ကျွန်တော်နှင့် နိမိတ်ဟောကိန်းများ- ၂

ကျွန်တော်နှင့်နိမိတ်ဟောကိန်းများ-၁ မှ သူငယ်ချင်း 3E ရေးဖြေအောင်ပြီးနောက် နှုတ်ဖြေ (Oral) စာမေးပွဲဖြေခါနီး တစ်ရက်အလိုတွင် ၎င်းနှင့်အတူ Oral ဖြေမည့် စာအတူကြည့်နေသော သူငယ်ချင်းတစ်ဦးကိုပါခေါ်လာ၍ ကျွန်တော့်အား ကြေးအိုးဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေ၏။

ဆိုင်ထဲမဝင်မီ ၎င်းတို့နှစ်ဦး အထဲတွင်ထိုင်မည်၊ အပြင်တွင်ထိုင်မည်ဟု ငြင်းခုံနေကြလေ၏။ ကျွန်တော်ကတော့ အသာလေးကြည့်ယင်း ပြုံးနေမိ၏။

ငြင်းခုံ၍အပြီး အထဲတွင်ထိုင်မည်ဟု ဆုံးဖြတ်လိုက်ကြပြီး အထဲတွင်ထိုင်ကြလေ၏။ သူငယ်ချင်းမှစပြီး…

“ကိုဇာနည်… မနက်ဖြန် Oral ဖြေဖို့ ကျွန်တော်တို့နှစ်ယောက် အောင်မအောင်ကြည့်ပေးပါဦး..”

” မင်း… အောင်မယ်… သူ… ကျလိမ့်မယ်…”

” ဟာ… မတွက်ဘဲ ဘယ်လိုဟောလိုက်တာလဲ…”

” မင်းက အထဲမှာထိုင်မယ်ပြောလို့ မင်းအောင်လိမ့်မယ်… သူက အပြင်မှာထိုင်မယ်ပြောလို့ သူကျလိမ့်မယ်….”

အောင်စာရင်းများထွက်ပြီးသည့် သကာလ…သူငယ်ချင်းသည်အောင်၍ ၎င်း၏သူငယ်ချင်းမှာ ကျလေ၏။

နောက်မှသိရသည်မှာ ၎င်း၏သူငယ်ချင်းသည် အလွန်စည်းကမ်းကြီးသော DMA စာမေးပွဲအား နောက်ကျမှရောက်ခဲ့၍ဟု သိရလေ၏။

” သဗ္ဗေသတ္တာ ကမ္မသကာ…”

ဆရာဇာနည်

Leave a comment