Birth Time Rectification (မွေးချိန်ရှာဖွေခြင်း)

🕹️အမေရိကန်သမ္မတရွေးကောက်ပွဲကြီးနီးလာပေပြီ။ မြန်မာပြည်မှ ဗေဒင်အကျော်အမော်တို့ ဟီလာရီ ကလင်တန်ကြောင့် ခေါင်းကိုက်ရ၏။
အကြောင်းမူကား သူမ၏ မွေးချိန်၂ခု၊ သို့မဟုတ် ၃ခု ထွက်လာသောကြောင့်တည်း။
ဟီလာရီကလင်တန်အား ၁၉၄၇ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် Chicago, Illinois, USA တွင်မွေးဖွားခဲ့၏။
မွေးချိန်ကတော့ (08:02)AM , (08:00) PM ဟု နှစ်မျိုးထွက်နေ၏။ (02:18)AM မွေးသည်ဟုလည်း သိရသေး၏။
•မွေးချိန်မသိရင်တော့ မွေးချိန်ရှာရပေမည်။

KP Rule for Birth Time Rectification

• မေးချိန်ရှိ စိုးမိုးဂြိုဟ်များသည် မွေးချိန်ရှိစိုးမိုးဂြိုဟ်များ (Ruling Planets) များနှင့် တူသည်ဟု ဆရာကြီး KSK က ဖော်ပြခဲ့၏။
• 27.10.2016 နေ့၊ 15:23 နာရီ၊ ရန်ကုန်မြို့အတွက် စိုးမိုးဂြိုဟ်များ တွက်ထုတ်လိုက်သော် အောက်ပါအတိုင်း ရရှိ၏။

(၁) လဂ်သခင်- ကြာဿပတေး
(၂) လဂ်စီးနက္ခတ်- ကြာဿပတေး
(၃) လဂ်စီးဘုတ္တိ- တနင်္လာ
(၄) စန်းသခင်- ဗုဒ္ဓဟူး
(၅) စန်းစီးနက္ခတ်- တနင်္ဂနွေ
(၆) နေ့သခင်- ကြာဿပတေး
စိုးမိုးဂြိုဟ်များရပြီးနောက် ဟီလာရီကလင်တန်၏ မွေးချိန်ရှိ စိုးမိုးဂြိုဟ်များနှင့် တိုက်စစ်ရဦးမည်။

🍊(A) မွေးချိန် (08:02)AM ရှိ စိုးမိုးဂြိုဟ်များ
(၁) လဂ်သခင်- သောကြာ(တူ)
(၂) လဂ်စီးနက္ခတ်- ကြာဿပတေး
(၃) လဂ်စီးဘုတ္တိ- တနင်္ဂနွေ
(၄) စန်းသခင်- စနေ(ကုမ်ရာသီ)
(၅) စန်းစီးနက္ခတ်- ကြာဿပတေး
(၆) နေ့သခင်- တနင်္ဂနွေ

👉#(B) မွေးချိန် (08:00)PM ရှိ စိုးမိုးဂြိုဟ်များ
(၁) လဂ်သခင်- ဗုဒ္ဓဟူး(မေထုန်)
(၂) လဂ်စီးနက္ခတ်- ရာဟု
(၃) လဂ်စီးဘုတ္တိ- ရာဟု
(၄) စန်းသခင်- ကြာဿပတေး(မိန်ရာသီ)
(၅) စန်းစီးနက္ခတ်- စနေ
(၆) နေ့သခင်- တနင်္ဂနွေ

ဒီနှစ်ချိန်ထဲက စိုးမိုးဂြိုဟ်တိုက်ဆိုင်မှုတွေကို ကြည့်မယ်ဆိုရင် ကလင်တန်ရဲ့မွေးချိန်ဟာ မနက် (08:02)AM ပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်နေ့ 8.11.2016 မှာတော့ တနင်္ဂနွေထူလ၊ ရာဟုဘုတ္တိ၊ ကိတ်အန္တရဒသာစားမှာဖြစ်ပါတယ်။

ဝဿဖလ(Varshphal) နှစ်တိုးဇာတာနဲ့ကြည့်ရင်လည်း သူ့ရဲ့မန်ဿ(Muntha) ဟာ ၁၂-တန့်မှာရောက်နေပါတယ်။
၁၂-တန့်ရပ် မန်သအဟောများ
ထိန်းချုပ်၍မရနိုင်အောင် ကုန်ကျစရိတ်များပြားမည်။ ပစ္စည်းဥစ္စာများ ဆုံးရှုံးမည်။ ငွေကြေးအကြပ်အတည်းကြုံမည်။ အပေါင်းအသင်းမှား၍ ဒုစရိုက်ပြုတတ်သည်။ ကြိုးစားလုပ်ကိုင်သော်လည်း အချည်းနှီးဖြစ်တတ်သည်။ မကြည်မသာဖြစ်မည်။ ပြောင်းရွှေ့ဖယ်ရှားခြင်းခံရမည်။ နိုင်ငံခြားတွင် ဆင်းရဲဒုက္ခရောက်တတ်သည်။
ကောဇာ(Transit )ကို အသာထားလို့ ဒသာနဲ့ကြည့်ရင်လည်း ဒသာသခင် (၃)လုံးစလုံး အားနည်းနေပါကြောင်း……

Leave a comment