းဖန်ရင်းစဥ်းစားရင်း နာမည်ကျော် အင်္ဂဝိဇ္ဇာပညာရပ်ကြီးထဲက “ထိကြဓာတ်ပစ္စည်း” အခန်းကို သွားပြီးသတိရလေတော့ စင်္ကာပူက ခြင်္သေ့ရုပ်ကြီးကို သွားပြီးသတိရလိုက်တယ်။

အဲဒါနဲ့ပဲ တားရော့ကဒ်နိမိတ်လည်းပါအောင်၊ အင်္ဂဝိဇ္ဇာပညာရပ်ကြီးလည်း မလွတ်ရလေအောင်-

{ပညာရေးနဲ့ဆိုင်တဲ့ ကြာဿပတေးနေ့ မနက်စောစောမှာ စင်္ကာပူက ခြင်္သေ့ရုပ်ကြီးဆီသွားပြီး မိခင်ကိုယ်တိုင် ခြင်္သေ့ကြီးကို အိမ်မွေးတိရိစ္ဆာန်လို ပွတ်ပေးရင်းနဲ့-

“သားလေး စင်္ကာပူ အစိုးရကျောင်းမှာ ကျောင်းတက်ခွင့်ရအောင် စောင့်ရှောက်ပေးပါ” လို့ ပြောဆိုရန် လမ်းညွှန်ပေးလိုက်ပြီးသည့် သကာလ…

ဝင်ခွင့်ရရှိကြောင်း အကြောင်းပြန်လာသည်ပေါ့ခင်ဗျာ…

(အားလုံး အဆင်ပြေကြပါစေ…)

ခြင်္သေ့ပုံကတော့ စင်္ကာပူကညီမ အဲဒီမနက်က ရိုက်ထားတဲ့ပုံပါ။

Sayar Zar Ni

09 2500 61346

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s